Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် MBDF, GPDF တို့ မဟာမိတ်ဖွဲ့စည်း

အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် MBDF, GPDF တို့ မဟာမိတ်ဖွဲ့စည်း

0
By Editor on August 3, 2023 Khonumthung

(06SV)

မကွေးတိုင်းအတွင်းမှာ စစ်ရေးလှုပ်ရှားသော အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုတို့ မဟာမိတ်ဖွဲ့စည်းလိုက်ပြီး ညီရင်းအစ်ကိုပမာ စိတ်ဓါတ်ဖြင့် အမိန့်တစ်ခုထဲအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (MBDF) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GPDF) တို့သည် ဩဂုတ်လ (၁) ရက်မှ စ၍ မဟာမိတ်အဖြစ်ပူးပေါင်းပြီး စစ်ဆင်ရေးများကို အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ အတူတကွ ပူပေါင်းလက်တွဲသွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခြင်းဖြစ်သည်။

“ကျနော်တို့ ဒီလိုဖွဲ့စည်းလိုက်တာက နယ်မြေအခြေအနေကြောင့်ပါ။ နယ်မြေအခြေအနေဆိုတာက စစ်ရေးလှုပ်ရှားတဲ့ နယ်မြေတွေကလည်း အတူတူဖြစ်ကြတယ်။ အဲတော့ အလုပ်အတူတူ လုပ်ကြမယ်ဆိုပြီးတော့ မဟာမိတ်ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။ကျနော်တို့ အရှိုချင်းကာကွယ်ရေးတပ်မှာ မူဝါဒတစ်ခုရှိတယ်။ စစ်အာဏာရှင်ကို တွန်းလှန်မယ့် မည်သည့်အဖွဲ့နဲ့မဆို ကျနော်တို့က တွန်းလှန်သွားမယ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်” ဟု အရှိုချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီးလေဗွေက ပြောသည်။ 

ယခုကဲ့သို့ မဟာမိတ်ဖွဲ့စည်းလိုက်ပြီးနောက် စစ်ရေးလှုပ်ရှားမှုများတွင် စနစ်ကျသော အမိန့်ပေးကွပ်ကဲမှု (Chain of Command) တစ်ရပ် တည်ဆောက်၍ အခြေားသော မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း လက်တွဲ ဆောင်ရွက်သွားမည်ဟု သိရသည်။ 

မဟာမိတ် (၃) ဖွဲ့သည် အနာဂါတ်နိုင်ငံတော်အား ဖက်ဒရယ်စနစ်ကို အခြေခံ၍ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော နိုင်ငံတော်သစ်တစ်ရပ်ကို ဖော်ဆောင်ရန် ရည်မှန်းသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.