Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်း-ပဒါန်းကြား အရှို့ချင်းကျေးရွာက နေရပ်စွန့်ခွာစစ်ဘေးရှောင် ၃၀၀၀ ကျော် အကူအညီလိုအပ်နေ

အမ်း-ပဒါန်းကြား အရှို့ချင်းကျေးရွာက နေရပ်စွန့်ခွာစစ်ဘေးရှောင် ၃၀၀၀ ကျော် အကူအညီလိုအပ်နေ

0
By Editor on March 25, 2025 Headline

(006SV)

မကွေးတိုင်းအတွင်းရှိ အမ်း – ပဒါန်း ကြားက အရှိုချင်းကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၃,၀၀၀ ကျော်သည် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

တချို့ကျေးရွာများသည် ၂၀၂၄ ခုနှစ်ကတည်းက စစ်ဘေးရှောင်ရမှုများရှိနေပြီး တချို့ကျေးရွာများသည် ၂၀၂၅ ခုနှစ်မှစတင်၍ အိမ်အိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်များနှင့် နီးစပ်သူတဦးက “ထွက်ပြေးရတဲ့ ရွာတွေက အခု ဒီနှစ်ပိုင်းမှာဆိုရင် လင်းတဲရွာတို့ ဘာတို့ပေါ့နော်။ အဲလိုရွာတွေက ကားလမ်းဘေးမှာလည်း ဖြစ်တယ်။ စစ်ကောင်စီက အခုနှစ်ဆိုရင် ၃ ကြိမ်လောက် လေကြောင်းကနေပြီးတော့ ရွာထဲကို ပစ်တာရှိတယ်။ အချိန်မရွေး စစ်ကြောင်းထိုးလာရင် ဝင်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ အဲလိုရွာတွေလည်း စစ်ဘေးရှောင်တယ်။ တချို့ရွာတွေက စကစက သတင်း ဖရဲသီးသတင်း ကြားတာပေါ့‌နော်။ ငဖဲမြို့ အနောက်ဘက်မှာရှိတဲ့ သူတို့ရဲ့ ဗျူဟာကုန်း မကျဖို့ ဒီရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေလွှင့်တယ်။ ဒီလို သတင်းတွေလွှင့်တော့ ကျေးရွာမှာရှိတဲ့ ပြည်သူတွေက မနေရဲပဲနဲ့ ရေရှိတဲ့နေရာ တောထဲမှာ ရှောင်ရတဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။

ပဒါန်းမြို့နှင့် အနီးဆုံး အရှိုချင်းကျေးရွာများလည်း လက်ရှိတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရပြီး စစ်ကောင်စီ နတ်ရေကန် စစ်စခန်းအနီးက လင်းတဲရွာအပါအဝင် မထုံ၊ ရေသာ၊ ခပေါက်တောင်၊ ဘုံပေါ၊ ကျွဲတလဲ၊ ဇဘောက် စသည့် အရှို့ချင်းကျေးရွာပေါင်း ၁၃ ရွာထက်မနည်းသည် စစ်ဘေးရှောင်ရသည်ဟု သိရသည်။

လတ်တလောတွင် အရှိချင်းကျေးရွာ ၂ ရွာကို သတ်မှတ်နေရာတစ်ခုကို ပြောင်းရွေ့ပေးရမည်ဟု စစ်ကောင်စီက အမိန့်ပေးထားသည်ဟု သိရသည်။

အမ်း- ပဒါန်း ကြားက စစ်ကောင်စီ၏ နတ်ရေကန်စစ်ခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေရာ အရှိုးချင်းကျေးရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားက တခြားကျေးရွာများလည်း စစ်ဘေးရှောင်နေကြသည်ဟု သိရသည်။

အမ်း- ပဒါန်းက အရှိုချင်းကျေးရွာတချို့တွင် စစ်ကောင်စီသည် စစ်ကြောင်းထိုးဝင်ရောက်လာပြီး သားသမီးများ တော်လှန်ရေးလုပ်သည်ဟု စွပ်စွဲကာ မိဘများကို ဖမ်းဆီးခြင်း၊ ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းကြောင့် ဒေသခံများ တောတောင်ထဲ စစ်ဘေးရှောင်နေရမှုများ ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင် ဒေသခံပြည်သူ ၃၀၀၀ ကျော်ထဲတွင် အသက် ၉၀ အရွယ် သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးငယ်များ၊ ကျောင်းနေအရွယ် ကလေးငယ်များ ပါဝင်နေပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

“စစ်ရှောင်တွေက ရေရှိတဲ့နေရာမှာ စစ်ရှောင်စခန်းပုံစံ တဲလေးတွေထိုးပြီး နေတယ်။ စားနပ်ရိက္ခာတွေ ခက်ခဲနေပါတယ်။ စကစ က စားသောက်ကုန်တွေကိုလည်း လမ်းကြောင်းတွေ ပိတ်ထားတော့ ဆီ၊ ဆား၊ ငါးပိကအစ ခက်ခဲနေသလို ဆေးဝါးတွေကလည်း ဝယ်ယူရတာ အရမ်းခက်ခဲနေပါတယ်” ဟု စစ်ဘေးရှောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများ၊ လူသားချင်စာနာထောက်ပံ့မှုအကူအညီများ ပေးနေသော အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ချိတ်ဆက်ပြီး ကူညီထောက်ပံ့မှုပေးရန် လိုအပ်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်း၊ ပဒါန်းမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသော ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.