Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အမြန်ဆုံး အလင်းဝင်တာက အကောင်းဆုံးဖြစ်မယ်လို့ စစ်ကောင်စီဘက်က တပ်မှူးတွေကို စကားပါးချင်တယ်”
ပုံစာ - ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်

“အမြန်ဆုံး အလင်းဝင်တာက အကောင်းဆုံးဖြစ်မယ်လို့ စစ်ကောင်စီဘက်က တပ်မှူးတွေကို စကားပါးချင်တယ်”

0
By Editor on August 7, 2024 Featured

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ရှုံးပြီး တောတောင်တွေထဲ ထွက်ပြေးသွားကြတဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ ကျော်ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာဖမ်းဆီးခဲ့ပါတယ်။

တောတောင်တွေထဲ တစ်လနီးပါးကြာ ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ တပ်မိသားစုဝင်တွေဟာ အစာရေစာရေငတ်ပြတ်မှု ဆေးဝါး ပြတ်လပ်မှုတို့ကြောင့်လည်း သေဆုံးသွားသူ အများအပြားရှိတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်ကို ခိုနူမ်းသုန်သတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်သုံ့ပန်းက ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာ စုစုပေါင်း ဘယ်လောက် ဖမ်းမိခဲ့ပါသလဲ။

ဖြေ – စုစုပေါင်းက ၂၀၀ ကျော်ပါတယ်။ ပထမအသုတ်မှာလည်း ၁၀၀ စွန်းစွန်းလေပေါ့နော်။ အခု ဒုတိယအသုတ်မှာလည်း ၁၀၀ ကျော်ပါတယ်။ အားလုံးပေါင်းရင်တော့ ဒါဟာ ၂၀၀ ကျော်ပါတယ်။

မေး – ဒီလို စစ်သုံ့ပန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုပဲ ပြောတာလား။ အဲဒီထဲမှာ မိသားစုဝင်တွေ၊ အရပ်ဖက်ဝန်ထမ်း Non- CDM တွေ ပါပါသလား။

ဖြေ – ကျနော်တို့ ဒီ ၂၀၀ ကျော် ဆိုတာက အားလုံးကို ခြုံပြီး ပြောတာပါ။ စစ်သားတွေလည်း ပါဝင်သလို၊ သူတို့ မိသားစုဝင်တွေလည်း ပါပါတယ်။ လက်နက်ကိုင်သီးသန့်ကိုပဲ ဖမ်းမိတာက အဲဒီ ၂၀၀ ကျော်ထဲက တစ်ဝက်လောက်ပဲပေါ့နော်။ ကျန်တစ်ဝက်က စစ်သားတွေရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ Non – CDM တွေက ဒီတိုက်ပွဲ ဖြစ်တာနဲ့ ဒီစစ်ခွေး (စစ်ကောင်စီ) ထံကို သွားရောက်ခိုလှုံကြသူတွေ ဖြစ်ပါတယ်။ Non- CDM ကြီးပဲ သီးသန့်ခွဲထားတာတော့ မရှိဘူး။ လက်နက်ကိုင်နဲ့ လက်နက်မကိုင်တဲ့ လူကိုပဲ အခုက ခွဲထားတာ ရှိပါတယ်။

မေး – စစ်သုံ့ပန်းတွေထဲမှာ ဘယ်လိုအရာရှိတွေ ပါဝင်ပါသလဲ။

ဖြေ- အခုက ဒီမတူပီက ရာထူးကြီးဆုံးတွေကိုလည်း ဖမ်းထားတာ ရှိပါတယ်။ အရေအတွက်အားဖြင့်က ၁၀ ကျော်လောက်ကို ရှိပါတယ်။ ရာထူးအကြီးဆုံးအနေနဲ့က ဗျူဟာမှူးတွေ ပါဝင်ပါတယ်။

မေး – တောထဲမှာ စစ်သုံ့ပန်းအုပ်စုဝင်တွေထဲက အစာရေဆာ ငတ်ပြတ်မှုနဲ့ ဆေးဝါးကုသမှု မရလို့ သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း ပြောပြပေးပါဦး။

ဖြေ – သေဆုံးမှုတွေက တော်တော်များတယ်။ သူတို့ အရင်က တိုက်ပွဲ ဖြစ်တုန်းက သေဆုံးတာလည်း ရှိသလို ၊ တောထဲ တောင်ထဲမှာ အစာရေဆာ ငတ်ပြတ်ပြီးတော့မှ သေဆုံးတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ပြီးတော့ကျန်းမာရေး ပေါ့လေ။ အထူးသဖြင့် အစာအိမ်ရှိတဲ့ လူလည်း ရှိသလို၊ ဒီအဆုတ် မကောင်းတဲ့ အခံရှိတဲ့ လူတွေလည်း အများကြီး ပါသွားတော့ ကျန်းမာရေးကြောင့် သေဆုံးတဲ့ စစ်သုံ့ပန်းအုပ်စုဝင်တွေလည်း အများကြီးရှိပါတယ်။ ဒီမဖမ်းခင်မှာပေါ့လေ။ ကျနော်တို့က စခန်းတွေ သိမ်းတယ်။ ထပ်သိမ်းတယ်။ နည်းနည်းလေး သူတို့နေရာ ကျဉ်းသွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့လည်း ခင်ဗျာတို့ အလင်းဝင်ပါ။ ဆက်ပြီးတော့ သေနေမှာပဲပေါ့လေ။ အဆင်ပြေနေကြတာလည်း မဟုတ်ဘူးပေါ့လေ။ သေချာလေးကျနော်တို့က စောင့်ရှောက်ပေးပါမယ်ပေါ့။ အခု ကျနော်တို့ လုပ်နေသလိုမျိုးပဲ။ ကျနော်တို့က စောင့်ရှောက်ပေးမယ်ဆိုတာကို သူတို့က မကြိုက်ဘူး။ တောထဲမှာ အများကြီး မလိုအပ်ပဲနဲ့ သူတို့ အသက်တွေ အများကြီး ဆုံးရှုံးသွားတယ်။ ပိုပင်းပန်တယ်။ ကျန်းမာ ရေးလည်း အများကြီး ပိုထိခိုက်တယ်။ ကလေးတွေဆိုရင် တော်တော်လေး သနားစရာ ကောင်းပါတယ်။ အရင်ကတည်းကနေ ကျနော်တို့ အလင်းဝင်ပါဆိုတာကို ပြောထားပြီးပြီဖြစ်တယ်။

မေး – တောထဲမှာ သေဆုံးမှုက ဘယ်လောက်ရှိပါသလဲခင်ဗျာ။

ဖြေ- တောထဲမှာ သေဆုံးသွားကြတာက ၅၀ ကျော်လောက်ရှိတယ်။ ကလေးတွေလည်းပါတယ်။ လသားအရွယ် ကလေးတွေလည်းပါတယ်။ ကလေးတွေဆိုရင် ပိုဆိုးတာပေါ့။ ကျန်းမာရေးကလည်း ဘာမှ ခုခံအားကလည်း မကောင်းသေးဘူးဆိုတော့ အများကြီး။ အသက်ကြီးတဲ့ လူတွေလည်း ပါသလို၊ လသားအရွယ်ကလေးတွေလည်းပါတယ်။ စစ်မှုထမ်းတွေ၊ ရဲတွေလည်း အများကြီးပါပါတယ်။

မေး – ပထမသုတ်နဲ့ ဒုတိယအသုတ် စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိတာမှာ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလည်း ဖြေပေးပါဦးဆရာ။

ဖြေ – လက်နက်ခဲယမ်းတွေလည်း အများကြီး ရတာပေါ့။ အရေအတွက်ကတော့ လူနဲ့ မတိမ်းမယိမ်းပါပဲ။ ကျနော်တို့ အများကြီးရထားပါတယ်။ ဒုတိယအသုတ်မှာဆိုရင် လက်နက်တွေက ၁၀၀ ကျော်ကျော်ရတယ်။ ပထမအသုတ်မှာလည်း ရာဂဏန်းနီးဝန်းကျင်ရတယ်။

မေး – ဘယ်လိုမျိုး ဖမ်းဆီးရမိပါသလဲခင်ဗျာ။

ဖြေ – တောထဲမှာ ကျနော်တို့ ဖမ်းဆီးရမိတဲ့အခါမှာလည်း ကျနော်တို့က ခင်ဗျားတို့တွေ လက်နက်ချပါ။ အလင်းဝင်ပါ။ အလံဖြူထောင်ပါဆိုတာကို မရလို့ ခံပစ်တာမျိုးတွေရှိလို့ ကျနော်တို့က ပစ်ပြီးတော့မှ၊ အကုန်လုံး ဝိုင်းထားပြီးတော့မှ ဖမ်းတဲ့အနေအထားဖြစ်ပါတယ်။ အခုက ကျနော်တို့ စောင့်ရှောက်ထားတယ်။ လိုအပ်တဲ့ စောင်တွေ၊ ရေနဲ့ စားနပ်ရိက္ခာတွေ ပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အကောင်းဆုံး ပေးထားပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့အဖွဲ့တွေကိုပေါ့နော်။ အကောင်းဆုံး စောင့်ရှောက်ထားပါတယ်။

မေး – ဘာကြောင့် သူတို့က အဖမ်းမခံပဲ တောတောင်ထဲ ပြေးကြတာလဲ။ တောင်တောင်ထဲ ဒီလောက် ငတ်ငတ်ပြတ်ပြတ်နဲ့ ဖြစ်နေတာတောင်မှ ဒီလို ခုခံနေလို့ ပစ်ပြီးဖမ်းရတယ်ဆိုတော့ အဲဒါဟာ ဘယ်လိုကြောင့်ပါလဲခင်ဗျာ။

ဖြေ – အဲဒါက ကျနော်တို့ သုံးသပ်ချက်အရဆိုရင် သူတို့တပ်မှူးတွေ လုံးဝ အသုံးမကျတာပါ။ စီမံခန့်ခွဲရေး တလွဲလုပ်လို့ပါ။ အရင်ကတည်းက ပြောတယ်ပေါ့။ အရင်ကတည်းက ထွက်ချင်တယ်။ ဒါပေမယ့် အထက်အမိန့်အရပုံစံမျိုးနဲ့ ကျနော်တို့ လုပ်တာဆိုတာမျိုးပဲ ရှိပါတယ်။ အဓိကက အထက်အရာရှိတွေထဲမှာ အမိန့်ပေးတဲ့လူတွေကသာ အခြေအနေကို သုံးသပ်ပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အခု ကျနော်တို့ CDF တွေ၊ ကျနော်တို့ ချင်းညီနောင်တို့ကို စစ်ရေးအခြေအနေမှန်ကို သုံးသပ်ပြီးတော့မှ အစကတည်းက စီမံကွပ်ကဲရေးမှန်ရင်တော့ အဲလိုဖြစ်စရာ အကြောင်းတော့ မရှိဘူး။ ကျနော်တို့လည်း သေချာလေး လက်ခံမယ်။ စောင့်ရှောက်ပေးဖို့လည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က မရ၊ မက ရုန်းထွက်မယ်ဆိုတာမျိုးနဲ့ အရာရှိတွေက လုပ်ကြည့်တော့ မအောင်မြင်ခဲ့ဘူး။ ဒီရာသီအခြေအနေ၊ တောတောင်အခြေအနေနဲ့ စစ်ရေးအခြေအနေအရက လုံးဝ အဆင်မပြေတာပါ။ အဲလိုဖြစ်တာက ကျနော်တို့ သုံးသပ်တာက သူတို့အရာရှိတွေ စီမံခန့်ခွဲရေး လွဲမှားမှုကြောင့်ပါ။

မေး – ဘယ်လိုမျိုး နေရာတွေမှာ သူတို့ကို ဖမ်းဆီးခဲ့ရပါသလဲ။

ဖြေ – ချင်းတောင်ကတော့ သိတဲ့အတိုင်းပဲ တောင်တွေက မြင့်တယ်။ တောက နက်တယ်။ ဘာမှ အစားအသောက်အဆင်မပြေဘူး။ ရောဂါကလည်း များတယ်။ မိုးတွင်းဆိုတော့ ။ သူတို့က စောင်တွေလည်း မရှိဘူး။ ဒီ့အတိုင်း မိုးထဲ လေထဲမှာ လသားကလေးငယ် တွေက အစ အိပ်ရတယ်။ မိုးရွာရင်လည်း ဒီ့အတိုင်းပဲ။ တော်တော်များများက ဒီ့အတိုင်း အိပ်ရတယ်။ စားဖို့ဆိုရင်လည်း မရှိဘူး။ သစ်ရွက်တွေပါ စားရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ကလေးတွေက အစပေါ့နော်။ တချို့ဆိုရင် ပိန်ချုံ့ပြီးတော့မှ အရိုးပေါ် အရေတင်ပြီး ပြန်လာကြရတယ်။ ချင်းတောင်က တောတွင်းအခြေအနေကတော့ တော်တော်လေးခက်ခဲတဲ့ အနေအထားပါ။

မေး – ဆရာတို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာက ဆေးဝါးရှားပါးနေပေမယ့်လည်း စစ်သုံ့ပန်းတွေကို ကုသပေးနေရတယ်လို့ သိရပါတယ်။ စစ်သုံ့ပန်းအုပ်စုဝင်တွေရဲ့ကျန်းမာရေးအခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – ဆေးဝါးရှားပါးတယ်ဆိုတာက သယ်ယူရေးက တော်တော်လေး ခက်ခဲတယ်။ တဖက်က အောက်ပြည်က ဆေးဝါးသယ်တာက အစ၊ စစ်ကောင်စီက ပိတ်ပင်တာ၊ ပစ္စည်းတွေကို လိုသလောက် ဝယ်လို့ မရနိုင်တာလည်း အများကြီးရှိတယ်။ တစ်ဖက်က ဆေးဝါး တွေလည်းလည်း ဒီနွေဦးတော်လှန်ရေးကာလမှာက ဝယ်ရခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်။ အဲလိုခက်ခဲတဲ့အခြေမှာ ရှိတဲ့ ဆေးဝါးလေးနဲ့။ ကျနော်တို့ဆီမှာလည်း အများကြီး မရှိဘူး။ တပ်တွင်းမှာလည်း သုံးနေရတယ်။ ပြည်သူတွေလည်း လိုအပ်ရင် မျှသုံးပေးရတယ်ဆိုတော့ ဆေးတွေက ချင်းတောင် တပြည်လုံးမှာ ရှားပါးတယ်လို့ ပြောလို့ ရပါတယ်။ အဲလို ရှားပါးမှုထဲကနေမှ စစ်သုံ့ပန်းတွေအတွက်လည်း လူသားချင် စာနာမှုနဲ့ ဆေးဝါးကုသမှု ပေးနေပါတယ်။ ဖမ်းဆီးစဉ်မှာ တွေ့ရတဲ့အခြေအနေတွေက အစာရေဆာ ပြတ်လပ်တော့ အရိုးပေါ် အရေတင်ပေါ့။ အကုန်လုံးက အားပြတ်တဲ့အနေအထားရှိတယ်။ တချို့က တောတောင် ဆိုတော့ တောင်တွေကို တက်ရတယ်။ တစ်လအတွင်းမှာ တောထဲ တောင်ထဲမှာ သွားနေရတော့ ခြေထောက်မှာ သဲဝဲ စားတာတို့၊ ငှက်ဖျားတို့၊ တုတ်ကွေးတို့ပေါ့နော်။ အမျိုးမျိုးရှိပါတယ်။

မေး – ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလားခင်ဗျာ။

ဖြေ – မတူပီ အတွေ့အကြုံအရဆိုရင် စစ်ကောင်စီက ချင်းပြည်နယ်မှာက တော်လှန်ရေးအင်အားစုတွေလည်း အားကောင်းလာတယ်။ အဲဒီတော့ ဖြစ်နိုင်ရင် တိုက်ပွဲတွေမှာ တပ်မှူးတွေအနေနဲ့ ချင့်ချိန်ပြီးတော့မှ ကျနော်တို့ ချင်းညီနောင်တွေ၊ မဟာမိတ်တွေ ထိုးစစ်ဆင်တဲ့အခါမှာ အမြန်ဆုံး အလင်းဝင်ဖို့ လိုပါတယ်။ အဲလို အလင်းမဝင်ပဲနဲ့ စီမံခန့်ခွဲမှု အလွဲလွဲအမှားမှားတွေ လုပ်ပြီးတော့မှ မသေသင့်တဲ့ ကလေးတွေက အစ ၊ သေနေရတယ်။ ပင်းပန်ဆင်းရဲရတယ်။ နောက်ဆုံးတော့လည်း ကျနော်တို့ ဆီပဲ ပြန်ရောက်တာ ဆိုတော့ ရောက်မှာချင်းအတူတူဗျာ။ အမြန်ဆုံး အလင်းဝင်တာက အကောင်းဆုံးဖြစ်မယ်လို့ စစ်ကောင်စီဘက်က တပ်မှူးတွေကို စကားပါးချင်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.