Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ချင်းနိုင်ငံရေးသမား ဒေါက်တာမှုထန် ပိုင်ဆိုင်မှုများကို CDF – ထန်တလန် အပြီးပိုင် သိမ်းဆည်း

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ချင်းနိုင်ငံရေးသမား ဒေါက်တာမှုထန် ပိုင်ဆိုင်မှုများကို CDF – ထန်တလန် အပြီးပိုင် သိမ်းဆည်း

0
By Editor on March 25, 2025 Headline

(006SV)

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ CDF – ထန်တလန် ထိန်းချုပ်နယ်မြေထဲက ပိုင်ဆိုင်မှုအားလုံးကို အပြီးပိုင် သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF – TT) က အမိန့်ပြန်တမ်း ထုတ်လိုက်သည်။

ထန်တလန်မြို့နယ် ဒေသခံတဦးဖြစ်သော ဒေါက်တာမှုထန်သည် မတရားအာဏာသိမ်းထားသည်သာမက ထန်တလန်မြို့တခုလုံးကို မီးရှို့ဖျက်စီးနေသော စစ်ကောင်စီကို အာပေးသူဖြစ်ပြီး စစ်တပ်၏ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်နေသောကြောင့် သိမ်းဆည်းခြင်းဖြစ်သည်ဟု မတ်လ ၂၄ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

“ဒီလို သူ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရတာက အာဏာမသိမ်းခင်က ဒေါက်တာမှုထန်ဟာ ချင်းပြည်နယ်အတွက် နိုင်ငံရေးသမားအဖြစ် လုပ်ခဲ့တာတွေ ရှိပါတယ်။ ချင်းပြည်နယ်အတွက် သူ ကြိုးစားဆောင်ရွက်ခဲ့တာတွေ အများအပြား ရှိခဲ့ပါတယ်။ သူက ဆရာဝန်တဦးလည်းဖြစ်တော့ ထန်တလန်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အားကိုးရတဲ့သူတဦးဖြစ်ပါတယ်။ သို့သော်ငြားလည်း မင်းအောင်လှိုင် အာဏာသိမ်းပြီးတော့ သူက စစ်ကောင်စီမှာ ထဲထဲဝင်ဝင်လုပ်တာတွေ ထင်ရှားတော့ သူရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ သိမ်းဆည်းတာဖြစ်ပါတယ်။ ဒီလိုသိမ်းဆည်းလိုက်ရတာက သူကို မုန်းလို့လည်း ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ သူရဲ့ လှုပ်ရှားလုပ်ဆောင်တာတွေကို ဆန့်ကျင်တာဖြစ်ပါတယ်” ဟု CDF – ထန်တလန်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒေါက်တာမှုထန်သည် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ရွက်သော လုပ်ငန်းများတွင် တက်ကြွကြွ ပါဝင်သူဖြစ်သည်ဟု CDF – ထန်တလန်က ထုတ်ပြန်သည်။

CDF – ထန်တလန်တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေါက်တာမှုထန်၏ အိမ်၊ ခြံ၊ မြေ အားလုံးကို လက်ရှိ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF – ထန်တလန်ကောင်စီက အပြီးပိုင် သိမ်းဆည်းပြီး လိုအပ်သလို ဆက်လက်ကိုင်တွယ်မည်ဟု သိရသည်။

ယင်းပစ္စည်းများကို အသစ်တက်လာမည့် အစိုးရထံသို့ ထပ်မံလွှဲအပ်မည်ဟု အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။

အာဏာမသိမ်းမှီက ဒေါက်တာမှုထန် မိသားစုနှင့် နေထိုင်ခဲ့သော ထန်တလမြို့ပေါ် အိမ်နှင့်ခြံ၊ အိမ်မြေကွက် ၂ ခုနှင့် ၁၀ ဧက ကျယ်ဝန်းသော စိုက်ပျိုးရေးခြံ ၂ ခြံတို့ကို သိမ်းဆည်းခြင်းဖြစ်သည်ဟု သိရသည်။

သိမ်းဆည်းထားသော ပိုင်ဆိုင်မှု ပစ္စည်းများသည် သူ၏ မိသားစုဝင်များ၊ ဆွေးမျိုးများနှင့် သက်ဆိုင်မှုမရှိဘဲ ဒေါက်တာမှုထန် အမည်ပေါက် ပိုက်ဆိုင်မှုများကိုသာ သိမ်းဆည်းခြင်းဖြစ်သည်ဟု CDF – ထန်တလန်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထန်တလန်မြို့ကို ပြည်သူများ ပြန်လည်အခြေချနိုင်ရေး ထန်တလန်မြို့ကို အပြီးသတ် သိမ်းနိုင်ရေးအတွက် စစ်ကောင်စီနှင့် တိုက်ပွဲများတွင် ချင်းကာကွယ်ရေးရဲဘော် အများအပြားလည်း အသက်ပေးဆပ်ထားရသည်ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထန်တလန်မြို့ပေါ်တွင် နေအိမ်အားလုံးနီးပါးလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးမှုကို ခံထားရပြီး တော်လှန်ရေးရဲဘော်အများအပြား ကျဆုံးချိန်မှာလည်း ဒေါက်တာမှုထန်သည် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် လှုပ်ရှားဆောင်ရွက်နေဆဲဖြစ်သည်ဟု သူက ပြောသည်။

ထန်တလန်မြို့နယ်၊ ကြောင်ထီးယားရွာသားဖြစ်သော မန္တလေး ဆေးတက္ကသိုလ်ကျောင်းဆင်း ဒေါက်တာမှုထန်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ထန်တလန်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ရွေးချယ်ခံ အနိုင်ရခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့တွင်လည်း ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှာ ကြံခိုင်ရေးပါတီ (USDP) မှ ရွေးကောက်ခံ အနိုင်ရရှိခဲ့ပြီး ထင်ရှားသော ချင်းလူမျိုးနိုင်ငံရေးသမား၊ ဆရာဝန်တဦးဖြစ်သည်။

လက်ရှိတွင် ကြံခိုင်ရေးပါတီ၏ ချင်းပြည်နယ်ဥက္ကဌအဖြစ် ဆောင်ရွက်နေသည်ဟု သိရသည်။

ချင်းပြည်ဒေသခံတဦးကတော့ ကိုယ့်အချင်းချင်း မလိုလားအပ်တဲ့ ပြသနာများ စတင်ဖြစ်လာသော အခြေအနေမျိုးဟု ရှုမြင်ပြီး ကိုယ့်လူမျိုး အချင်းချင်း ပြန်လည်အရေးယူရသော သဘာဖြစ်နေ၍ ညှိနှိုင်းနိုင်ရင် အကောင်းဆုံးဖြစ်ကြောင်း မှတ်ချက်ပေးသည်။

“အဓိက, က ဒေါက်တာမှုထန်အနေနဲ့ သူရဲ့ စကစနဲ့ ပတ်သက်မှုကို လုံးဝ မလျော့ဘူး။ ထန်တလန်မြို့ တမြို့လုံး ပြာကျသွားတဲ့ အခြေအနေမှာတောင်မှ သူရဲ့ စကစရဲ့ လက်ပါးစေလိုမျိုးပုံစံ ရပ်တည်နေတဲ့အတွက်ကြောင့် ဒါဟာ ခံပြင်းစရာကောင်းတယ်။ CDF – ထန်တလန်အနေနဲ့ ဒေါက်တာမှုထန်ရဲ့ ပိုင်ဆိုင်မှုကို သိမ်းတာကလည်း မမှားဘူးလို့ ပြောလို့ရပါတယ်။ သို့သော်ငြားလည်း အရင် ဒီမိုကရေစီနိုင်ငံ မသွားခင်က ပြည်သူပိုင်သိမ်းဆိုတဲ့ဟာကို ခံပြင်းတဲ့ အနေအထားမျိုးပေါ့နော်။ ပြည်သူတွေ ခံပြင်းတဲ့ ပြည်သူပိုင်သိမ်းဆိုတဲ့ဟာက လုပ်လာတာက တကယ်ရော လုပ်သင့်၊ လုပ်ထိုက်တဲ့ဟာလားဆိုတာ ပြန်စဉ်းစားစေချင်ပါတယ်” ဟု ချင်းဒေသခံတဦးက ပြောသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ဒေါက်တာမှုထန်ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပူးဂင်ကမ်းလျန်အစား ခန်အပ်ခဲ့သည်။

အာဏာသိမ်းပြီး တနှစ်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ပေါ် ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်စီးခဲ့ပြီး မြို့ပေါ် ပြည်သူအားလုံး အိုးအိမ်စွ့န်ခွာ စစ်ဘေးရှောင်နေရသည်။

ထန်တလန်မြို့ပေါ်က အထိုင်ချထားဆဲဖြစ်သော စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားပြီး စစ်ကောင်စီကင်းစင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.