Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

0
By Editor on November 22, 2021 Headline

“အဖမ်းခံရတဲ့ PDF ဆေးတပ်မှ စစ်သမီး (၈) ဦး အနက် (၅) ဦးကို ကယ်ထုတ်နိုင်ပြီဟုသိရ။ ဝမ်းသာစရာဆိုပြီး” သတင်းအမှားကို မြန်မာ့နွေဦးတော်လှန်ရေး တနိုင်ငံလုံး သတင်းရပ်ကွက်ဆိုတဲ့ Facebook Group မှာတင်ထားတာဖြစ်ပါတယ်။

၎င်းသတင်းနဲ့ ပတ်သက်ပြီး ကလေး-PDF ဘက်မှာ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းအမှား ဖြစ်ကြောင်းအခုလို ပြောပါတယ်။
“ကျနော်တို့ဘက်က ကယ်ထုတ်တာတွေမရှိဘူး၊ သတင်းအမှားဖြစ်တယ်၊ အဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၉) ဦးဟာ အခုထိ စစ်တပ်လက်ထဲမှာပဲရှိနေတုန်းပဲ”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်တနေရာတွင် PDF (Kalay) တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲတစ်ခုစခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းသိမ်းပိုက်ကာ PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် အမျိုးသား ၂ ဦးကို ဖမ်းခဲ့ပြီးနောက် သုံးရက်အကြာမှာ အဲဒီသတင်းအမှားသည် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ လာတာဖြစ်ပါတယ်။

အဆိုပါအဖမ်းခံရသူများအနက် PDF (Kalay) ရဲဘော်အမျိုးသား ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ညင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် ကျန်အမျိုးသမီး ၉ ဦးကို ကလေးမြ်ို့ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှာ ထိမ်းသိန်းထားတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ သတင်းအမှားကြောင့် ဖမ်းဆီးခံ အမျိုးသမီးများရဲ့ မိသားစုများနဲ့ မိတ်ဆွေများမျှော်လင့်ချက် ပျော်ရွှင်မှုကို ပျက်ပြားစေနိုင်သလို ပြည်သူလူထုရဲ့ ဘဝများကို ရိုက်ခတ်စေနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမှ သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.