Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူ အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူ အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

0
By Editor on June 6, 2025 Headline

မရာနယ်မြေအားလုံး ထိန်းချုပ်နိုင်ရေးအပါအဝင် အဆိုပေါင်း ၂၀ ကို ဆွေးနွေးဆုံးဖြတ်ခဲ့ဟု MTC ဆို

(006SV)

ချင်းပြည်နယ်၊ မရာနယ်မြေဒေသတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူလူထုတိုင်းသည် အမျိုးသား၊ အမျိုးသမီး အားလုံး စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ- MTC က ဆုံးဖြတ်အတည်ပြုပြီး ကြေညာလိုက်သည်။

မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှ လွဲ၍ မည်သည့်ပုဂ္ဂိုလ် ဖြစ်စေ စစ်မှုထမ်းရမည့် အဆိုကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ သက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟို ကောင်စီအစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု ဇွန်လ ၅ ရက်မှာ ထုတ်ပြန်သည်။

“အသက် ၄၅ နှစ်အောက် စစ်မှုထမ်းဖို့က အခု စကစ (စစ်ကောင်စီ) လည်း အင်အားတည်ဆောက်နေတယ်ဆိုတော့ ကိုယ့်ဒေသကို လုံးလုံးစိတ်ချလို့ရပြီ ဆိုတာ မဟုတ်သေးတော့ ပြည်သူ့အားနဲ့ အမြဲအဆင်သင့် ပြင်ဆင်ထားဖို့ လိုပါတယ်၊ ကိုယ့်ကျေးရွာ၊ တိုက်နယ်၊ နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ။ ချွင်းချက်ဆိုက ကျန်းမာရေး၊ ဘာသာရေး အရ စစ်မှုထမ်းလို့ မရတဲ့အနေထားမှာ ရှိတဲ့သူတွေ ပါပါမယ်။ အမျိုးသမီးတွေလည်း ပါပါတယ်၊ ဒါပေမယ့် အိမ်ထောင်နဲ့ ကလေးနဲ့ဆို ချွင်းချက်ပေါ့၊ အသက် ၁၈ နှစ်အထက် ကနေ စပါမယ်” ဟု MTC/ MDF ပြောရေးဆိုခွင့်ရှိသူ Ronah က ပြောသည်။

မရာပြည်သူတိုင်း စစ်မှုထမ်းရမည့် အမိန့်ညွှန်ကြားချက်အာဏာ သက်ရောက်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက စတင်အကြုံးဝင်သည်ဟု သိရသည်။

ဗဟိုကောင်စီအစည်းအဝးတွင် မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေး အပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့် ဆိုင်သော အဆိုပေါင်း ၂၀ ကိုလည်း ဆွေးနွေးပြီး ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ရည်မှန်းချက်က ကျနော်တို့ နယ်မြေကို စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို တိုက်ထုတ်ပြီးတော့ မရာ နယ်မြေကို မရာပြည်သူက အုပ်ချုပ်ဖို့ ဖြစ်တဲ့အတွက်၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး ၊ ပညာရေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ဖို့ မရာနယ်မြေ အားလုံးကို ထိန်းချုပ်ဖို့လိုပါတယ်” ဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MDF ၏ ကာကွယ်ရေးအတွင်းရေးမှူးလည်း ဖြစ်သူ Ronah က ပြောသည်။

တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို မေလ ၃၀ ရက်မှ ဇွန်လ ၁ ရက်အထိ MTC/ MDF ၏ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်သည်ဟု သိရသည်။

ပြည်တွင်း/ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ လူမှုအသင်းအဖွဲ့နှင့် လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း ၆၅ ဦး တက်ရောက်ပြီး ဗဟိုကောင်စီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

ဗဟိုကောင်စီအစည်းအဝေးတွင် ဗဟိုကောင်စီဝင်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းနှင့် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ တွဲဖက်တရားသူကြီးတို့ကို အတည်ပြုချက် ရယူပြီး ခန့်အပ်နိုင်ခဲ့သည်ဟု သိရသည်။

မရာပဋိညာဉ်အရ ဥပဒေမူကြမ်း ၃ ခု ဆွေးနွေးခဲ့ကြရာ ဘဏ္ဍာရေး အက်ဥပဒေနှင့် အခွန်အက်ဥပဒေတို့ကို ဆွေးနွေးအတည်ပြု နိုင်ခဲ့ပြီး ကျန်နေသော လိုင်လင်းပီမြို့ အုပ်ချုပ်ရေး အက်ဥပဒေကို ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် ဗဟိုကောင်စီ အစည်းအဝေးမှ အလုပ်အမှုဆောင် စီမံအုပ်ချုပ်ကော်မတီထံ အာဏာလွှဲအပ်ခြင်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးနှင့် သက်ဆိုင်ရာ ဌာန အမှုဆောင် အတွင်းရေးမှူးများက အစီရင်ခံစာများ တင်သွင်းခဲ့ပြီး ဗဟိုကောင်စီအစည်းအဝေးတွင် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်ဟု သိရသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ပွဲတွင်း ရဲရင့်ပြီး အမိန့်နာခံမှု ကောင်းမွန်သူ ၃ ဦးနှင့် နိုင်ငံတကာရောက် မရာများမှ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်သူ ၃ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်မှုလည်း ဆောင်ရွက်သည်ဟု သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် မရာပြည်သူလူထု တစ်ရပ်လုံးအတွက် ပြည့်ဝလုံခြုံသော နိုင်ငံရေးစနစ်တစ်ခု ရရှိရန် ဆက်လက်ကြိုးစားမည်ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီက သဘောတူညီခဲ့သည်ဟု သိရသည်။

မရာဒေသတွင် ICNCC ၊ ချင်းညီနောင်အဖွဲ့ (CB) တို့ဖြင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်သည့် Maraland Territorial Council- MTC / MDF နှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရတို့ဖြင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်သည့် Interim Maraland Council/ CDF – Mara တို့ ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.