Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

0
By Editor on May 27, 2025 Khonumthung

(006SV)

မြန်မာနိုင်ငံတွင် ပြန့်နှံ့စွာ နေထိုင်နေသော အရှို (ချင်း) တိုင်းရင်းသားများသည် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေးကို အကောင်အထည်ဖော်နိုင်ရန်အတွက် အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေးကို အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ – ACNFC က လက်တွေ့ကျကျ လုပ်ဆောင်သွားမည်ဟု သိရသည်။

နွေဦးတော်လှန်ရေးတွင် အရှို (ချင်း) တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် ပျောက်ကွယ်မနေဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်း လှန်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် လက်တွဲပြီး အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီက ဆောင်ရွက်နေသည်ဟု ACNFC ထံမှ သိရသည်။

“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးမှာ အရှိုချင်းတိုင်းရင်းသားတွေအနေနဲ့ ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာနဲ့ အုပ်ချုပ်ရေးအာဏာတို့မှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်သွားမယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီး ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့ ကျနော်တို့ ဆောင်ရွက်မယ်” ဟု အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ – ACNFC ပြောရေးဆိုခွင့်ရှိသူ Salai Black Hole က ပြောသည်။

ACNFC သည် ၎င်း၏ မူဝါဒပါ ရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတော်လှန်ရေးကာလတွင် အရှို (ချင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် အရှို(ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း လက်တွေ့ကျကျ လုပ်ဆောင်သွားမည်ဟု သိရသည်။

အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီသည် အရှို (ချင်း) အမျိုးသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် မြင့်တင်နိုင်ရေးကို လုပ်ဆောင်သွားမည်ဟုလည်း Salai Black Hole က ပြောသည်။

အရှို့ချင်းတိုင်းရင်းသားများသည် မကွေး၊ ပဲခူး၊ နေပြည်တော်၊ ဧရာဝတီ၊ ရန်ကုန်နှင့် ရခိုင်တို့ရှိ မြို့နယ်ပေါင်း ၃၉ မြို့နယ်တွင် ပြန့်နှံ့စွာ နေထိုင်ကြပြီး လူဦးရေအားဖြင့် ၄ သိန်းကျော်ရှိသည်ဟု သိရသည်။

ACNFC ကို ပြည်တွင်း/ပြည်ပရှိ အရှိုချင်းပြည်များကို အခြေခံပြီး ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီဟု သိရသည်။

“ဒေသအသီးသီးမှာ ပြန့်နှံ့နေထိုင်ကြတဲ့ အရှိုချင်းတိုင်းရင်သား လူထုတစ်ရပ်လုံးရဲ့ လူသားအရင်းအမြစ်ကို ဖော်ဆောင်ရင်းနဲ့ အရှိုချင်းတိုင်းရင်းသား တရပ်လုံးကို အခြေခံပြီးတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ အခြားကိစ္စရပ်တွေကို ဦးစီးဦးဆောင်ပြုသွားမယ့် အရှိုချင်းတိုင်းရင်သားတွေအားကို ကိုယ်စားပြုဖွဲ့စည်းခဲ့ပါတယ်” ဟု ACNFC ပြောရေးဆိုခွင့်ရှိသူ Salai Black Hole က ပြောသည်။

အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ မူဝါဒအရ မကွေးဒေသ အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီနှင့် ပဲခူးဒေသအရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီတို့ကို ဖွဲ့စည်းပြီး လက်တွေ့ကျကျ ဆောင်ရွက်မှုအဖြစ် ကြားကာလ အုပ်ချုပ်ရေး အစီအမံရေးဆွဲရေး ကော်မရှင်တို့မျာ အရှိုကိုယ်စားပြု၍ ဥပဒေများကို ပါဝင်ရေးဆွဲနေသည်ဟု သိရသည်။

ACNFC ဗဟို ၏ မူဝါဒအရ တိုင်းဒေသကြီး ၅ ခု၊ ပြည်နယ် ၁ ခုတို့တွင် ပြန့်နှံ့နေထိုင်ကြသော အရှို (ချင်း) တိုင်းရင်းသားများအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆောလျင်စွာ ပေါ်ပေါက်လာနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ အရှိုချင်းတိုင်းရင်းသားများအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ACNFC – ပဲခူးကလည်း ထုတ်ပြန်ထားသည်။

ACNFC သည် အရှိုချင်းဒေသများက အရှိုချင်းစစ်ဘေးရှောင် ကျောင်းသူ/သားများ၊ CDM ကျောင်းသူ/သားများ ပညာသင်ကြားနိုင်ရန် NUG အစိုးရ အသိအမှတ်ပြု အွန်လိုင်းစာသင်ကျောင်းတွင် ချိတ်ဆက်ပေးပြီး ပညာသင်ကြားပေးနေသည်ဟု သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ချင်းအမျိုးသားနေ့ကို အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီ (ACNFC) နှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်း၍ ကျင်းပခဲ့သည်ဟု သိရသည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် အရှိုချင်းတိုင်းရင်သားများသည် CDF – အရှိုနှင့် ACDF ဟူ၍ ချင်းကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့တည်ထောင်ကာ တော်လှန်တိုက်ခိုက်နေသကဲ့သို့ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း စစ်ကောင်စီကို ပါဝင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.