Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယနိုင်ငံသား အထောက်အထားများကို စစ်ဘေးရှောင်များက ပိုင်ဆိုင်ခွင့်မရှိဟု အိုင်ဇောလ် ခရိုင်တရားသူကြီး ထုတ်ပြန်

အိန္ဒိယနိုင်ငံသား အထောက်အထားများကို စစ်ဘေးရှောင်များက ပိုင်ဆိုင်ခွင့်မရှိဟု အိုင်ဇောလ် ခရိုင်တရားသူကြီး ထုတ်ပြန်

0
By Editor on March 14, 2025 Headline

(005MK)

မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအပါအဝင် နိုင်ငံခြားသားများအနေဖြင့် အိန္ဒိယနိုင်ငံသားများသာပိုင်ဆိုင်ခွင့်ရှိသော အထောက်အထားများကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း အိုင်ဇောလ် ခရိုင်တရားသူကြီးက အသိပေးထုတ်ပြန်သည်။

အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံတို့မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စစ်ဘေးရှောင် အမြောက်အများ မီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာကြပြီး ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Voter ID, Aadhar Card, Birth Certificate, Tribal Certificate, Residential Certificate စသည့် အထောက် အထားများကို ပိုင်ဆိုင်ခွင့်မရှိကြောင်း မတ်လ ၁၃ ရက်နေ့က အိုင်ဇောလ်ခရိုင်တရားသူကြီးက အသိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယင်းအထောက်အထားများဆောင်ရွက်သည့်အခါမှာ ထောက်ခံစာထုတ်ပေးလေ့ရှိသော အိုင်ဇောလ် ခရိုင်အတွင်းက ရပ်ကွက်၊ ကျေးရွာကောင်စီနှင့် မီဇိုးလူငယ်အသင်း YMA အဖွဲ့အစည်းများအနေဖြင့် ထောက်ခံစာထုတ်ပေးသည့်နေရာတွင် သတိထားကြရန်နှင့် ဒေသခံဖြစ်ကြောင်း သိရှိထင်ရှားသူများကိုသာ ထုတ်ပေးကြရန် ယင်းအသိပေးစာထဲတွင် ဖော်ပြထားသည်။

အဆိုပါ အထောက်အထားများကို ထုတ်ပေးသော ဌာနများအနေဖြင့်လည်း စစ်ဘေးရှောင်နှင့် နိုင်ငံခြားသားများကို ဆောင်ရွက်ပေးခြင်းမရှိကြရန် အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံက စစ်ဘေးရှောင် အထူးသဖြင့် ချင်းလူမျိုးများသည် မျိုးနွယ်တူ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ရှိနေပြီး စစ်ဘေးရှောင်များထဲတွင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော အထောက်အထားများကို တရားမဝင် ပိုင်ဆိုင်ထားသူများရှိသည်ဟုဆိုကာ မီဇိုးလူငယ်အသင်း YMA က ပြည်နယ်အစိုးရထံ တင်ပြမှုရှိလာသည့်နောက်မှာ ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.