Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အနောက်ဂန့်ဂေါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒါဏ်ရာရ

အနောက်ဂန့်ဂေါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒါဏ်ရာရ

0
By Editor on August 30, 2023 Khonumthung

(04SS)

ယောဒေသ အနောက်ဂန်ဂေါရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူး‌ေပါင်းတပ်ဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက် ၃ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒါဏ်ရာရရှိကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ည‌‌ေနအ‌ေစာပိုင်းတွင် စိုင်ဒူးရွာမှ အနောက်ဂန့်ဂေါရွာဘက်သို့ ဝင်ရောက်လာသည့် ဂန့်ဂေါမြို့ အခြေချ ခလရ ၅၀မှ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပျူစောထီး အင်အား ၈၀ ဝန်းကျင်နှင့် CDF -KKG ၊ CDF- Hakka ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ပူးပေါင်းတပ်ဖွဲ့တို့ အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ 

“သူတို့အနောက်ဂန်ဂေါရောက်တော့ ၃ ဖွဲ့ကညှိပြီးတောမှ ပစ်ကြတယ်၊ အဲမှာ ပြည်သူတွေက လက်နက်ကြီးနဲ့ ရွာထဲကိုမပစ်ဖို့၊ မလိုအပ်ရင်မသုံးဖို့ ပြောထားလို့ လက်နက်ငယ်နဲ့ပဲဝင်ပစ်တာဗျ။ အဲမှာ သူတို့ဘက် သေနတ်ဒါဏ်ရာရတဲ့ထဲမှာ ရာထူးကြီးတဲ့တစ်ယောက်လဲပါတယ် လို့ပြောတယ်၊ ၃ ယောက်သေတာ သေချာတယ်ဗျ၊ တိုက်ပွဲမှာက သူတို့က ရွာထဲမှာ အခြေချထားတာ အဲတာဝင်ပစ်ကတာဆိုတော့ လက်နက် သိမ်းဆည်းရမိတာတော့မရှိဘူးဗျ။ ပြောရရင် ကျွန်တော်တို့ကျတော့ လက်နက်မပြည့်စုံတာလဲပါတာပေါ့၊ သူတို့ဘက်က လက်နက်မျိုးစုံနဲ့ပြီးတော့ လူအင်အားလဲ မမျှဘူးပေါ့၊ ကျွန်တော်တို့ဘက်က တစ်ယောက် ရင်ဘတ်မှာ ကြည်စမှန်လို့ ဒါဏ်ရာရထားတယ်၊ မစိုးရိမ်ရပါဘူးဗျ။” ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (YPDF) မှ ပြန်ကြားရေးတာ၀◌န်ခံ ရဲဘော် လူလှက ပြောသည်။

ထို့နောက် ဂန့်ဂေါ ခလရ (၅၀) စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား လင်မယားနှစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ မစိုးရိမ်ရဒါဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး‌ေနာက် အနောက်ဂန့်ဂေါ ၊ ရှုံးရှီကျေးရွာ နှင့်တချို့ကျေးရွာများမှ ဒေသခံပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အလွန်ခက်ခဲနေကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့သည် အနောက်ဂန်ဂေါရွာသို့ စစ်ကြောင်းထိုးနေစဉ် အနောက်ဂန့်ဂေါသွားရာ ကြိုးတံတားဖြတ်သန်းနိုင်ရန်အတွက် လုံဟော့ရွာသား အရပ်သားပြည်သူ ၂၀ ကျော်အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယခုတွင် ၎င်းတို့အား ပြန်လည်လွတ်ပေးခဲ့ပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရ

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဘုရားကျောင်းအပါအဝင် နေအိမ်အလုံး ၅၀၀ ခန့် ပျက်စီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဟု ဆို

မီဇိုရမ်တွင် မူးယစ်ရမ်းကားသည့် မြန်မာနိုင်ငံသား ၇ ဦးကို CNF ထံလွှဲပြောင်းအပ်နှံ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.