Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အလှူရှင်တွေရဲ့ လှူဒါန်းမှုအပေါ်ရပ်တည်နေတာ‌ကြောင့် လှူဒါန်းမှုအားနည်းလာရင်တော့ ဒုက္ခသည်တွေရဲ့ ရပ်တည်ရေးပိုင်းမှာ အခက်ခဲစိန်ခေါ်မှုများရှိလာနိုင်တယ်”

“အလှူရှင်တွေရဲ့ လှူဒါန်းမှုအပေါ်ရပ်တည်နေတာ‌ကြောင့် လှူဒါန်းမှုအားနည်းလာရင်တော့ ဒုက္ခသည်တွေရဲ့ ရပ်တည်ရေးပိုင်းမှာ အခက်ခဲစိန်ခေါ်မှုများရှိလာနိုင်တယ်”

0
By Editor on July 7, 2022 Featured

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တနိုင်ငံလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုများဖြစ်ပွားလာပြီး စစ်ရေးပဋိပက္ခ ပြင်းထန်လာမှုကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ဒေသခံပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများကို အိန္ဒိယဗဟိုအစိုရက လက်မခံခဲ့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက နွေးထွေးစွာလက်ခံကြိုဆိုပြီး စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ပေးခဲ့သည်။

စစ်ဘေးရှောင်ပြည်သူများထဲမှ ထက်ဝက်ခန့်သည် မီဇိုရမ်ပြည်နယ် ခရိုင် ၈ ခုတွင် ဖွင့်လှစ်ထားသော Relief Camp ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြပြီး ကျန်တဝက်ခန့်မှာ စခန်းပြင်ပတွင် အိမ်ငှားနေထိုင်ကြရပါသည်။ စစ်ဘေးရှောင်ပြည်သူအများစုသည် စေတနာအလှူရှင်များ၏ လှူဒါန်းထောက်ပံ့ပေးမှုဖြင့်သာ ရပ်တည်နေကြရသည်။

ယခုဆိုလျှင် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသည်မှာလည်း တစ်နှစ်ကျော်ရှိလာပြီဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ၏ ဘဝရပ်တည်မှုအခြေအနေ အခက်အခဲ စိန်ခေါ်မှုများနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော Myanmar Refugee Relief Committee- Mizoram (MRRCM) အတွင်းရေးမှူး Salai Hulian နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး – ပထမဆုံးအနေနဲ့တော့ ဆရာတို့ရဲ့အဖွဲ့အစည်းအကြောင်း ပြောပြလို့ရမလား။ ဘယ်တုန်းက ဘယ်လို စတင်ဖွဲ့စည်းဖြစ်ကြတာပါလဲ။

ဖြေ – မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRCM သည် မီဇိုရမ်ရှိ မြန်မာဒုက္ခသည်များအတွက်သာ တည်ထောင်ထားသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တယ်။ မီဇိုရမ်ကျောင်းသားသမဂ္ဂ၊ Myanmar Action Group ဒိန်းမတ်၊ ချင်းရေးရာအဖွဲ့ချုပ်၊ မြောက်အမေရိက ချင်းနှစ်ခြင်းခရစ်ယာန်အသင်း၊ ချင်းကျန်းမာရေးအဖွဲ့၊ ဒေသခံကျေးရွာ ဒုက္ခသည်များကော်မတီတွေနှင့် ဒုက္ခသည်များအတွက် လုပ်ဆောင်နေသော အခြား NGO များနှင့်ပူးပေါင်း၍ MRRCM ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။

မေး – ဆရာတို့အဖွဲ့အနေနဲ့ ဘယ်လိုကဏ္ဍတွေ၊ ဘယ်အပိုင်းတွေကို အဓိကလုပ်ဆောင်နေလဲ။

ဖြေ – MRRCM အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းလုပ်သားတွေ ဖြစ်ကြပါတယ်။ MRRCM ဟာ မီဇိုရမ်ပြည်နယ်ရှိ ဒုက္ခသည်တွေနဲ့ စေတနာ အလှူရှင်များအကြား တံတားတစ်ခုသဖွယ် လုပ်ဆောင်ပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။

မေး – စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူတွေ ဘယ်လောက်လောက်ရှိသွားပြီလဲ။

ဖြေ – စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိ လက်လှမ်းမှီသလောက် ရေတွက်ထားတာက ၃၈၀၀၀ ကျော်ရှိပါတယ်။ မရေတွက်နိင်သေးတာနဲ့ဆိုရင် အားလုံး ဦးရေ ၄၅၀၀၀ ကျော် ရှိနိုင်မယ်ထင်ပါတယ်။

မေး – သူတို့တွေက အဓိက ဘယ်မှာနေထိုင်ကြပြီးတော့ ဘယ်လိုရပ်တည်နေကြရတာပါလဲ။

ဖြေ – မီဇိုရမ်ပြည်နယ်မှာ ခရိုင် (၁၁) ခုရှိတဲ့အနက် မြန်မာဒုက္ခသည်တွေဟာ ခရိုင် (၈) ခုအတွင်းမှာသာနေကြပြီး Champhai ခရိုင်က အများဆုံးနေရာဖြစ်တယ်။ ဒုက္ခသည်တွေထဲမှာ အရပ်သား စစ်ဘေးရှောင်ဒုက္ခသည်နဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတွေဆိုပြီးတော့ မတူညီတဲ့ ဒုက္ခသည်တွေရှိတာ တွေ့ရပါတယ်။ အများစုကတော့ ဒုက္ခသည်စခန်းမှာနေပြီး အချို့သောသူတွေကတော့ အိမ်ဌားနေပြီး စားဝတ်နေရေးအတွက် မိမိတတ်နိုင်ရာအလုပ်တွေ ရှာဖွေလုပ်ကိုင်စားသောက်နေထိုင်ကြတယ်။

မေး – စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေက ဘာလဲ၊ အဓိကလိုအပ်ချက်တွေက ဘာလဲ။

ဖြေ – လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ အခုလက်ရှိအခြေအနေကတော့ အလှူရှင်တွေရဲ့ ပေးကမ်းလှူဒါန်းမှုအပေါ်မှာပဲ ရပ်တည်နေကြရပါတယ်။ ဒုက္ခသည်တွေအတွက် အစားအသောက်အခက်ခဲမှုက အကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

မေး- ဆရာတို့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုရံပုံငွေတွေရှာဖွေပြီးတော့ ဘယ်လိုအကူအညီတွေ ပေးနေတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ – မီဇိုရမ်ပြည်နယ်အတွင်းနဲ့ နိုင်ငံတကာမှာနေထိုင်ကြတဲ့ လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝန်းအခြေပြုအဖွဲ့အစည်းတွေ၊ NGO တွေကနေ လှူဒါန်းမှုရရှိတဲ့အပါ်မူတည်ပြီး MRRCM အနေနဲ့ အစားအသောက်၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးထောက်ပံ့မှု၊ ဆေးရုံတက်‌နေရသော်လည်း ငွေကြေးအခက်ခဲမှုကြောင့် ဆေးရုံစရိတ်မတတ်နိုင်သူများနဲ့ ဒုက္ခသည်စခန်းမှာရှိတဲ့ မိသားစုတွေထဲက ပိုပြီးခက်ခဲသော မိသားစုတွေကို ငွေသားနဲ့ သွားရောက်ကူညီတာတို့ လုပ်ဆောင်နေပါတယ်။ အဝတ်အစားနဲ့ အခြားသော ပစ္စည်းတွေအပါဝင် ယနေ့အထိ ကူညီထောက်ပံ့မှု ကုန်ကျစရိတ်စုစု‌ပေါင်း ရူပီးသိန်း ၁၂၀ ဝန်းကျင် (ကျပ်ငွေသိန်း ၃၀၀၀ ခန့်) လောက်ရှိပြီ။

မေး – မီဇိုရမ်ပြည်နယ်အစိုးရဘက်နဲ့ ဒေသတွင်းအဖွဲ့အစည်းတွေဘက်ကကော် ကူညီထောက်ပံ့မှုတွေ ရရှိကြလား။

ဖြေ – အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်မခံပါဘူး။ ဒါပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရကတော့ နွေးထွေးစွာနဲ့လက်ခံကြိုခဲ့ပါတယ်။ အခုဆိုရင် မီဇိုရမ်ပြည်နယ်အတွင်းမှာ လုံခြုံစွာနေထိုင်နိုင်ဖို့ ဒုက္ခသည်အသိမှတ်ပြုကဒ်တွေထုတ်ပေးနေပါတယ်။ တခြားကူညီထောက်ပံ့မှုတွေလည်း ပေးအပ်တာရှိပါတယ်။

မေး- စစ်ဘေးရှောင်ပြည်သူတွေ ကျန်းမာရေးနင့် ပညာရေးပိုင်းမှာ အခွင့်အလမ်း ဘယ်လိုအခြေနေရှိလဲ။ ပညာဆက်လက်သင်ကြားနိုင်ကြလား၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကကော် ဘယ်လိုရှိလဲ။

ဖြေ- ကျန်းမာရေးနင့်ပက်သက်ပြီး Mizorm Student Union, Out Patient Department, Institute of Chin Affair, CBAMA, တို့နင့် MRRCM တို့ ပူးပေါင်းပြီးတော့ နယ်စပ်ဒေသ Zokhawthar ကျေးရွာမှာ ဆေးခန်းဖွင့်ထားပါတယ်၊ Champai မြို့မှာရှိတဲ့ Zote ဒုက္ခသည်စခန်းကိုလည်း တစ်ပတ်တစ်ကြိမ်သွားရောက်ပြီး ဆေးများ ကူညီပေးလေ့ရှိတယ်။ ပညာရေးကဏ္ဍမှာလည်း မီဇိုရမ်အစိုးရက အတတ်နိုင်ဆုံးကူညီပါတယ်။ စစ်ဘေးရှောင်တွေ အထက်တန်းနဲ့ တက္ကသိုလ်အထိ တက်ရောက်နိင်ရေးအတွက် မီဇိုရမ်အစိုရနဲ့ ကြိုးစားနေတယ်။

မေး – မြန်မာ့နိုင်ငံရေးအခြေအနေကလည်း ခန့်မှန်းလို့မရဘူး အခြေအနေက ပိုပိုလို့တောင် ဆိုးလာနေတော့ ဒီမှာ ဆက်ပြီးတိမ်းရှောင်နေရမယ့်သဘောဖြစ်နေတော့ ရေရှည်မှာ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးပိုင်း ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။

ဖြေ – အလှူရှင်တွေရဲ့ လှူဒါန်းမှုအပေါ် ရပ်တည်နေတာ‌ကြောင့် လှူဒါန်းမှုအားနည်းလာရင်တော့ ဒုက္ခသည်တွေရဲ့ အစားအသောက်၊ ရပ်တည်ရေးပိုင်းမှာ အခက်ခဲစိန်ခေါ်မှုများ ရှိလာမှာသေချာပါတယ်။

မေး- စစ်ဘေးရှောင်အရေးနဲ့ပတ်သတ်ပြီး တခြားဘာများ ဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ – စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ မီဇိုရမ်အစိုးရရဲ့ စဉ်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ဒေသတွင်း NGO အဖွဲ့တွေ ဒုက္ခသည်ကူညီရေးအဖွဲ့တွေ၊ ဒေသခံပြည်သူလူထုတွေအတွက် အနှောက်အယှက်ဖြစ်စေမယ့် လုပ်ရပ်မျိုးမရှိအောင် နေထိုင်ခြင်းအားဖြင့် ကူညီပေးကြပါရန် မေတ္တရပ်ခံချင်ပါတယ်။

Zawgyi

“အလႉရွင္ေတြရဲ့ လႉဒါန္းမႈအေပၚရပ္တည္ေနတာ‌ေျကာင့္ လႉဒါန္းမႈအားနည္းလာရင္ေတာ့ ဒုကၡသည္ေတြရဲ့ ရပ္တည္ေရးပိုင္းမွာ အခက္ခဲစိန္ေခၚမႈမ်ားရွိလာနိုင္တယ္”

ခိုနူမ္းသုန္သတင္း၊ ၆ ဇူလိုင္ ၂၀၂၂

ျမန္မာနိုင္ငံတြင္ ေဖေဖာ္ဝါရီလ ၁ ရက္ေန့ စစ္အာဏာသိမ္းမႈျဖစ္ပြားျပီးေနာက္ပိုင္း တနိုင္ငံလံုးတြင္ စစ္အာဏာရွင္စနစ္ ဆန့္က်င္ေတာ္လွန္မႈမ်ားျဖစ္ပြားလာျပီး စစ္ေရးပဋိပကၡ ျပင္းထန္လာမႈေျကာင့္ ခ်င္းျပည္နယ္နွင့္ စစ္ကိုင္းတိုင္း ကေလးျမို့နယ္ထဲက ေဒသခံျပည္သူမ်ားသည္ ခ်င္းျပည္နယ္နွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ အိနၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္သို့ ထြက္ေျပးတိမ္းေရွာင္ခဲ့ျကရသည္။

မီဇိုရမ္ျပည္နယ္သို့ ထြက္ေျပးတိမ္းေရွာင္လာျကေသာ စစ္ေဘးေရွာင္ျပည္သူမ်ားကို အိနၵိယဗဟိုအစိုရက လက္မခံခဲ့ေသာ္လည္း မီဇိုရမ္ျပည္နယ္အစိုးရက ေနြးေထြးစြာလက္ခံျကိုဆိုျပီး စစ္ေဘးေရွာင္စခန္းမ်ားဖြင့္လွစ္ကာ ျပန္လည္ေနရာခ်ထားေရးမ်ား လုပ္ေဆာင္ေပးခဲ့သည္။

စစ္ေဘးေရွာင္ျပည္သူမ်ားထဲမွ ထက္ဝက္ခန့္သည္ မီဇိုရမ္ျပည္နယ္ ခရိုင္ ၈ ခုတြင္ ဖြင့္လွစ္ထားေသာ Relief Camp ကယ္ဆယ္ေရးစခန္းမ်ားတြင္ေနထိုင္ျကျပီး က်န္တဝက္ခန့္မွာ စခန္းျပင္ပတြင္ အိမ္ငွားေနထိုင္ျကရပါသည္။ စစ္ေဘးေရွာင္ျပည္သူအမ်ားစုသည္ ေစတနာအလႉရွင္မ်ား၏ လႉဒါန္းေထာက္ပံ့ေပးမႈျဖင့္သာ ရပ္တည္ေနျကရသည္။

ယခုဆိုလွ်င္ မီဇိုရမ္ျပည္နယ္သို့ စစ္ေဘးတိမ္းေရွာင္လာျကသည္မွာလည္း တစ္နွစ္ေက်ာ္ရွိလာျပီျဖစ္ကာ စစ္ေဘးေရွာင္ျပည္သူမ်ား၏ ဘဝရပ္တည္မႈအေျခအေန အခက္အခဲ စိန္ေခၚမႈမ်ားနွင့္ပတ္သက္၍ စစ္ေဘးေရွာင္မ်ားကို ကူညီေထာက္ပံ့ေပးေနေသာ Myanmar Refugee Relief Committee- Mizoram (MRRCM) အတြင္းေရးမႉး Salai Hulian နွင့္ ဆက္သြယ္ေမးျမန္းထားသည္။

ေမး – ပထမဆံုးအေနနဲ့ေတာ့ ဆရာတို့ရဲ့အဖြဲ့အစည္းအေျကာင္း ေျပာျပလို့ရမလား။ ဘယ္တုန္းက ဘယ္လို စတင္ဖြဲ့စည္းျဖစ္ျကတာပါလဲ။

ေျဖ – ျမန္မာဒုကၡသည္ကယ္ဆယ္ေရးအဖြဲ့ MRRCM သည္ မီဇိုရမ္ရွိ ျမန္မာဒုကၡသည္မ်ားအတြက္သာ တည္ေထာင္ထားေသာ အက်ိုးအျမတ္မယူေသာ အဖြဲ့အစည္းျဖစ္တယ္။ မီဇိုရမ္ေက်ာင္းသားသမဂၢ၊ Myanmar Action Group ဒိန္းမတ္၊ ခ်င္းေရးရာအဖြဲ့ခ်ုပ္၊ ေျမာက္အေမရိက ခ်င္းနွစ္ျခင္းခရစ္ယာန္အသင္း၊ ခ်င္းက်န္းမာေရးအဖြဲ့၊ ေဒသခံေက်းရြာ ဒုကၡသည္မ်ားေကာ္မတီေတြနွင့္ ဒုကၡသည္မ်ားအတြက္ လုပ္ေဆာင္ေနေသာ အျခား NGO မ်ားနွင့္ပူးေပါင္း၍ MRRCM ကို လြန္ခဲ့သည့္ ၂၀၂၁ ခုနွစ္ ေမလ ၄ ရက္တြင္ စတင္ဖြဲ့စည္းခဲ့ပါတယ္။

ေမး – ဆရာတို့အဖြဲ့အေနနဲ့ ဘယ္လိုက႑ဍေတြ၊ ဘယ္အပိုင္းေတြကို အဓိကလုပ္ေဆာင္ေနလဲ။

ေျဖ – MRRCM အမႈေဆာင္အဖြဲ့ဝင္ေတြနဲ့ ဘုတ္အဖြဲ့ဝင္ေတြဟာ ေစတနာ့ဝန္ထမ္းလုပ္သားေတြ ျဖစ္ျကပါတယ္။ MRRCM ဟာ မီဇိုရမ္ျပည္နယ္ရွိ ဒုကၡသည္ေတြနဲ့ ေစတနာ အလႉရွင္မ်ားအျကား တံတားတစ္ခုသဖြယ္ လုပ္ေဆာင္ေပးတဲ့ အဖြဲ့ျဖစ္ပါတယ္။

ေမး – စစ္ေရးပဋိပကၡေျကာင့္ မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္လာတဲ့ ျမန္မာနိုင္ငံဘက္က စစ္ေဘးေရွာင္ျပည္သူေတြ ဘယ္ေလာက္ေလာက္ရွိသြားျပီလဲ။

ေျဖ – စစ္ေဘးေရွာင္ျပည္သူေတြ လက္ရွိ လက္လွမ္းမွီသေလာက္ ေရတြက္ထားတာက ၃၈၀ဝ၀ ေက်ာ္ရွိပါတယ္။ မေရတြက္နိင္ေသးတာနဲ့ဆိုရင္ အားလံုး ဦးေရ ၄၅၀ဝ၀ ေက်ာ္ ရွိနိုင္မယ္ထင္ပါတယ္။

ေမး – သူတို့ေတြက အဓိက ဘယ္မွာေနထိုင္ျကျပီးေတာ့ ဘယ္လိုရပ္တည္ေနျကရတာပါလဲ။

ေျဖ – မီဇိုရမ္ျပည္နယ္မွာ ခရိုင္ (၁၁) ခုရွိတဲ့အနက္ ျမန္မာဒုကၡသည္ေတြဟာ ခရိုင္ (၈) ခုအတြင္းမွာသာေနျကျပီး Champhai ခရိုင္က အမ်ားဆံုးေနရာျဖစ္တယ္။ ဒုကၡသည္ေတြထဲမွာ အရပ္သား စစ္ေဘးေရွာင္ဒုကၡသည္နဲ့ CDM အာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ပါဝင္သူေတြဆိုျပီးေတာ့ မတူညီတဲ့ ဒုကၡသည္ေတြရွိတာ ေတြ့ရပါတယ္။ အမ်ားစုကေတာ့ ဒုကၡသည္စခန္းမွာေနျပီး အခ်ို့ေသာသူေတြကေတာ့ အိမ္ဌားေနျပီး စားဝတ္ေနေရးအတြက္ မိမိတတ္နိုင္ရာအလုပ္ေတြ ရွာေဖြလုပ္ကိုင္စားေသာက္ေနထိုင္ျကတယ္။

ေမး – စစ္ေဘးေရွာင္ျပည္သူေတြရဲ့ အခက္အခဲ စိန္ေခၚမႈေတြက ဘာလဲ၊ အဓိကလိုအပ္ခ်က္ေတြက ဘာလဲ။

ေျဖ – လိုအပ္ခ်က္ေတြ အမ်ားျကီးရွိေသးတယ္။ အခုလက္ရွိအေျခအေနကေတာ့ အလႉရွင္ေတြရဲ့ ေပးကမ္းလႉဒါန္းမႈအေပၚမွာပဲ ရပ္တည္ေနျကရပါတယ္။ ဒုကၡသည္ေတြအတြက္ အစားအေသာက္အခက္ခဲမႈက အျကီးဆံုး စိန္ေခၚမႈျဖစ္ပါတယ္။

ေမး- ဆရာတို့အဖြဲ့အစည္းအေနနဲ့ ဘယ္လိုရံပံုေငြေတြရွာေဖြျပီးေတာ့ ဘယ္လိုအကူအညီေတြ ေပးေနတယ္ဆိုတာကိုလည္း သိခ်င္ပါတယ္။

ေျဖ – မီဇိုရမ္ျပည္နယ္အတြင္းနဲ့ နိုင္ငံတကာမွာေနထိုင္ျကတဲ့ လူတစ္ဦးခ်င္း၊ လူမႈအသိုင္းအဝန္းအေျချပုအဖြဲ့အစည္းေတြ၊ NGO ေတြကေန လႉဒါန္းမႈရရွိတဲ့အပၚမူတည္ျပီး MRRCM အေနနဲ့ အစားအေသာက္၊ အဝတ္အထည္၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာေရးေထာက္ပံ့မႈ၊ ေဆးရံုတက္‌ေနရေသာ္လည္း ေငြေျကးအခက္ခဲမႈေျကာင့္ ေဆးရံုစရိတ္မတတ္နိုင္သူမ်ားနဲ့ ဒုကၡသည္စခန္းမွာရွိတဲ့ မိသားစုေတြထဲက ပိုျပီးခက္ခဲေသာ မိသားစုေတြကို ေငြသားနဲ့ သြားေရာက္ကူညီတာတို့ လုပ္ေဆာင္ေနပါတယ္။ အဝတ္အစားနဲ့ အျခားေသာ ပစၥည္းေတြအပါဝင္ ယေန့အထိ ကူညီေထာက္ပံ့မႈ ကုန္က်စရိတ္စုစု‌ေပါင္း ရူပီးသိန္း ၁၂၀ ဝန္းက်င္ (က်ပ္ေငြသိန္း ၃၀ဝ၀ ခန့္) ေလာက္ရွိျပီ။

ေမး – မီဇိုရမ္ျပည္နယ္အစိုးရဘက္နဲ့ ေဒသတြင္းအဖြဲ့အစည္းေတြဘက္ကေကာ္ ကူညီေထာက္ပံ့မႈေတြ ရရွိျကလား။

ေျဖ – အိနၵိယဗဟိုအစိုးရက ျမန္မာနိုင္ငံက စစ္ေဘးေရွာင္ဒုကၡသည္ေတြကို လက္မခံပါဘူး။ ဒါေပမယ့္ မီဇိုရမ္ျပည္နယ္အစိုးရကေတာ့ ေနြးေထြးစြာနဲ့လက္ခံျကိုခဲ့ပါတယ္။ အခုဆိုရင္ မီဇိုရမ္ျပည္နယ္အတြင္းမွာ လံုျခံုစြာေနထိုင္နိုင္ဖို့ ဒုကၡသည္အသိမွတ္ျပုကဒ္ေတြထုတ္ေပးေနပါတယ္။ တျခားကူညီေထာက္ပံ့မႈေတြလည္း ေပးအပ္တာရွိပါတယ္။

ေမး- စစ္ေဘးေရွာင္ျပည္သူေတြ က်န္းမာေရးနင့္ ပညာေရးပိုင္းမွာ အခြင့္အလမ္း ဘယ္လိုအေျခေနရွိလဲ။ ပညာဆက္လက္သင္ျကားနိုင္ျကလား၊ က်န္းမာေရးေစာင့္ေရွာက္မႈပိုင္းကေကာ္ ဘယ္လိုရွိလဲ။

ေျဖ- က်န္းမာေရးနင့္ပက္သက္ျပီး Mizorm Student Union, Out Patient Department, Institute of Chin Affair, CBAMA, တို့နင့္ MRRCM တို့ ပူးေပါင္းျပီးေတာ့ နယ္စပ္ေဒသ Zokhawthar ေက်းရြာမွာ ေဆးခန္းဖြင့္ထားပါတယ္၊ Champai ျမို့မွာရွိတဲ့ Zote ဒုကၡသည္စခန္းကိုလည္း တစ္ပတ္တစ္ျကိမ္သြားေရာက္ျပီး ေဆးမ်ား ကူညီေပးေလ့ရွိတယ္။ ပညာေရးက႑ဍမွာလည္း မီဇိုရမ္အစိုးရက အတတ္နိုင္ဆံုးကူညီပါတယ္။ စစ္ေဘးေရွာင္ေတြ အထက္တန္းနဲ့ တကၠသိုလ္အထိ တက္ေရာက္နိင္ေရးအတြက္ မီဇိုရမ္အစိုရနဲ့ ျကိုးစားေနတယ္။

ေမး – ျမန္မာ့နိုင္ငံေရးအေျခအေနကလည္း ခန့္မွန္းလို့မရဘူး အေျခအေနက ပိုပိုလို့ေတာင္ ဆိုးလာေနေတာ့ ဒီမွာ ဆက္ျပီးတိမ္းေရွာင္ေနရမယ့္သေဘာျဖစ္ေနေတာ့ ေရရွည္မွာ စစ္ေဘးေရွာင္ကူညီေထာက္ပံ့ေရးပိုင္း ဘယ္လိုစိန္ေခၚမႈေတြ ရွိလာနိုင္လဲ။

ေျဖ – အလႉရွင္ေတြရဲ့ လႉဒါန္းမႈအေပၚ ရပ္တည္ေနတာ‌ေျကာင့္ လႉဒါန္းမႈအားနည္းလာရင္ေတာ့ ဒုကၡသည္ေတြရဲ့ အစားအေသာက္၊ ရပ္တည္ေရးပိုင္းမွာ အခက္ခဲစိန္ေခၚမႈမ်ား ရွိလာမွာေသခ်ာပါတယ္။

ေမး- စစ္ေဘးေရွာင္အေရးနဲ့ပတ္သတ္ျပီး တျခားဘာမ်ား ျဖည့္စြပ္ေျပာခ်င္တာရွိပါလဲ။

ေျဖ – စစ္ေဘးေရွာင္ဒုကၡသည္ေတြအေနနဲ့ မီဇိုရမ္အစိုးရရဲ့ စဉ္းမ်ဉ္းစည္းကမ္းေတြကိုလိုက္နာျပီး ေဒသတြင္း NGO အဖြဲ့ေတြ ဒုကၡသည္ကူညီေရးအဖြဲ့ေတြ၊ ေဒသခံျပည္သူလူထုေတြအတြက္ အေနွာက္အယွက္ျဖစ္ေစမယ့္ လုပ္ရပ္မ်ိုးမရွိေအာင္ ေနထိုင္ျခင္းအားျဖင့္ ကူညီေပးျကပါရန္ ေမတၱရပ္ခံခ်င္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.