Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အာဏာသိမ်းစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုကို CDF-Asho နှင့် NSA ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ စစ်ဗိုလ်အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

အာဏာသိမ်းစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံတစ်ခုကို CDF-Asho နှင့် NSA ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ စစ်ဗိုလ်အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

0
By Editor on April 22, 2026 Khonumthung

(004SS)

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် အခြေစိုက်သည့် စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၄) ကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးရှိ အဆိုပါစက်ရုံအတွင်းရှိ လက်နက်ခဲ ယမ်းသိုလှောင်ရုံနှင့် ထုတ်လုပ်ရေးစက်ရုံတည်ရှိရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF – Asho က ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်မှ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်ရုံအတွင်းရှိ အဆောက် အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး ထွက်ပြေးသွားသော စစ်သည်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်လိုက်လံဖမ်းဆီးနေမှုများ ရှိနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုစစ်ဆင်ရေးကို CDF – Asho နှင့် လူ့ဘောင်သစ် တပ်မတော် (NSA) တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.