Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမျိုးသမီး ဒု-ရဲအုပ် မိသားစုနှင့်အတူ CDF- KKG ထံ အလင်းဝင်

အမျိုးသမီး ဒု-ရဲအုပ် မိသားစုနှင့်အတူ CDF- KKG ထံ အလင်းဝင်

0
By Editor on August 23, 2024 Khonumthung

(004SS)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပတောင်းမြို့မရဲစခန်းမှ အမျိုးသမီး ဒုရဲအုပ်တစ်ဦးသည် သူမ၏မိသားစုနှင့်အတူ CDF – KKG ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် CDF- KKG သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အဆိုပါအမျိုးသမီး ဒုရဲအုပ်သည် သူမ၏ အမျိုးသားနှင့် ကလေး စုစုပေါင်း ၃ ဦးတို့သည် ဩဂုတ်လ ၁၆ ရက်နေ့က CDF- KKG ထံရောက်ရှိလာခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း CDF- KKG သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ကျွန်တော်တို့ဆီရောက်လာတာ၊ သူရဲ့ အသိဆီကနေ ကျွန်တော်တို့ဆီရောက်လာတာပေါ့နော်။ သူတို့လာရတဲ့ခရီးကဝေးတယ်ဆိုတော့၊ လက်နက်ခဲယမ်းတော့ မပါဘူး၊ သူရယ်၊ သူ့ယောကျ်ားရယ် ကလေးတစ်ယောက်ရယ် ၃ ယောက်ပေါ့” ဟု ပြန်ကြားရေးတာဝန်ခံက ‌ပြောသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ဒုရဲအုပ် ၂ ဦးအပါအဝင် ရဲ ၆ ဦးသည် CDF-KKG ထံ လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာကြသည်ဟု CDF-KKG ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ထို့အပြင် သုံးပွင့်ဗိုလ်အပါအဝင် စစ်သားနှင့် ပျူစောထီးများ၊ ကျောင်းဆရာ၊ ဆရာမ များနှင့် အခြားဝန်ထမ်းများလည်း CDF-KKG ထံ အလင်းဝင်ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ဆီမှာ မှတ်မှတ်ရရ သုံးပွင့်ဗိုလ်ရယ် စစ်သားတွေရော ပျူစောထီးတွေ၊ ကျောင်းဆရာ၊ ဆရာမတွေရော အခြားသူတွေကောပေါ့ အလင်းဝင်လာကြတယ် အဲထဲမှာ ရဲကတော်တော်နည်းတယ်။ ပြောချင်တာက တစ်ခု လိုချင်ရင် တစ်ခုစွန့်လွှတ်ရမယ်ပေါ့နော်။ ဆိုတော့ တော်လှန်ရေးကာလကလဲ ကြာလာပြီ ဆိုတော့ အမြန်ဆုံး အလင်းဝင်လာကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု CDF-KKG သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံက ပြောသည်။

CDF – KKG သည် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းက လူမျိုး၊ ဘာသာ မတူညီကွဲပြားကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများထံမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ ကျဆုံးရေးကို ရှေးရှူ၍ နေရာဒေသမရွေး စစ်ရေးဖော်ဆောင်လျက်ရှိသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.