Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် အသင်းတော်ကို ငွေပြန်လှူ

အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် အသင်းတော်ကို ငွေပြန်လှူ

0
By Editor on August 28, 2023 Headline

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် PDF-Zoland ထံ အလင်းဝင်လာသော စစ်ကောင်စီရဲတပ်သားသည် ချီးမြှင့်ငွေသိန်း ၅၀ထဲမှ ၁၀ သိန်းကျော်ကို စစ်ကောင်စီတပ်၏ မတရား သတ်ဖြတ်ခံရသူများအတွက် ရည်စူး၍ကောင်းမှုပြုလုပ်ရန် အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့သည်ဟု PDF – Zoland က ထုတ်ပြန်သည်။ 

ဩဂုတ် ၂၀ရက်တွင် တီးတိန်မြို့၊ ရိပ်သာတစ်ခုမှာ တာဝန်ကျနေစဉ် CDM ပြုလုပ်ရန် ထွက်ပြေးလာခဲ့သော ရဲတပ်သား (၂) ဦးထဲမှ ရဲတပ်သား ဂျူလီ (Julio) သည် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်နိုင်မှုကြောင့် ချီးမြှင့်ငွေထဲမှ ၁၂ သိန်းကို ချင်းပြည်နယ် ထဲက အသင်းတော်တစ်ခုထံကို ဩဂုတ် ၂၃ ရက်မှာ ပြန်လှူခဲ့သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထော်နီက ပြောသည်။ 

“ဂျူလီကလေ အဓိကက ဘုရားကျောင်းမှာ လှူတာက စစ်တပ်က ပြည်သူ ကလေးငယ်တွေရော မီးရှို့သတ်ပစ်တဲ့ မြင်ကွင်းကြောင့် စိတ်မကောင်းစွာနဲ့ သူတို့အတွက် ဆုတောင်းပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်” ဟု ဆလိုင်းထော်နီက ပြောသည်။ 

MA 3 (၂) လက်၊ ကျည်ဆံ (၂၀၀) ကျော်၊ ကျည်အိမ် (၈) ခု စသဖြင့် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်လာသူ ရဲတပ်သား ဂျူလီ (Julio) တို့ ၂ ဦးကို တစ်ဦးလျှင် သိန်း (၅၀) ကျပ်စီ ချီမြှင့်ခဲ့ပြီး ၎င်းတို့မှာ လွတ်မြောက်နယ်မြေကို ဘေးကင်းကင်းနှင့် ရောက်ရှိသွားပြီဟု သိရသည်။ 

အာဏာသိမ်းပြီးနောက် တီးတိန်မြို့နယ်မှာ စစ်အာဏာရှင်ခုခံတော်လှန်ရေး ဆောင်ရွက်နေသော PDF -Zoland ထံသို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်သူ ၄ ဦး အပါအဝင် အလင်းဝင်လာသော ရဲ၊ စစ်သား ၂၀ နီးပါးခန့်ရှိသည်။

လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်လာသူများကို အနည်းဆုံး သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရန် အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးနေသည့်အတွက် ရဲနှင့် စစ်သားများ CDM ပြုလုပ်ကြရန် အမြဲဖိတ်ခေါ်သည်ဟု Zoland PDF မှ တာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.