Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယနိုင်ငံ Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦး နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် အဖမ်းခံရ

အိန္ဒိယနိုင်ငံ Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦး နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် အဖမ်းခံရ

0
By Editor on September 14, 2021 Khonumthung

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦးကို နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် စက်တင်ဘာ လ ၁၂ ရက်နေ့က အဖမ်းခံရသည်ဟု သိရသည်။

၎င်းတို့ကို Guwahati မြို့ Rehabari ရပ်ကွက် Muana Run တည်းခိုခန်းတွင် အာသံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျမ်းစာကျောင်းတက်ရောက်ရန် နယူးဒေလီမြို့သို့ သွားရောက်ကြသူများဖြစ်ကြကြောင်း ထွက်ဆိုထားကြသည်ဟု သိရသည်။ အဖမ်းခံရသူများထဲတွင် အမျိူးသမီး ၁၀ ယောက်ပါဝင်ကြောင်းသိရသည်။

နယူးဒေလီအခြေစိုက် CHRO တာဝန်ခံ Salai Cung Dawt က “အားလုံး ၂၆ ယောက်ဖြစ်တယ်။ အားလုံး ချင်းပြည်နယ်ဖ က်ကဖြစ်တယ်။ ဖမ်းတယ်ဆိုတဲ့သတင်းကို ကြားကြားချင်းဘဲ လူတစ်ယောက်ကို စုံစမ်းခိုင်းထားတယ်။ အခုသူတို့က ရဲစခန်းမှာထားထားတယ်။ သူတို့နဲ့လည်း စကား ပြောဖြစ်တယ်။ အဓိကတော့ Document အတု၊ fake ID ကိုင်ဆော င်လာတာကြောင့် ဖမ်းတာဖြစ်တယ်။” ဟု ပြောသည်။

အဆိုပါ ချင်းလူမျိုး ၂၆ ဦးတို့သည် ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေး လာကြသူများဖြစ်ကြသည်ဟု Salai Cung Dawt ကပြောသည်။

“သူတို့ပြောတာက ပြည်တွင်းနိုင်ငံရေးအခြေအနေမကောင်းလို့ နယူးဒေလီကိုသွားတာဖြစ်တယ်။ ဒါပေမယ့် အဖမ်းခံ ရတော့ ဒီဘက်နိုင်ငံရေးအခြေအနေကိုလည်း မသိတဲ့အခါ refugee တွေပါလို့ပြောရင် ဖမ်းပြီးထောင်ချမှာကြောက် လို့ ကျမ်းစာကျောင်းတက်မဲ့သူတွေပါဆိုပြီး ရဲကိုဝန်ခံထားကြတယ်။ အဲဒီကိစ္စကို ရဲကို သေသေချာချာ ရှင်းပြဖို့တော့ လိုတာပေါ့။ လက်ရှိအခြေအနေမှာတော့ သူတို့လွတ်နိုင်အောင် ကြိုးစားနေတုန်းဘဲရှိသေးတယ်။ လွတ်နိုင်မယ်၊ မလွတ်နိုင်ဘူးဆိုတာလည်း မသေချာသေးဘူး။” ဟု ပြောသည်။

၎င်းတို့ကို ယခုလက်ရှိ Guwahati ရဲစခန်းတွင်ထိန်းသိမ်းထားပြီး နိုင်ငံခြားသားအက်ဥပဒေ၊ ပစတ်စပို့ဥပဒေများဖြင့် တရားစွဲဆိုခံရမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.