(003PT)
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ယနေ့ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် တဖက်အိန္ဒိယနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေသော အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိသည်။
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နို၀◌င်ဘာလ ၁၂ ရက်ညက ၀◌င်ရောက်စီးနင်းတိုက်ခိုက်ရာမှာ ယနေ့နေ့လည်ပိုင်းအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသူ ရိခေါဒါရ်မြို့ နေ အသက် ၅၁ နှစ်အရွယ် ဉီး Chungthianmawia သည် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဇိုခေါထာရ်ဒေသခံတစ်ဦးကပြောသည်။
“သူက ထမင်းစားပြီး ပန်းကန်ဆေးမယ်ဆိုပြီး အပြင်ထွက်တာနဲ့ အဲ့ဒီဗုံးပေါက်ကွဲစက သူ့ရဲ့ နားထင်မှာ ထိမှန်သွားတာ။ ထိထိ ချင်းလဲသွားတယ်။ သူ့လက်ထဲမှာ ပန်းကန်ကို ကိုင်ထားသေးတယ် သူ့ကိုထူတဲ့အချိန်မှာတေင်။ အဲ့တာနဲ့ ဆေးရုံးကို ပို့တာ ဒီမနက် ၉ နာရီကျော်လောက်ထင်တယ် အဲ့ချိန်မှာ ဆုံးသွားတာ ဆေးရုံးမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူဉီး Chungthianmawia သည် ရိဒ်ခေါရ်ဒါမြို့ အမှတ် ၂ ရပ်ကွက် (တီအိုချောင်း) တွင်နေထိုင်သူဖြစ်ပြီး မိသားစု များနှင့်အတူ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် ဇိုခေါထာရ် ရွာတွင် စစ်ဘေးရှောင်နေသူဖြစ်သည်။ သေဆုံးချိန်တွင် ဇနီးနှင့် ကလေး ၅ ယောက်ကျန်ရစ်ခဲ့သည်။
ရုပ်အလောင်းကို ယနေ့ နိုင်ဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၁ နာရီအချိန်တွင် သဂြိုလ်ခဲ့ကြသည်ဟုသိရသည်။