Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့
Photo: Rihkhawdar

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

0
By Editor on November 29, 2023 Featured

ရေး – 006SV

ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ- မြန်မာနယ်စပ်၊ အမှတ် – ၂ ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ရိခေါဒါရ်မြို့ဟာ မကြာခင်မှာ ချင်းပြည်နယ်ထဲက မြို့တွေထဲမှာ ပထမဦးဆုံး ပြည်သူ့အုပ်ချုပ်ရေးစတင်လည်ပတ်တဲ့ မြို့ဖြစ်လာတော့မှာလို့ ဆိုရမှာပါ။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တမူး-မိုးရေးပြီးရင် ဒုတိယ အရေးကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီအတွက် စီးပွားရေးအရသော်လည်းကောင်း စစ်ရေးအရေသော်လည်းကောင်း မဟာဗျူဟာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဒီရိခေါဒါရ်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူဖို့ အရင်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။

ဒါပေမယ့် နို၀◌င်ဘာလ ၁၃ ရက်နေ့မှာတော့ ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်မှုနဲ့ CDF – Hualngoram ၊ CDF- ထန်တလန်၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDA)၊ CDF -Zanniatram (ဇန်ညှက်ရမ်) စတဲ့ ချင်းပူးပေါင်းတပ်တွေက ရိခေါဒါရ်မြို့မှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုစလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။

ဒီလိုသိမ်းပိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ပြည်သူ့အုပ်ချုပ် ရေးစနစ်အကောင်အထည်ဖော်ဆောင်ဖို့ စတင်လာခဲ့ကြတာဖြစ်ပါတယ်။

ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘာကြောင့်သိမ်းပိုက်ခဲ့ရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး CAN/ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခုလိုပြောဆိုပါတယ်။

“ရိခေါဒါရ်မြို့က အမှတ်(၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မွာရွိတယ်၊အဲ့ကုန်သွယ်ရေးလမ်း ကြောင်းကို ထိန်းတဲ့မြို့ဖြစ်တယ်။ ဒီနေ့ကျွန်တော်တို့ တော်လှန်ရေးက စစ်ကောင်စီအမြစ်ပြုတ်တိုက်ဖို့ဆိုရင် အဲ့ဒီစစ်ရေးနဲ့ စစ်ရေးအပြင် သူ့ကို အထောက်အပံ့ပြုနေတဲ့ကုန်သွယ် ၊စီးပွား၊ သံရေးတမံရေးတို့က အစ အဲ့ဒီလိုမျိုးအကုန်လုံးလုပ်ရမှာ ဖြစ်တယ်။ ပထမဦးဆုံး CDM စစ်ကောင်စီလုပ်ငန်း ယန္တယား မလည်ပတ်နိုင်အောင် ဘက်ပေါင်းစုံက နေကျွန်တော်တို့ လုပ်တာဖြစ်တယ်။ အဲ့ဒီမှာ အဲ့ဒီမြို့ကအဓိက ကျတဲ့မြို့မှာပါတယ်။ အဲ့လိုအရေးပါတဲ့အတွက် ရိခေါ်ဒါရ်မြို့ကို အဓိက ကျွန်တော်တို့ရွေးပြီးတော့ ဝင်သိမ်းလိုက်တာဖြစ်တယ်”

မြို့သိမ်းတိုက်ပွဲတွေကြောင့် အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ ပြည်သူတွေ၊ ရိခေါဒါရ်မြို့ကို အားလုံး ပြန်လာ နိုင်အောင် လက်ရှိမှာ လုံခြုံရေးအစီအစဉ်တွေနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေသလို လတ်တလောမှာ အားလုံးနီးပါး ပြန်လည်နေထိုင်ကြပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရိခေါဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေးကို တည်တည်ငြိမ်ငြိမ်နဲ့ လည်ပတ်နိုင်အောင် တစ်ဆင့်ချင်း စတင်ဆောင်ရွက်နေပြီး ဒေသခံအဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Hualngoram၊ ဒေသခံတတ် သိပညာရှင်တွေ၊ ဒေသခံ ပြည်သူတွေနဲ့ပါပူပေါင်းပြီး ရိခေါဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းသွားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရိခေါ်ဒါရ်မြို့ကို အုပ်ချုပ်ရေးကို ဒေသခံတွေနဲ့ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေးက အစ၊ လမ်းကြောင်း လုံခြုံရေးကအစ တက်နိုင်ဆုံးလုပ်ကြမွာဖြစ်တယ်။ အဲ့ဒီမှာ ပြည်သူလူထုရဲ့ အကြံအဥာဏ်၊ အတတ်ပညာရွင်တွေ အကြံအဥာဏ် အဲ့တာတွေ အများကြီးလိုပါလိမ့်မယ်။ အဲ့တာတွေကိုလည်း ကျွန်တော်တို့ တဆင့်ချင်း အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။တဖက်မွာ အိန္ဒိယနိင်ငံနဲ့  အဲ့ဒီလမ်းကြောင်းကိစ ပုံမှန်လည်ပတ်နိုင်ဖို့ အတွက်လည်း တဖက်အစိုးရနဲ့ လည်းချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ရိခေါဒါရ်မြို့က ပြည်သူ့အုပ်ချုပ်မှု ပုံစံကို ချင်းပြည်နယ်နဲ့ ချင်းပထဝီ၊ ချင်းဓလေ့ထုံတမ်းတွေနဲ့ ကိုက်ညီတဲ့၊ အထူးသဖြင့် အဲဒီဒေသနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်မှုပုံစံနဲ့ သွားနိုင်ဖို့ ချင်းတော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေပါတယ်။

ချင်းအင်အားစုတွေ ပထမဆုံး စတင်လာတဲ့ ပြည်သူ့အုပ်ချုပ်ရေးမှာ တော်လှန်ရေးကာလဖြစ်လို့ လူမှုရေးကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍကို အဓိက ဖော်ဆောင်မှာဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေ လည်း ပါဝင်မယ်လို့ သိရပါတယ်။ 

ဒါ့အပြင်နယ်စပ်ဒေသဖြစ်တဲ့အတွက် အိန္ဒိယနဲ့ ဆက်ဆံရေးကိုလည်း တဆင့်ချင်း အကောင်အထည်ဖော်သွားနိုင်ဖို့ ချင်းတော် လှန်ရေးအင်အားစုတွေ ရည်မှန်းထားပါတယ်။

ရိခေါဒါရ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်တွေ စတင်အကောင်အထည်ဖော်ဆောင် လာမယ်အပေါ်မှာ ထောက်ခံကြိုဆိုတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

“ကျနော်တို့ ဘာသာ ကျနော်တို့ကို အုပ်ချုပ်ရေးကဖြစ်ဖြစ် တရားစီရင်ရေးကဖြစ်ဖြစ် လောလောဆယ်မှာ ကိုင်တွယ်တော့မယ်။ တတ်နိုင်သလောက်ပေါ့နော်။ အဲဒါကိုတော့ ထိန်းချုပ်တော့မယ်လို့ ပြောတယ်။ ကျနော်တို့က လောလောဆယ်မှာတော့ စကစ တွေက မရှိတော့ဘူးဆိုတော့ ကိုယ့်ဘာသာ အုပ်ချုပ်တော့မယ်ဆိုတော့ ပျော်နေကြတာပေါ့။ စကစ လက်အောက်မှာ ဘယ်သူမှ မနေချင်တော့တဲ့ဟာကိုး”

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ ရိခေါဒါရ်မြို့က ပြည်သူတွေရဲ့ လုံခြုံရေးမှာ အင်မတန် လိုအပ်နေတဲ့အတွက် တရားဥပဒေ စိုမိုးရေး အားကောင်းခိုင်မာအောင် ဆောင်ရွက်မှာဖြစ်သလို မူးယစ်ဆေးဝါးတွေ လွယ်ကူပေါများနေတာကိုလည်း စနစ်တကျနဲ့ တိုက်ဖျက်သွားမယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ကပြောပါတယ်။

ကုန်သွယ်ရေးနဲ့ စစ်ရေးအတွက် မဟာဗျူဟာကျတဲ့ ရိခေါဒါရ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာပါကလည်း မြို့ကို ကာကွယ်သွားဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ခုခံတော်လှန်မှု အားကောင်းတဲ့ ချင်းပြည်နယ်မှာ မြေပြင်တိုက်ခိုက်နိုင်မှု အားနည်းတဲ့ စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကို အဓိက အားကိုးနေရပါတယ်။

ဒါကြောင့် ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် ပုန်းခိုကျင်းတွေ တူးထားဖို့ လွန်ခဲ့တဲ့ နှစ်တွေကနေ အသိပညာပေးမှုတွေ လုပ်ထားသလို လေကြောင်းရန် ကြိုတင်သတင်းလက်ဦးမှု ရနိုင်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ထားတဲ့ ဒေသ ကာကွယ်ရေးအဖွဲ့တွေ၊ တခြားသက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ရိခေါဒါရ်မြို့ခံအများစုဟာ ပုန်းခိုကျင်းတွေလိုမျိုး ကြိုတင်ကာကွယ်ရေးအစီအမံတွေ လုပ်ထားတာမတွေ့ရဘဲ တိုက်ပွဲဖြစ်လာရင် အိန္ဒိယဘက်ကို စစ်ဘေးရှောင်ပြေးဖို့သာ ပြင်ဆင်ထားတယ်လို့ ပြောကြပါတယ်။

ချင်းပူးပေါင်းတပ်တွေက ရိခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ လမ်းကြောင်းကို ကုန်စည်စီးဆင်မှု ပုံမှန်လည်ပတ်နိုင်အောင် သတိရှိရှိနဲ့ ဖွင့်လှစ်ထားပြီး လုံခြုံရေးအရ အကောင်းဆုံးဖြစ်အောင် ကြပ်မတ်နေတယ်လို့ သိရပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီက ရိခေါဒါရ်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ အားလုံးကို ပိတ်ဆို့ဖြတ်တောက်မှုတွေ့ ရှိနေပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ပုံမှန်လမ်းကြောင်းတွေကို ပိတ်ဆို့ထားပေမယ့် ရှောင်ကွင်းလမ်းတွေကနေ သွားလာခွင့်တွေ ပြန်ခွင့်ပြုလာတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

“စနေနေ့ကနေ စပိတ်တာ၊ မှန်လုံးကားရော၊ ကားကြီးရော သွားခွင့်မပြုဘူး။ ဒါပေမဲ့ နောက်နေ့မှာ ကွင်းကနေ ပေါင်မုန့်ကား၊ မှန်လုံးကားလေးတွေ သွားခွင့်ပြုတယ်။ အခုကတော့ ကုန်ကားတွေလည်း သွားခွင့်ပြုပြီ။ ပုံမှန်လမ်းတော့ မဟုတ်ဘူး။ ကွင်းကနေပဲ။ တီးတိန်တစ်နေရာပဲ ကွင်းတာ ကျန်တဲ့နေရာတွေက ရတယ်။ အတားအဆီးတွေ ပေပါပုံးတွေ၊ သံဆူးကြိုးတွေ အကုန် တားထားတာ။ အဲနေရာကနေ ဖြတ်လို့ မရဘူး” ဒေသခံစီးပွားရေးသမားတစ်ဦးက ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်တွေဟာ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲ အပြီးမှာ ဖလမ်းမြို့နယ်ထဲက သီဘွာလ်စစ်ကောင်စီစခန်း၊ တီးတိန်မြို့ နယ်ထဲက ကနေဒီတောင်ပေါ်က စစ်ကောင်စီစခန်းတွေကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ တချို့ စခန်းတွေကနေ စွန့်ခွာမှုတွေ ရှိနေပါတယ်။

ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ကြမှာလဲဆိုတာ အသေးစိတ် မသိရေသေးပေမယ့် ချင်းပြည်နယ်ထဲက မြို့တွေထဲမှာတော့ ဒါဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပထမဦးဆုံး ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်မယ့်မြို့ ဖြစ်လာတော့မှာပါ။

ဒါဟာ အနာဂတ် ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် ကနဦးခြေလှမ်းအစလိုလည်း ဆိုရမှာပါ………….။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.