Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ ဆက်ဆံရေးပိုပိုအားကောင်းလာဟု အစီရင်ခံစာတစ်ရပ်ကဆို

အိန္ဒိယအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ ဆက်ဆံရေးပိုပိုအားကောင်းလာဟု အစီရင်ခံစာတစ်ရပ်ကဆို

0
By Editor on September 2, 2023 Khonumthung

(006SV)

အိန္ဒိယအစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီသည် တနှစ်ထက်တစ်နှစ် ဆက်ဆံရေးတိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် အပြန်အလှန်ဆက်ဆံရေး ပိုအားကောင်းလာကာ ထိတွေ့ဆက်ဆံမှု ပိုများလာသည်ဟု BACS နှင့် India for Myanmar တို့ ပူးပေါင်းပြုစုသော အစီရင်ခံစာတွင် ထောက်ပြထားသည်။

ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) နှင့် Indai for Myanmar တို့က ပူးပေါင်းထုတ်ဝေသော “မြန်မာစစ် အာဏာသိမ်းမှု လပေါင်း ၃၀၊ အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါရနှင့် ဆက်ဆံရေးအခြေအနေ သုံးသပ်အစီရင်ခံစာ” သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သည်။

အိန္ဒိယ၏ လက်ရှိ မြန်မာပြည်အရေး ချဉ်းကပ်ဆောင်ရွက်မှုက မြန်မာဒီမိုကရေစီ လှုပ်ရှားမှုကို အားအင်ချိနဲ့စေသည်ဟု ထောက်ပြထားပြီး အိန္ဒိယအနေဖြင့် မြန်မာပြည်သူများကို မျက်နှာပြောင်တိုက် လျစ်လျူရှုခြင်း မလုပ်ဘဲ မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်သင့်သည်ဟု ယင်းအရပ်ဖက်အဖွဲ့အစည်းများက အကြံပြုသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များကို စုစည်းမှု မလုပ်နိုင်ခြင်းနှင့်အတူ အိန္ဒိယအစိုးရ၏ မိမိအကျိုးစီးပွားကိုသာ ကြည့်မှုကြောင့် အိန္ဒိယအစိုးရနှင့် ဆက်ဆံရေး တည်ဆောက်မှုမှာ အခက်အခဲဖြစ်နေသည်ဟု BACS မှ မခရစ္စတင်းက ပြောသည်။

လက်ရှိမှာ အိန္ဒိယအစိုးရသည် ကုလားတန်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ပြန်လည်စတင်နေပြီး ၁၀ နှစ်ကျော် ကြာလာပြီးဖြစ်သည့် သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်းမှာ စစ်ရေးပဋိပက္ခပြင်းထန်သော စစ်ဇုံအတွင်း ကျရောက်နေ၍ လုပ်ငန်းများ ရပ်တန့်ထားရသောကြောင့် ပြန်လည်စတင်နိုင်ရေး တွန်းအာပေးနေသည်ဟု သိရသည်။

ထို့အပြင် အိန္ဒိယသည် ၎င်း၏ အကျိုးစီးပွားကို အကောင်အထည်ဖော်ရန် ရှေးရှု၍ စစ်ကောင်စီနှင့် ဟန်မပျက် ဆက်ဆံရန် ကြိုးစားနေပြီး တော်လှန်ရေးအင်အားစုတွေကိုလည်း တိတ်တဆိတ် ထိတွေ့ထား၍ “မီးစတဖက်၊ ရေမှုတ်တစ်ဖက်” ဆက်ဆံရေးတည်ထောင်ရန် ကြိုးပမ်းနေသည်ဟု အစီရင်ခံစာ၏ အဓိက လေ့လာတွေ့ရှိချက် ၁၃ ချက်ထဲတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာက အလိမ်အညာနှင့် နည်းလမ်းဟောင်းဖြစ်သည့် “ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် အစိုးရကို လွှဲပေးမည်” ကို နားမယောင်ဘဲ အမှန်တရားနှင့် အရှိတရားကို မြင်အောင်ကြည့်၍ မြန်မာပြည်သူများနှင့် လက်တွဲဆောင်ရွက်ရန် အိန္ဒိယအစိုးရကို အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.