Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အစိုးရခွင့်ပြုချက်မပါပဲ ပြန်လာသူများကို ရိခေါဒါရ်နယ်မြေအတွင်း ဖြတ်သန်းခွင့်မပြုဟုဆို

အစိုးရခွင့်ပြုချက်မပါပဲ ပြန်လာသူများကို ရိခေါဒါရ်နယ်မြေအတွင်း ဖြတ်သန်းခွင့်မပြုဟုဆို

0
By Editor on June 2, 2020 Headline

#Zawgyi

By နှင်းနှင်း – နှစ်နိုင်ငံအစိုးရ ခွင့်ပြုချက်မပါဘဲ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လာကြသူများကို ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း Rih Lengtlang Youth Association (RLYA) က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ဖြစ်စေ ကျောင်းတက်၍ဖြစ်စေ နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ရိ-ဇိုခေါဒါရ် ကုန်သွယ်ရေးဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာလျက်ရှိကြပြီး မေလ ၃၁ ရက်နေ့ကစ၍ နှစ်နိုင်ငံ (မီဇိုရမ်-ချင်းပြည်နယ်အစိုးရ၊မြန်မာသံရုံး) အစိုးရအဖွဲ့၏ ခွင့်ပြုချက်မပါရှိဘဲ ပြန်လာပါက ရိခေါဒါရ်မြို့ကို ဖြတ်သန်းသွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း RLYA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဦးလားပက်လောမ်မာ “ဟိုဘက် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ပြန်လာချင်တဲ့သူတွေအများကြီးရှိတယ်၊ နှစ်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်နဲ့ဖြစ်ဖြစ်၊ သံရုံးကနေတဆင့်ဖြစ်ဖြစ် တရားဝင် (Official) နဲ့ပြန်လာတဲ့သူတွေဆိုရင် ကျနော်တို့ လူငယ်အဖွဲ့ကကော၊ ဌာနဆိုင်ရာကကော နွေးနွေးထွေးထွေးကြိုဆိုပါတယ်၊ ဒါပေမယ့် တချို့လူတွေကျတော့ ဘာခွင့်ပြုချက်မှလည်းမပါဘဲနဲ့ နယ်စပ်ချောင်းကိုဖြတ်ပြီး ခိုးဝင်လာတဲ့သူတွေရှိတယ်၊ အဲဒီလူတွေကို ကျနော်တို့ ရိခေါဒါရ်နယ်မြေကို ၀င်မလာဖို့ ရိခေါဒါရ်မြို့အတွင်းကို ဖြတ်သန်းသွားလာခွင့်မပြုတာပါ’’ ဟု ပြောသည်။


အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့သွားရောက်လိုသည်ဖြစ်စေ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည်ဖြစ်စေ ရိခေါဒါရ်မြို့ကိုဖြတ်၍သွားရသည်။



လက်ရှိတွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများ ၁၅ ဦးကို ရိခေါဒါရ်မြို့ တွင် Facility Quarantine အဖြစ်ထားရှိကြောင်းသိရသည်။

#Unicode

By နှင်းနှင်း – နှစ်နိုင်ငံအစိုုးရ ခွင့်ပြုချက်မပါဘဲ အိန္ဒိယနိ်ုင်ငံ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လာကြသူများကို ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း Rih Lengtlang Youth Association (RLYA) က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ဖြစ်စေ ကျောင်းတက်၍ဖြစ်စေ နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ရိ-ဇိုခေါဒါရ် ကုန်သွယ်ရေးဂိတ်မှတဆင့် မြန်မာနိ်ုင်ငံသို့ ပြန်လာလျက်ရှိကြပြီး မေလ ၃၁ ရက်နေ့ကစ၍ နှစ်နိုင်ငံ (မီဇိုရမ်-ချင်းပြည်နယ်အစိုးရ၊မြန်မာသံရုံး) အစိုးရအဖွဲ့၏ ခွင့်ပြုချက်မပါရှိဘဲ ပြန်လာပါက ရိခေါဒါရ်မြို့ကို ဖြတ်သန်းသွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း RLYA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဦးလားပက်လောမ်မာ “ဟိုဘက် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ပြန်လာချင်တဲ့သူတွေအများကြီးရှိတယ်၊ နှစ်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်နဲ့ဖြစ်ဖြစ်၊ သံရုံးကနေတဆင့်ဖြစ်ဖြစ် တရားဝင် (Official) နဲ့ပြန်လာတဲ့သူတွေဆိုရင် ကျနော်တို့ လူငယ်အဖွဲ့ကကော၊ ဌာနဆိုင်ရာကကော နွေးနွေးထွေးထွေးကြိုဆိုပါတယ်၊ ဒါပေမယ့် တချိူ့လူတွေကျတော့ ဘာခွင့်ပြုချက်မှလည်းမပါဘဲနဲ့ နယ်စပ်ချောင်းကိုဖြတ်ပြီး ခိုးဝင်လာတဲ့သူတွေရှိတယ်၊ အဲဒီလူတွေကို ကျနော်တို့ ရိခေါဒါရ်နယ်မြေကို ဝင်မလာဖို့ ရိခေါဒါရ်မြို့အတွင်းကို ဖြတ်သန်းသွားလာခွင့်မပြုတာပါ’’ ဟု ပြောသည်။

ရိခေါဒါရ်မြို့သည် ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တွင်တည်ရှိသည့်မြို့ဖြစ်ပြီး အမှတ် (၂) နယ်စပ်ကုန်သွယ်စခန်းတည် ရှိရာလည်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့သွားရောက်လိုသည်ဖြစ်စေ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိ်ုင်ငံသို့ ပြန်လာလိုသည်ဖြစ်စေ ရိခေါဒါရ်မြို့ကိုဖြတ်၍သွားရသည်။

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်မှ မည်သည့်အထောက်အထားမှမပါဘဲပြန်လာကာ နယ်စပ်ကို တရားမဝင် ခိုးဝင်လာပြီး မြန်မာနိုင်ငံသို့ပြန်သွားလေ့ရှိသည့်အတွက် ကိုဗစ်နိုင်တင်းရောဂါထိန်းချူပ်ကာကွယ်ရန် အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟုသိရသည်။

“အဓိက ကတော့သူတို့ ရောဂါမြို့ထဲကိုပြန့်ပွားမှာကို စိုးရိမ်တဲ့သဘောပေါ့နော် လူငယ်တွေက မြို့အဝင်အထွက်မှာ စောင့်တယ် ၊ ကင်းချပြီးတော့ ညလည်းအိပ်တယ် ကျွန်တော်တို့ရိ နယ်မြေမှာ ရှိတဲ့ နယ်စပ်ချောင်းတလျှောက်ပေါ့နော် အဲ့မှာလည်း ဂျုတီချထားတယ်” ဟု ပြန်/ဆက် ဦးစီးမှူး ဦးလားပက်လောမ်မာက ပြောသည်။

လက်ရှိတွင် အိန္ဒိယနိ်ုင်ငံ မီဇိုရမ်ပြည်နယ်မှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများ ၁၅ ဦးကို ရိခေါဒါရ်မြို့ တွင် Facility Quarantine အဖြစ်ထားရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.