Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်များကို ပြန်ပို့ရန်ညွန်ကြားမှု လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းပြော

အိန္ဒိယဗဟိုအစိုးရက မြန်မာစစ်ဘေးရှောင်များကို ပြန်ပို့ရန်ညွန်ကြားမှု လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းပြော

0
By Editor on March 30, 2021 Khonumthung
ရစ်ချက် – မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များကို အိန္ဒိယဗဟိုအစိုးရက ဖမ်းဆီးပြီး ပြန်ပို့ဖို့ညွှန်ကြားလာသည့်အပေါ် လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း Pu Lalthanhawla က ပြောသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် လက်ရှိ Mizoram Pradesh Congress Committee (MPCC) ပါတီ ဥက္ကဌ Pu Lalthanhawla က “မြန်မာစစ်ဘေးရှောင်များစွာ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်တယ်။ ယခုလို ထွက်ပြေးခိုလှုံလာသော စစ်ဘေးရှောင်များကို အိန္ဒိယနိုင်ငံ လက်ရှိအစိုးရ BJP အစိုးရ အနေနဲ့ အကာအကွယ် ပေးမဲ့အစား ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ဖို့ ညွှန်ကြားလာတာဟာ လုံးဝလက်ခံနိုင်စရာအကြောင်း မရှိဘူး” လို့ ပြောသည်။
၄င်းအပြင် မီဇိုရမ်ပြည်နယ် လက်ရှိအစိုးရ MNF ပါတီအနေဖြင့် ဗဟိုအစိုးရ၏ညွှန်ကြားလာသည့်အတိုင်း လုပ်ဆောင်ခြင်း မပြုဘဲ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာသော စစ်ဘေးရှောင်များကို အကာအကွယ်ပေးရန်နှင့် ကူညီထောက်ပံ့မူများလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် NGO အဖွဲ့အစည်းအသီးသီးတို့၏ လုပ်ဆောင်ချက်များကို အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ပေးသွားရန် မီဇိုရမ်အစိုးရကို တောင်းဆိုခဲ့ကြောင်း ဒေသထုတ် ညစဉ် သတင်း Zonet တွင် ဖော်ပြသည်။
မြန်မာစစ်တပ်အနေဖြင့် အာဏာကိုမဟုတ်မမှန်အသုံးပြုပြီး ပြည်သူလူထုကရွေးကောက်တင်မြောက်သည့်ပါတီကို အဓမ္မအာဏာသိမ်းသည့်အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများပြုလုပ်လာသည့်လုပ်ရက်အပေါ် ရှုံ့ချကြောင်း နှင့် ပြည်သူအစိုးရပေါ်ပေါက်နိုင်ရေးအတွက် သတ္တိရှိရှိဆန္ဒပြခဲ့ကြသည့် ပြည်သူလူထုကို ထောက်ခံကြောင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိနိုင်ရေးအတွက် လှုပ်ရှားရာ၌ ကျဆုံးသွားသော အာဇာနည်များတွင် ဇိုး(ချင်း)မျိုးနွယ်စုလူမျိုးများလည်း ပါဝင်နေသည့်အပေါ် အထူးဝမ်းနည်းကြောင်း ယခုလို ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများသည် မိမိနိုင်ငံအတွက် အသက်ပေးခဲ့ကြသူများဖြစ်သည့်အတွက် လေးစားရိုသေဂုဏ်ပြု ကြောင်း Pu Lalthanhawla က ဆက်ပြောပါသည်။
မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သော People’s Conference Party က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရန် ပါတီစုံအစည်းအဝေး ခေါ်ဆိုရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga ထံ တောင်းဆိုခဲ့ကြသည်။
အဆိုပါတောင်းခံစာတွင် မြန်မာနိုင်ငံ ပြည်တွင်းအဖြစ်အပျက်များကြောင့် မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးရှောင် များစွာ ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် နောက်ထပ်ဝင်လာမည့်အနေအထားတွင် ရှိနေသည့်အတွက် မြန်မာစစ်ဘေး ရှောင်များကို ကူညီထောက်ပံ့ရေး အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် ပါတီစုံအစည်းအဝေးခေါ်ပြီး ဆွေးနွေးမှုများလုပ်ဆောင်သင့်ကြောင်း ဖော်ပြသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.