Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အခက်ခဲများ မဖြေရှင်းနိုင်ပါက ပလက်ဝမြို့နယ် ကြားကာလပညာရေးလုပ်ငန်း ဖော်ဆောင်နိုင်ခြေမရှိဟု PTEB ကဆို

အခက်ခဲများ မဖြေရှင်းနိုင်ပါက ပလက်ဝမြို့နယ် ကြားကာလပညာရေးလုပ်ငန်း ဖော်ဆောင်နိုင်ခြေမရှိဟု PTEB ကဆို

0
By Editor on April 26, 2023 Headline

ပလက်ဝမြို့နယ်အတွင်း ကြားကာလ ပညာရေးလုပ်ငန်း ဆောင်ရွက်မှုမှာ အခက်ခဲ စိန်ခေါ်မှုတွေနှင့် ကြုံတွေ့နေရပြီး မဖြေရှင်နိုင်ပါက ၂၀၂၃-၂၄ ပညာသင်နှစ် ဆက်လက်အကောင်ထည်ဖော်ဆောင်ဖို့အတွက် ခက်ခဲနိုင်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဆိုသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၀ ကျော်ရှိသည့်အနက် ပလက်ဝ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားနယ်မြေ (Paletwa-CDF Control Area) အတွင်း ကျေးရွာပေါင်း ၆၅ ရွာနှင့် လွတ်မြောက်နယ်မြေရောက် စစ်ဘေးရှောင်စခန်း ၉ ခုတို့တွင် ကြားကာလ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ Paletwa Township Education Board (PTEB) မှ ပြည်သူ့အခြေပြုကျောင်းများကို ဖွင့်လင့်ထားခြင်းဖြစ်သည်။

နိုင်ငံရေး ပဋိပက္ခများကြောင့် ကလေးများ၏ ပညာသင်ယူခွင့် ဆုံးရှုံးလာသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်မှာ ကြားကာလပညာရေးလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ခဲ့သော်လည်း ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/မ ၁၀ ရာနှုန်းကသာ CDM ပါဝင်ခြင်းများနဲ့ စေသနာ့ဝန်ထမ်းများမှ ကျောင်းပညာ သင်းရိုးတန်း စနှစ်သစ်များကို သင်ကြားပို့ချရာတွင် အခက်ခဲများနဲ့ ကြုံတွေ့နေရကြောင်း PTEB အဖွဲ့တစ်ဦးက ဆိုသည်။

“အဓိကတော့ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာ CDM လုပ်တဲ့သူ အားနည်းတယ်။ အဲ့လိုမျိုး CDM နည်းတော့ အဓိက သင်ကြားရေးအားနည်းတယ်ပေါ့နော်။ နောက်အရေးကြီးဆုံးက အခုကျွန်တော်တို့ သွားနေတဲ့ စနှစ်သစ်ပညာရေးဟာ အရင် စနှစ်ဟောင်းတွေနဲ့မတူတဲ့အခါကျတော့ သင်တန်းကို ကောင်းကောင်းမွန်မွန်မရပဲနဲ့ ကျွန်တော်တို့က သင်ကြားရေးကို ဝင်တဲ့နေရာမှာ အခက်ခဲအများကြီးရှိတယ်။ ဆိုတော့ သူများမြို့နယ်လို သင်တန်းလေးတွေ Train ပေးတဲ့အနေထားလေး မရှိနိုင်ဘူး။ ကျွန်တော်တို့ ပညာရေးဘုတ်အဖွဲ့မှာလည်း ဘတ်ဂျက်က မရှိ၊ သင်တန်းလုပ်ရင်လည်း အများကြီးကုန်တာ၊ အဲ့လိုမျိုးတွေကြောင့် ကျွန်တော်တို့ ထိထိရောက်ရောက်မလုပ်ပေးနိုင်တော့ ဆရာ/ဆရာမတွေရဲ့ သင်ကြားရေးမှာ အခက်ခဲကြုံတွေ့နေတယ်။” ဟု PTEB မှ ဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။” PTEB မှ ဘုတ်အဖွဲ့တာဝန်ခံက ပြောသည်။

ထို့အပြင် မိဘပြည်သူများမှာ စီးပွားရေး အလုပ်အကိုင်ကြပ်တည်းမှုနဲ့ ဝင်ငွေမရှိတာကြောင့် စေသနာ့ဝန်ထမ်း ကျောင်ဆရာ/မ များကို ထောက်ပံ့ကြေး မပေးနိုင်သည့်အပြင် ကလေးငယ်များ၏ ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများ ဝယ်ယူရန် ခက်ခဲမှုများ ကြုံတွေ့နေရကြကာ ကျောင်းသင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိခြင်း စသည့် အခက်ခဲစိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရကြောင်း PTEB ဘုတ်အဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

CDF-Paletwa ထိန်းချုပ်နယ်မြေအတွင်း ကျောင်းပေါင်း ၆၅ ကျောင်းကို မူလတန်းမှ အလယ်တန်းအထိ ကျောင်းသား/ကျောင်းသူ ၅၀၀၀ ကျော်နဲ့ ကျောင်းဆရာ/ဆရာမ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်ရှိ ကလေးငယ်များမှာ စစ်အာဏာမသိမ်းခင် ယခင်က ရခိုင့်တပ်မတော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်းမှုဒဏ်ကြောင့် ပညာသင်မှု အခက်ခဲကြုံနေရသည့်အပြင် ကိုဗစ်ကာလနှင့် ယခု စစ်အာဏာသိမ်းလိုက်မှုကြောင့် ကလေးငယ်များမှာ ပညာသင်ယူခွင့် ထပ်ဆင့်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ကြားကာလ ပညာရေးအကောင်အထည်ဖော်ဆောင်နိုင်ရန် ပြည်တွင်း/ပြည်ပရှိ ရပ်ဘက်အဖွဲ့စည်းများ၊ NGO အဖွဲ့အစည်းများအပါဝင် နိုင်ငံတကာရောက် ပလက်ဝ ညီအစ်ကိုများအနေဖြင့် ပလက်ဝမြို့နယ်ပညာရေးအတွက် အာရုံစိုက်ပေးကြရန်နဲ့ ထောက်ပံ့ကူညီမှဒများ ပေးနိုင်ကြပါရန် ကြားကာလ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တောင်းဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.