Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းစစ်တပ်က ၎င်းတို့ ဖျက်စီးခဲ့သော ချင်းမြောက်ပိုင်းမြို့များမှ အခြေခံအဆောက်အဦးများ၊ ပြန်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေဟု ဆို

အာဏာသိမ်းစစ်တပ်က ၎င်းတို့ ဖျက်စီးခဲ့သော ချင်းမြောက်ပိုင်းမြို့များမှ အခြေခံအဆောက်အဦးများ၊ ပြန်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေဟု ဆို

0
By Editor on May 27, 2026 Headline

(006SV)

အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ ဖျက်စီးခဲ့သော ဆေးရုံ၊ စာသင်ကျောင်း၊ အစိုးရ ဌာနများနှင့် ဘာသာရေး အဆောက်အအုံများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရ ခေါင်းဆောင်က ပြောသည်။

ယင်းသို့ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်များကို ပို့ဆောင်ပေးနေပြီး ဆေးရုံးများနှင့် စာသင် ကျောင်းများကို ဦးစားပေး ပြုပြင်သွားမည်ဟု စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ မေလ ၂၆ ရက်က ပြုလုပ် သည့် ၎င်းတို့စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့သည်။

စစ်တပ်က ၎င်းတို့ တိုက်ခိုက်ဖျက်စီးခဲ့သော ဈေးနှင့် အခြားရုံးဌာနအဆောက်အဦးများကိုလည်း ပြည်လည်ပြင်ဆင် သွားမည်ဖြစ်ပြီး စစ်အစိုးရ၏ ချင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တခြားတိုင်းနှင့်ပြည်နယ်များက ကူညီဆောင်ရွက်ပေးရမည်ဟုဆို သည်။

ဖလမ်း၊ တွန်းဇံ၊ တီးတိန်မြို့တို့ ပြန်လည် တည်ဆောက်ရေးအတွက် ဘိလတ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်းများ ပါဝင်သော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို မန္တလေး၊ နေပြည်တော်မှ တဆင့် ကလေးမြို့သို့ မေလ ၂၄ ရက်က ပို့ဆောင်ခဲ့သည်ဟု စစ်တပ်အာဘော်သတင်းစာများကထုတ်ပြန်သည်။

အဆိုပါဆောက်လုပ်ရေးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတချို့သည် ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာတွင် မေလ ၂၆ ရက် ညနေပိုင်းမှာ ဖလမ်းမြို့သို့ ရောက်ရှိသည်ဟု သိရသည်။

ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့ရှိ ဆေးရုံ၊ ကျောင်း၊ ဌာနအဆောက်အဦးများနှင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး ပြန်လည် တည်ထောက်မှု ဆောင်ရွက်နေရာတွင် စစ်အစိုးရသည် ၎င်းအခြေခံ အဆောက်အဦးများကို ချင်းလက်နက် ကိုင် အဖွဲ့အစည်းများက ဖျက်စီးသည်ဟု ဝါဒဖြန့်နေပြီး လက်တွေ့မှာ စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ဖျက်စီးခဲ့ ခြင်းဖြစ် သည်ဟု သိရသည်။

ချင်းပြည်သူတစ်ဦးကတော့ အဆိုပါအခြေခံအဆောက်အဦးများ ပျက်စီးစေမှုကို အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ် သည်ဟု စစ်တပ်၏ ဝါဒဖြန့်ချီနေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့မှတ်ချက်ပေးသည်။

“အရင်ခေတ်လို တစ်နေရာနဲ့ တစ်နေရာကို သွားလာဖို့ ခက်ခဲပြီး သတင်းတွေ မသိရတဲ့ ခေတ် မဟုတ်တော့ဘူး၊ အမေရိကန်သမ္မတ ဘာလုပ်နေတယ်ဆိုတာကိုတောင် အလွယ်တကူ သိနိုင်နေတဲ့ ခေတ်မှာ စစ်တပ်ရဲ့လုပ်ရပ်က ဘယ်လိုမှ လိမ်မရပါဘူး၊ စစ်တပ် ထောက်ခံတဲ့ သူတွေကြားမှာ ချင်းတော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူပိုင် ပစ္စည်းတွေ ပျက်စီးသလို ပုံမှားရိုက်တာက စစ်တပ်က ကိုယ့်ဘာသာ ကျူးလွန်ထားတဲ့ စစ်‌ရာဇဝတ်မှုတွေကို လှည့်စားပြီး စိတ်သက်သာရာရအောင် ပြန်ပြောနေတဲ့ သဘောပါပဲ။ တကယ့် တရားခံအစစ်က ဘယ်သူ့၊ ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုတာ ချင်းပြည်သူအများစုက သိပြီးသားပါ” ဟု ချင်းဒေသခံပြည်သူ တစ်ဦးက ပြောသည်။

စစ်တပ်သည် ဖလမ်းမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်အင်အားထောင်ချီဖြင့် ၇ လနီးပါးကြာ ထိုးစစ်ဆင်ရာတွင် ဂျက်ဖိုက် တာ၊ Y- 12 ၊ ဒရုန်းတို့အပြင် လက်နက်ကြီးများဖြင့် စစ်ရေးပစ်မှတ်များသာမက လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် ဌာနဆိုင်ရာရုံးတို့ကို တိုက်ခိုက်ခဲ့ရာ ပျက်စီးမှု အများအပြား ရှိသည်ဟု ဒေသခံများနှင့် ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

တွန်းဇံမြို့ကို စစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်တို့ ပြန်လည်သိမ်းပိုက်ရာတွင်လည်း မြေပြင်စစ်ကြောင်းတွေသာမက လေကြောင်းပစ်ကူ၊ ဒရုန်းများဖြင့် အပြန်းအထန် တိုက်ခိုက်ခဲ့သောကြောင့် ချင်းပူးပေါင်းတပ်သည် မြို့ကို မေလ ၁၉ ရက်က လက်လွှတ်ခဲ့ရသည်ဟု သိရသည်။

လတ်တလောတွင် ဖလမ်း၊ တွန်းဇံ၊ တီးတိန်မြို့တို့က အခြေခံအဆောက်အဦး ထိခိုက်ပျက်စီးမှု အရေအတွက် အတိအကျကို မသိရသေးပါ။

ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဖလမ်းမြို့က ဆေးရုံးကြီးအပါအဝင် အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးမှုမှာ စစ်တပ်၏ ဂျက်ဖိုက်တာနှင့် Y- 12 တို့ဖြင့် အကြိမ်ရေ ထောင်ချီသော လေကြောင်းဗုံးကြဲချမှုများကြောင့် ဖြစ်သည်ဟု ပြောသည်။

“ကျနော်တို့ မြို့သိမ်းထားကတည်းက ကျနော်တို့ဘက်က ဒီဆေးရုံရယ်၊ ကျောင်းရယ်၊ ပြည်သူတွေက အစ၊ ထိန်းသိမ်းစောင့်ရှောက် ပေးတာပဲ ရှိပါတယ်။ ဖလမ်းမှာရော၊ တွန်းဇံမှာရော ပျက်စီးနေတာ အကုန်လုံးက သူတို့ စကစဘက်ကနေ ဂျက်ဖိုက်တာနဲ့ သော်လည်းကောင်း၊ Y-12 နဲ့သော်လည်းကောင်း ဗုံးချလို့ ပျက်စီးရတာဖြစ်ပါတယ်။ ကျနော်တို့ကြောင့် ပျက်စီးရတာ မရှိပါဘူး။ သူတို့ဘက်က ဂျက်နဲ့ ချတယ်၊ Y12 နဲ့ ချတယ်။ အဲဒါကြောင့် ပျက်စီးရတဲ့ ဟာတွေပါ” ဟု ဆလိုင်းတင်မီက ပြောသည်။

စစ်တပ်၏ မတရားကျူးလွန်မှုများ၊ လူထုအသက်အိုးအိမ်စည်စိမ်း ပျက်စီးအောင် ပြုလုပ်မှု၊ လေကြောင်းမှ တိုက်ခိုက်ဖျက် စီးမှုများကို သက်သေအထားအထားများ ပြသနိုင်သည်ဟု ချင်းကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်တပ်သည် ချင်းပြည်မြောက်ပိုင်း မြို့များကို ပြန်လည်သိမ်းပိုက်ရာတွင် ဂျက်ဖိုက်တာ ၊ Y – 12 တို့ဖြင့် အဆမတန် လေကြောင်း တိုက်ခိုက်သကဲ့သို့ လက်ရှိ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်ရာတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ‌ နေ့စဉ်နီးပါး ပြုလုပ်နေ သောကြောင့် ဒေသခံပြည်သူများ သေဆုံးမှု ရှိနေပြီး နေအိမ်နှင့် ဌာန အဆောက်အဦးများ အများအပြား ပျက်စီးနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.