Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအနီး ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်က မီးရှို့

အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအနီး ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်က မီးရှို့

0
By Editor on August 15, 2022 Headline

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့အနီး ဟိုင်မွာလ်ရွာသစ်တွင် ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် လူနေအိမ်များ မီးလောင်မှုဖြစ်ပွားကာ ယခုချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်သည်။

မီးလောင်ကျွမ်းမှုကို တဖက်မီဇိုရမ်ပြည်နယ်ဘက်မှ လှမ်းမြင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ကာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦးမွာ ချင်းကာကွယ်ရေးဘက်သို့ လက်နက်မပါပဲ ထွက်ပြေးအလင်းဝင်ခဲ့ကြသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာသောကြောင့် ယနေ့ညနေပိုင်းတွင် ဟိုင်မွလ်ရွာသစ်သို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။

ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း (ကလေး-တီးတိန်-ရိ) ပေါ်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ရိခေါဒါရ်မြို့နှင့် တစ်မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.