Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယရောက် မြန်မာနိုင်ငံသားများလိုက်နာရန် အချက် ၅ ချက်ပါသော မေတ္တာရပ်ခံချက် NUG အစိုးရထုတ်ပြန်

အိန္ဒိယရောက် မြန်မာနိုင်ငံသားများလိုက်နာရန် အချက် ၅ ချက်ပါသော မေတ္တာရပ်ခံချက် NUG အစိုးရထုတ်ပြန်

0
By Editor on June 21, 2023 Khonumthung

(05MK)

အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ဆိုင်ရာဂုဏ်သိက္ခာအားထိပါးစေသော လုပ်ဆောင်မှုများ ရှောင်ကြဉ်ရန်ဆိုသည့်အချက်အပါအဝင် အိန္ဒိယရောက် မြန်မာနိုင်ငံသားများလိုက်နာရန် အချက် ၅ ချက်ပါ အသိပေးမေတ္တာရပ်ခံချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၁၅ ရက်နေစွဲဖြင့် ထုတ်ပြန်သော ယင်းအသိပေး မေတ္တာရပ်ခံချက်တွင် အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသားများဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ (sovereignty) နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ (territorial integrity) ကို ထိပါးစေသည့်ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြရန်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ရောက်ရှိခိုလှုံနေထိုင်နေသည့်ပြည်နယ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာအရေးအရာများ (political and administrative matters) (ဥပမာ – နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုနှင့် လူမျိုး ရေးအခြေပြုအချေအတင်ဖြစ်မှုများ) တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြရန်လည်း NUG အစိုးရက မေတ္တာရပ်ခံထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုရန်မှ လွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှုအများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။

ထို့အပြင် မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီမြို့တို့တွင်လည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ထောင်နှင့်ချီရှိနေကြသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်နေကြသည့်အချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ရောင်းဝယ်သယ် ဆောင်မှုပြုလုပ်ခြင်းနှင့် ယင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းများ လုံးဝ မပြုလုပ်ကြရန်၊ မိမိတို့ရောက်ရှိနေထိုင်နေသည့် ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် သင့်တင့်လျောက် ပတ်စွာနေထိုင်ပေး ကြရန်နှင့် မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာတွင် ထုတ်ပြန်ထားသော လူမှုရေး၊ ဘာသာရေး စည်းကမ်းများကိုလည်း လိုက်နာပေးကြရန်လည်း NUG အစိုးရက မေတ္တာရပ်ခံထားသည်။

အကယ်၍ မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား အသိပေးတိုင်ပင်ခြင်း၊ လိုအပ်ပါက နိုင်ငံခြားရေးဝန်ြကီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန်လည်း NUG ၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုကဲ့သို့ အိန္ဒိယရောက် မြန်မာနိုင်ငံသားများလိုက်နာရန် မေတ္တာရပ်ခံချက် ထုတ်ပြန်ရသည့် အကြောင်းရင်းကိုမူ မသိရပေ။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ပြီး စစ်ကောင်စီနှင့်လည်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ရှိနေသောကြောင့် အိန္ဒိယနိုင်ငံအတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံသားများနှင့် အဖွဲ့အစည်းများအနေဖြင့် လိမ္မာပါးနပ်စွာနေထိုင်သင့်ပြီး အနေအထိုင်မတတ်ပါက ဖိအားပေးမှုများခံလာရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းကျန်းမာရေးမှာ ပြန်လည်ထမ်းဆောင်မည့်သူများကို အိန္ဒိယတက္ကသိုလ်မှာ Nursing နှင့် Lab Science ပညာသင်ဆု ပေးမည်ဟု CHO ကြေညာ

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.