Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အရင်က PDF တွေကို ပြည်သူ့ဘက်တော်သားတွေလို့ မြင်လာရာက ၂၀၂၂ လည်းရောက်ရော လက်ရဲဇက်ရဲ လူတွေသတ်ချင်တိုင်းသတ်နေတဲ့ အကြမ်းဖက်တွေလိုပဲမြင်လာကြပြီ ဆိုတဲ့ဝါဒဖြန့်သတင်းအမှား

အရင်က PDF တွေကို ပြည်သူ့ဘက်တော်သားတွေလို့ မြင်လာရာက ၂၀၂၂ လည်းရောက်ရော လက်ရဲဇက်ရဲ လူတွေသတ်ချင်တိုင်းသတ်နေတဲ့ အကြမ်းဖက်တွေလိုပဲမြင်လာကြပြီ ဆိုတဲ့ဝါဒဖြန့်သတင်းအမှား

0
By Editor on February 28, 2022 Khonumthung

“ဒေါက်တိုင်တွေဖြိုတယ်ဆိုပြီး ဝန်းထမ်းတွေလိုက်သတ်နေကြတာ လက်နက်မရှိတဲ့လူဆို အမျိုးသမီးလည်းမရှောင် ဘုန်းကြီးလည်းမရှောင် အဘိုးကြီးလည်းမရှောင် ဒလန်အမည်တပ် အနီမဟုတ်ရင် အကုန်သတ်နေကြပြီလို့” Ever Green Account မှ We Love Khit Bone Ka Group မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ချင်း‌ဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော်-ဂန့်ဂေါ် (CDF-KKG) ရဲ့တာဝန်ရှိသူက “ကျနော်ဘက်က မှတ်ချက်ပေးချင်တာကတော့ ကျနော်တို့ဘက်က အဲ့သလိုမျိုးမရှိဘူး၊ အဲ့သတင်းမှာဖော်ပြထားသလိုမျိုးလည်း ကျနော်တို့မလုပ်ကြပါဘူး၊ ဒါမျိုးကိစ္စတွေမရှိပါဘူး၊ စကစထောက်ခံတဲ့ဘက်ကနေမှ ပုံရိပ်တွေကို ဂုဏ်သိက္ခာကျဆင်းအောင် သတင်းအတုဖြန့်ချိတာပဲဖြစ်ပါလိမ်မယ်။” လို့ပြောပါတယ်။

ဆက်လက်ပြီးသတင်းအမှားမှာ ထပ်မံဖော်ပြထားတာက “အနီချင်းလည်းမတည့်ရင်သတ် ပြည်သူတွေအကုန် PDF တွေကို ကြောက်လန့်တကြားနေနေကြရပြီ။ သူတို့မုန်းပါတယ်ဆိုတဲ့ လက်နက်နဲ့အားနည်းတဲ့သူတွေကိုအနိုင်ကျင့်သတ်ဖြတ်တာကို သူတို့ကိုယ်တိုင်ပျော်ပျော်ပြီးလုပ်နေကြပြီ” လို့ရေးသားဖော်ပြထားပါတယ်။

ထိုရေးသာဖော်ပြချက်နဲ့ပတ်သက်ပြီး ချင်း‌ဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော်-ဂန့်ဂေါ် (CDF-KKG) ရဲ့တာဝန်ရှိသူက “ ကျနော်တို့အဓိကတော့ အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာြဖစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီးဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်းပြုလုပ်မှာမဟုတ်ဘူး။” လို့ပြောဆိုထားပါတယ်။

နိုင်ငံရေးမတည်ငြိမ်းမှုများကြားမှား သတင်းတုသတင်းအမှားများစွာဟာ နေ့တိုင်းလိုလို ဆိုရှယ်မီဒီပေါ်မှာပျံနှံ့လျက်ရှိပါတယ်။ လူမျိုးရေး၊ ဘာသားရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတုများ၊ အမုန်းစကားများကို အထူးသတိပြုသင့်ပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှ သတင်းတွေကိုသာဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.