Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခေါင်းဆောင်၊ အပစ်ရပ် ၇ ဖွဲ့တို့တွေ့ဆုံမှုက မျှော်လင့်စရာမရှိဟု CNF ပြောဆို
ပုံစာ - အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့။

အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခေါင်းဆောင်၊ အပစ်ရပ် ၇ ဖွဲ့တို့တွေ့ဆုံမှုက မျှော်လင့်စရာမရှိဟု CNF ပြောဆို

0
By Editor on January 12, 2024 Headline

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် စစ်ကောင်စီခေါင်းဆောင်၊ အပစ်ရပ် တိုင်းရင်သား ၇ ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံရေးအရ ထူးထူးထွေထွေ မျှော်လင့်စရာမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အထူးသံတမန်အနေနဲ့ တွေ့ဆုံတာက သူ့တာဝန်ပေါ့လေ၊၊ စကစနဲ့လည်း တွေ့တယ်လို့ သိရတယ်။ အာဆီယံရဲ့ မူ ၅ ချက် အကောင်အထည်ဖော်ဖို့ဆိုရင် ဒုံရင်းပဲဖြစ်မှာပါ။ နိုင်ငံရေးအရ ထူးထူးထွေထွေ မျှော်လင့်စရာ မရှိလောက်ဘူးလို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ဟောင်းလည်းဖြစ်ပြီး အာဆီယံအထူးသံတမန်လည်းဖြစ်သူ Mr. Alounkeo Kittikhoun သည် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့၊ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် နေပြည်တော်တွင် ဇန်နဝါရီ ၁၀ ရက်နေ့က သီးခြားတွေ့ဆုံခဲ့သည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ထဲက ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

ဆလိုင်းထက်နီက “စကစ အနေနဲ့ အာဆီယံမူတွေ လိုက်နာနိုင်အောင် အပစ်ရပ် ၇ ဖွဲ့ကနေ တွန်းနိုင်မှာမဟုတ်ဘူး။ အာဆီယံကိုယ်တိုင်ကလည်း ကြိုးစားခဲ့တာ ဘာမှအရာထင်ခဲ့တာမဟုတ်ဘူး၊၊ ဒီနေ့နိုင်ငံရေး ပဋိပက္ခကြီးက အင်မတန် ကျယ်ပြန့်နေပြီး စကစရော အပစ်ရပ် ၇ ဖွဲ့လောက်နဲ့ ဖြေရှင်းလို့ရမယ့် အခင်းအကျင်းမဟုတ်ဘူး” ဟု ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲကို ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် DKBA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS စသည့် (၇) ဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံတူညီဆန္ဒ (၅) ရပ်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် လူသားစာနာအကူအညီပေးရေးဆိုင်ရာများ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း အာဆီယံအထူးကိုယ်စားလှယ်တို့သည် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်တွင် သီးသန့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.