Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) အား ကြိုဆိုထောက်ခံကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှထုတ်ပြန်

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) အား ကြိုဆိုထောက်ခံကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှထုတ်ပြန်

0
By Editor on April 19, 2021 Khonumthung
Benezer- ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO)အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ကြိုဆိုထောက်ခံကြောင်း ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
“အဓိကတော့ ပြည်သူလူထုရဲ့ ရွေးချယ်မှုကနေ ထွက်ပေါ်လာတဲ့သူတွေဖြစ်တယ်၊ တစ်ဘက်မှာက ဥပဒေမဲ့နဲ့တက်လာတဲ့ စစ်တပ်က အစိုးရဆိုပြီးခံယူတဲ့အဖွဲ့ရှိတယ်၊ အဲဒီနှစ်ဖွဲ့ထဲမှာမှ ပြည်သူတွေအတွက် အလုပ်လုပ်ပြီးတော့ လူအခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးတွေအားလုံး ဖော်ဆောင်နိုင်မယ့်အစိုးရဖြစ်တယ်လို့ NUG ကို ကြိုဆိုထောက်ခံတာဖြစ်တယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့၏ လက်ထောက်အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling မှ ပြောသည်။
CHRO အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတွင် ရွေးကောက်တင်မြှောက်ခံရသော အဖွဲ့ဝင်များအားလုံးကို ချီးကျူးဂုဏ်ပြုပြီး ပဋိပက္ခများ၊ သွေးချောင်းစီးမှုများနှင့် ဝမ်းနည်းပူဆွေးမှုများအကြားမှ ဒဏ်ရာများနှင့်ပြည့်နှံ့နေသော မိမိတို့နိုင်ငံအတွက် သစ်လွင်သောဦးဆောင်မှုပေးရန် ကြိုးပမ်းမည့်သူများအတွက် CHRO အနေဖြင့် အကောင်းဆုံးဆန္ဒပြုလိုကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
Salai Za Uk Ling မှ “ဒါပေမယ့် NUG အနေနဲ့ စဉ်းစားဖို့လိုတာက အရင်အစိုးရအဆက်ဆက်က လူနည်းစုအပေါ် ဖိနှိပ်ထားတာတွေရဲ့ အရင်းမြစ်ကို သေချာဆန်းစစ်ပြီးတော့ ပြင်ဆင်ဖို့ မလုပ်ဆောင်ခဲ့ကြဘူး၊ အပေါ်ယံဘဲလုပ်ခဲ့ကြတယ်၊ အဲလိုမျိုးတွေ မလုပ်ခဲ့လို့လည်း အခုလိုမျိုး စစ်တပ်ကအာဏာပြန်သိမ်းတာလည်းဖြစ်တယ်၊ ဒါကြောင့်မို့လို့ အခုအစိုးရအနေနဲ့ သေချာလေ့လာပြီး အရင်ကမှားခဲ့တဲ့အမှားတွေကို ပြင်ဆင်ဖို့ အခွင့်ရေးအရမ်းကောင်းတဲ့အချိန်ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့မြင်တယ်” ဟု ပြောသည်။
CHRO ၏ ထုတ်ပြန်ချက်ထဲတွင် လူမျိုး၊ ဘာသာ၊ နိုင်ငံရေးသက်နွယ်မှုများမည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံသားအားလုံးသည် NUG ၏နောက်တွင် ညီညွတ်စွာရပ်တည်သင့်ကြောင်းနှင့် မတရားသောနည်းလမ်းများ အကြမ်းဖက်မှုနည်းလမ်းများအသုံးပြု၍ အစိုးရအဖြစ်ထိန်းချုပ်နိုင်ရန် ကြိုပမ်းနေသော စစ်ခေါင်းဆောင်များအား တရားဝင်မှုမရှိစေရန်နှင့် စွမ်းဆောင်ရည်ထိခိုက်စေရန် အတူတကွ ဆန့်ကျင်ရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.