Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

0
By Editor on September 5, 2024 Headline

(005MK)

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် အာရက္ခတပ်တော် AA နှင့် စစ်မက်ဖြစ်ပွားခြင်းထက် မိတ်ဆွေဖွဲ့ရမည်ဟု ပြောဆိုသည်။

အင်ဒီးယားနားပြည်နယ် Chin Evangelical Baptist Church တွင် စက်တင်ဘာလ ၄ ရက်နေ့ညက ကျင်းပသော ချင်းလူထုနှင့်တွေ့ဆုံပွဲ၌ အမေးအဖြေအစီစဉ်တွင် ကုလားတန်ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ AA နှင့် မီဇိုရမ်အစိုးရတို့ တွေ့ဆုံခဲ့မှုအခြေအနေများ မေးမြန်းရာမှာ ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ပြဿနာဖြစ်ရင် သူတို့ကအင်အားပိုကောင်းတယ်၊ သူတို့မှာ အင်အားတော်တော် များတယ် ဒါကြောင့် တိုက်ပွဲမဟုတ်ပဲ ချစ်ကြည်ရင်းနှီးရမယ် သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ် CNF ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA ဖြစ်စေ ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အချင်းချင်းကြားပြဿနာ ဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ် ချင်း မိတ်ဆွေအဖြစ်ဖွဲ့ရမယ် အဲလိုမဟုတ်ရင် လောင်တလိုင်ထိကိုလာပြီး အနှောက်အယှက်ပေးနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည် အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာလ ၂ ရက်နေ့ကကျင်းပသော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်လာခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူမျိုးအများစုနေထိုင်သော အင်ဒီးယားနားပြည်နယ်မှာ ချင်းလူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှုအားကောင်းလာစေရေး၊ ဘာသာရေး အသင်းအဖွဲ့ နှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးတို့ကို အလေးထား ပြောဆိုသွားခဲ့သည်။

ထို့အပြင် ချင်း-မီဇိုး-ကူကီမျိုးနွယ်စုများသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ် အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စသည့်များကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြသည်ဟု ဝန်ကြီးချုပ်ကပြောသည်။

အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် သုံးနိုင်ငံတွင် တကွဲတပြားစီ နေထိုင်ကြရသော မိမိတို့လူမျိုးများ တနေ့နေ့တချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်မှာပြန်လည်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်ကပြော ဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.