Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ဆက်လက်ပိတ်ထား၊ နယ်စပ်နေပြည်သူများ စားဝတ်နေရေး ပိုပိုခက်ခဲလာ

အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ဆက်လက်ပိတ်ထား၊ နယ်စပ်နေပြည်သူများ စားဝတ်နေရေး ပိုပိုခက်ခဲလာ

0
By Editor on August 27, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် ၂ နယ်စပ်ကုန်သွယ် ရေးကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ကို အိန္ဒိယဗဟိုအစိုးရက ပိတ်ပင်ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကာ နယ်စပ်နေပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည်ဆိုသော တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးရန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) အဖွဲ့က နယ်စပ်ကိုသွားရောက်မည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်ကစ၍ မြန်မာဘက်က ကုန်ပစ္စည်းအဝင်အားလုံးကို မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် နှစ်နိုင်ငံနယ်စပ်နေပြည်သူများအား လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ပြုထားသော်လည်း ယခင်ကဲ့သို့ မြန်မာကုန်ပစ္စည်းများကို တံတားပေါ်မှသော်လည်းကောင်း၊ အခြားသော နယ်စပ်ဝင်ပေါက်လမ်းမှသော်လည်းကောင်း ဖြတ်သန်းသယ်ယူပို့ဆောင်ခွင့်မပြုတော့ခြင်းဖြစ်သည်။

ထိုကဲ့သို့သောအခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးအား မှီခိုအားထားနေရသော ပြည်သူများ၊ ကုန်တင်ကုန်ချသမားများ၊ နေ့စားအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်လာကြပြီး စားဝတ်နေရေးအတွက် အခက်ကြုံလာကြရသည်ဟု နယ်စပ်နေပြည်သူတစ်ဦးကပြောသည်။

“နယ်စပ်မှာက အများအားဖြင့်တော့ ကုန်တင်ကုန်ချအလုပ်သမားတွေများတယ်လေ၊ ဒီလိုမဖြစ်ခင်တုန်းကတော့ ကုန်တင်ကုန်ချသမားတစ်ယောက်ဟာ တစ်ပတ်မှာ ကျပ် ၂ သိန်းဝန်းကျင်လောက်ပုံမှန်ရနိုင်တယ်၊ အခုတော့ မီဇိုရမ်ဘက်က ကုန်အဝင်ပိတ်ထားတော့ ကုန်တင်ကုန်ချလုပ်အလုပ်ကလည်းမရှိသလောက်ဖြစ်သွားတယ်၊ တစ်ရက်မှာ တစ်သောင်းရဖို့တောင် ခက်လာပြီ” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးကပြောသည်။

ရိခေါဒါရ်မြို့နေပြည်သူများသည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုသာအဓိကအားထားနေရပြီး ကုန်ချကုန်ချအလုပ်လုပ်ကိုင်သူ အလုပ်သမား ၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးပိတ်ပင်ထားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ခြမ်းက ဇိုခေါထာရ် နှင့် နယ်စပ်ကုန်သွယ်ရေးကိုအားထားနေရသော ကျေးရွာများမှာလည်း အလုပ်လက်မဲ့၊ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာများ ရင်ဆိုင်နေကြရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်ဘက်ခြမ်း ဇိုခေါထာရ်ကျေးရွာမှာလည်း ကုန်တင်ကုန်ချအလုပ်သမား ၄၀၀ ဝန်းကျင်ခန့်ရှိကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်းအဝင်မရှိသည့်အတွက် အလုပ်လက်မဲ့ဖြစ်နေကြသည်ဟု Zokhawthar Transport Union အဖွဲ့က ပြောသည်။

ထို့အပြင် မြန်မာဘက်က ခရီးသည်များလည်း အဝင်နည်းပါးလာသည့်အတွက် ဆိုင်ကယ်ကယ်ရီ၊ ဈေးဆိုင်၊ ထမင်းဆိုင်များလည်း အရောင်းအဝယ်ပါးပြီး နေ့စဉ်ဝင်ငွေရရှိမှုထိခိုက်လာနေကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ ငွေလှဲဈေးမှာလည်း အိန္ဒိယ တစ်ရူပီးမှာ မြန်မာ ၆၇ ကျပ်ဝန်းကျင်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.