(005MK)
အမေရိကန်အခြစိုက် ချင်းနှစ်ခြင်းအသင်းတော် (Chin Baptist Churches USA) မှ တာဝန်ရှိသူများသည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနှင့် တွေ့ဆုံးပြီး Chief Minister Relief Fund အတွက် ရူပီးငွေ ၃ သိန်းပေးအပ်လှူဒါန်းခဲ့သည်သည်ဟု သိရသည်။
CBCUSA မှတာဝန်ရှိသူတစ်ချို့သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကို သူ၏ ရုံးခန်းတွင် ဧပြီလ ၂၄ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံကစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်သည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြပြီး ဝန်ကြီးချုပ်ကယ်ဆယ်ရေးရန်ပုံငွေအတွက် ရူပီးငွေ ၃ သိန်းပေးလှူခဲ့တာဖြစ်သည်ဟု သိရသည်။
Chin Baptist Churches USA အဖွဲ့သည် အမေရိကန်ရောက် ချင်းနှစ်ခြင်းအသင်းတော်များဖြင့်ဖွဲ့စည်းထားသော ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး အသင်းတော်ပေါင်း ၁၂၀ နှင့် အသင်းသူအသင်းသား လူဦးရေ ၃၃၀၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။
အမေရိကန်အခြေစိုက် CBANA ကလည်း ဧပြီလ ၂၀ ရက်နေ့က မီဇိုရမ်ပညာရေးဝန်ကြီးထံ ရူပီးငွေ ၈ သိန်း ၅ သောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။