Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယရောက်ဒုက္ခသည်များ တတိယနိုင်ငံရှိ မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းရေး လမ်းညွှန်မှုအကူအညီများ လျှောက်ထားနိုင်

အိန္ဒိယရောက်ဒုက္ခသည်များ တတိယနိုင်ငံရှိ မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းရေး လမ်းညွှန်မှုအကူအညီများ လျှောက်ထားနိုင်

0
By Editor on January 23, 2026 Khonumthung

(004SS)

အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူများသည် “မိသားစုပြန်လည်ပေါင်းစည်းရေး လမ်းညွှန်မှုအကူအညီပေးရေးအစီအစဉ် (FRUN)”ကို လျှောက်ထားနိုင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR India) က ထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်ကို UNHCR India နှင့် ADRA India တို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တတိယနိုင်ငံရောက် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် လိုအပ်သော ဥပဒေကြောင်းအရ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို အခမဲ့ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ယင်းအစီအစဉ်တွင် ဇနီး သို့မဟုတ် ခင်ပွန်း၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များ (အချို့နိုင်ငံများတွင် ၂၁ နှစ်အထိ) နှင့် တတိယနိုင်ငံရှိ အရွယ်မရောက်သေးသည့် ကလေး၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများ အဓိက အကျုံးဝင်မည် ဖြစ်ကာ အချို့နိုင်ငံများ၏ စည်းမျဉ်းအရ အရွယ်ရောက်ပြီးသား သားသမီး၊ မိဘနှင့် မောင်နှမအရင်းများလည်း ပါဝင်နိုင် သော်လည်း လုပ်ငန်းစဉ် ကြာမြင့်နိုင်ကြောင်း သိရသည်။

မိသားစုပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီတောင်းခံလိုသူများသည် မိမိ၏ အမည်၊ UNHCR နံပါတ်၊ လက်ရှိ နေရပ်၊ ဖုန်းနံပါတ်၊ တတိယနိုင်ငံရှိ မိသားစုဝင်၏ အချက်အလက်နှင့် တော်စပ်မှုအထောက်အထားများဖြစ်သည့် မွေးစာရင်း သို့မဟုတ် အိမ်ထောင်စုစာရင်းတို့ကို ပြည့်စုံစွာဖော်ပြ၍ ADRA India ၏ အီးမေးလ် frindia@adraindia.org သို့ ပေးပို့ရ မည်ဖြစ်ပြီး UNHCR ၏ အီးမေးလ် indnecpt@unhcr.org ကိုလည်း မိတ္တူ (CC) တွဲ၍ ပေးပို့ရမည်ဖြစ်သည်။ ဖုန်းဖြင့် စုံစမ်းလိုပါက 011-45705611 သို့ ဆက်သွယ်နိုင်ပါသည်။

သို့သော် ဤအစီအစဉ်သည် လမ်းကြောင်းသစ်တစ်ခု ဖန်တီးပေးခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီး၏ ရှိရင်းစွဲ ဗီဇာဥပဒေများ အတွင်းမှသာ လမ်းညွှန်ပေးခြင်းဖြစ်ပြီး ဗီဇာထုတ်ပေးရန် ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ နိုင်ငံအစိုးရများကသာ ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းစဉ်ကြာမြင့်ချိန်မှာ လပေါင်းများစွာမှ နှစ်ပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီး ဗီဇာကြေး၊ ဆေးစစ်ခ၊ DNA စစ်ဆေးခနှင့် လေယာဉ်လက်မှတ်ခ စသည့် ငွေကြေးကုန်ကျစရိတ်များကို UNHCR က တာဝန်ယူမည်မဟုတ်ဘဲ လျှောက်ထားသူ မိသားစုကသာ တာဝန်ယူရမည် ဖြစ်သည်။

ထို့အပြင် UNHCR နှင့် ADRA တို့၏ ဝန်ဆောင်မှုအားလုံးသည် လုံးဝအခမဲ့ဖြစ်ပြီး မည်သည့်ဝန်ထမ်း သို့မဟုတ် အဖွဲ့ အစည်းကမျှ ငွေကြေးတောင်းခံပိုင်ခွင့်မရှိကြောင်း အထူးသတိပေးထားသည်။ အကယ်၍ ငွေကြေးတောင်းခံခြင်း သို့မဟုတ် အကျင့်ပျက်ခြစားမှုတစ်စုံတစ်ရာ ကြုံတွေ့ရပါက UNHCR ၏ လုံခြုံစိတ်ချရသော အီးမေးလ်ဖြစ်သည့် indneconfidenti@unhcr.org သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.