Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ္းၿမိဳ႕နယ္တြင္ ခ်င္းအမ်ိဴးသမီးတစ္ဦး ေျမျမဳပ္မိုင္းနင္းမိၿပီး ေသဆုံး

အမ္းၿမိဳ႕နယ္တြင္ ခ်င္းအမ်ိဴးသမီးတစ္ဦး ေျမျမဳပ္မိုင္းနင္းမိၿပီး ေသဆုံး

0
By Editor on August 4, 2020 Headline

#Unicode

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇုကိုင်းကျေးရွာတွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် ချင်းအမျိူးသမီး မဝတုန်သည် သြဂုတ်လ (၃) ရက်နေ့က မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါအမျိူးသမီးသည် စိတ်မကျန်းမာသူဟုသိရပြီး တောထဲသို့ မျှစ်ခူးသွားစဉ် မိုင်းနင်းမိ၍ ခြေထောက်ပြတ်ကာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကောင်မတီ (RRCCI) မှ မိုင်နန်းဝေကပြောသည်။

“သူက စိတ်ဝေသနာရှင်အမျိုးသမီးလို့သိရတယ် မနေ့ကပေါ့ မြေမြုပ်မိုင်းထိပြီးတော့ ပွဲချင်းတော့မဟုတ်ဘူး ဆေးရုံပို့ဆောင်စဉ် လမ်းခုလတ်မှာ ဆုံးသွားတာလို့သိရတယ်’’ ဟု မိုင်နန်းဝေကပြောသည်။

အမ်းမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် အရပ်သားသေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်နေ့ကလည်း ကဇုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင် ကျေးရွာတွင်နေထိုင်သော အသက် (၆၀) အရွယ် ဦးမောင်တင်နှင့် အသက် (၂၈) အရွယ် ကိုဆူပါချေတို့သည် မြေမြုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ကြပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ မှ သြဂုတ်လ ၃ ရက်အထိ တစ်ပတ်အတွင်း မြေမြုပ်မိုင်းကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
(Photo – RRCCI)

#Zawgyi

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ကဇုကိုင္းေက်းရြာတြင္ ေနထိုင္ေသာ အသက္ (၁၇) ႏွစ္အရြယ္ ခ်င္းအမ်ိဴးသမီး မဝတုန္သည္ ၾသဂုတ္လ (၃) ရက္ေန႔က ေျမျမဳပ္မိုင္းနင္းမိ၍ ေသဆုံးခဲ့သည္ဟု သိရသည္။

အဆိုပါအမ်ိဴးသမီးသည္ စိတ္မက်န္းမာသူဟုသိရၿပီး ေတာထဲသို႔ မၽွစ္ခူးသြားစဥ္ မိုင္းနင္းမိ၍ ေျခေထာက္ျပတ္ကာ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ လမ္းခရီးတြင္ေသဆုံးခဲ့ျခင္းျဖစ္သည္ဟု ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာင္မတီ (RRCCI) မွ မိုင္နန္းေဝကေျပာသည္။

“သူက စိတ္ေဝသနာရွင္အမ်ိဳးသမီးလို႔သိရတယ္ မေန႔ကေပါ့ ေျမျမဳပ္မိုင္းထိၿပီးေတာ့ ပြဲခ်င္းေတာ့မဟုတ္ဘူး ေဆး႐ုံပို႔ေဆာင္စဥ္ လမ္းခုလတ္မွာ ဆုံးသြားတာလို႔သိရတယ္’’ ဟု မိုင္နန္းေဝကေျပာသည္။

အမ္းၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ စစ္ေရးပဋိပကၡျဖစ္ပြားေနသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ေျမျမဳပ္မိုင္းေၾကာင့္ အရပ္သားေသဆုံးမႈ မၾကာခဏျဖစ္ပြားေလ့ရွိသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ ႏွင့္ ၃၀ ရက္ေန႔ကလည္း ကဇုကိုင္းေက်းရြာအုပ္စု ဂ်ိတ္ေခ်ာင္ ေက်းရြာတြင္ေနထိုင္ေသာ အသက္ (၆၀) အရြယ္ ဦးေမာင္တင္ႏွင့္ အသက္ (၂၈) အရြယ္ ကိုဆူပါေခ်တို႔သည္ ေျမျမဳပ္မိုင္းနင္းမိကာ ေသဆုံးခဲ့ၾကၿပီး တစ္ဦးဒဏ္ရာရရွိခဲ့သည္။

အမ္းၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ မွ ၾသဂုတ္လ ၃ ရက္အထိ တစ္ပတ္အတြင္း ေျမျမဳပ္မိုင္းေၾကာင့္ အရပ္သား ၃ ဦးေသဆုံးခဲ့ျခင္းျဖစ္သည္။
(Photo – RRCCI)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.