Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယအစိုးရက ပလက်ဝနှင့် စစ်တွေအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိဟု ဆို

အိန္ဒိယအစိုးရက ပလက်ဝနှင့် စစ်တွေအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိဟု ဆို

0
By Editor on September 14, 2024 Headline

(005MK)

အိန္ဒိယအစိုးရက ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်စစ်တွေအထိ လျှပ်စစ်မီးပေးရန်ဆန္ဒရှိပြီး မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B.Shyam က ပြောဆိုသည်။

မီဇိုရမ်ပြည်နယ်ကိုရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူးသည် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့က မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး Pu F. Rodingliana ကိုသူ၏ ရုံးခန်းတွင်တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာဘက်ခြမ်း ချင်းပြည်နယ် ပလက်ဝမြို့အထိ လျှပ်စစ်မီးဖြန့်ဝေပြီး ထိုမှတဆင့် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိပြီး ယင်းအတွက် မီဇိုရမ်အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဖိတ်ခေါ်ခဲ့သည်ဟု မီဇိုရမ်အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူးနှင့် မီဇိုရမ်အစိုးရ လျှပ်စစ်ဝန်ကြီးတို့သည် မြန်မာနှင့် ဘဂ်လားဒေရှ့်နိုင်ငံတို့နှင့် ကုန်သွယ်ရေး စနစ်တကျဆောင်ရွက်နိုင်ရေးလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ယခုလက်ရှိဖော်ဆောင်နေသော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအခြေအနေနှင့် အခက်အခဲ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.