Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယအစိုးရ၏ ငလျင်ကယ်ဆယ်ရေးပစ္စည်များ ချင်းပြည်ဘက်ရောက်ပြီ

အိန္ဒိယအစိုးရ၏ ငလျင်ကယ်ဆယ်ရေးပစ္စည်များ ချင်းပြည်ဘက်ရောက်ပြီ

0
By Editor on April 4, 2025 Khonumthung

(004SS)

မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် အိန္ဒိယအစိုးရ၏ ငလျင်ကူညီကယ်ဆယ်ရေးပစ္စည်းများသည် CDF-Hualngoram ထိန်းချုပ်နယ်မြေ ချင်းပြည် ရိခေါဒါရ်မြို့သို့ ရောက်ရှိနေပြီဟု သိရသည်။

ကုန်တင်ကား ၁၂ စီးစာရှိသော အဆိုပါငလျင်ကယ်ဆယ်ရေးပစ္စည်းများကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ကတဆင့် အာသံရိုင်ဖယ်တပ်ဖွဲ့က ကုန်ကားများဖြင့်သယ်လာပြီး အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ဧပြီလ ၃ ရက်နေ့က ဘေးကင်းလုံခြုံစွာရောက်ရှိလာပြီဟု CDF-Hualngoram တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဲဒီကူညီရေးပစ္စည်းတွေ ဒီဘက်ခြမ်း (မြန်မာ) ဘက်ကို ရောက်ပါပြီ။ မနေ့က ကားတွေရောက်တာ တစ်စီးနဲ့တစ်စီးက ရောက်ချိန် မတူကြဘူး၊ ညနေပိုင်းအထိရောက်တာကတော့ အားလုံးပေါင်း ကုန်ကား ၁၂ စီးရောက်ပါတယ်။ အဓိက ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးပစ္စည်းတွေပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ယင်းကူညီရေးပစ္စည်းများသည် မြန်မာဘက်ခြမ်းတစ်နေရာတွင် ခေတ္တထားရှိပြီး ငလျင်ဘေးသင့်ဒေသ ဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့် လို‌အပ်သော နေရာများသို့ ကုန်းလမ်းဖြင့် ဆက်လက် ပို့ဆောင်သွားမည်ဟု သိရသည်။

သို့သော် ကူညီရေးပစ္စည်းများကို ဘယ်အချိန်တွင် မည်သည့် လမ်းကြောင်းဖြင့် ပို့ဆောင်သွားမည်ကိုမူ မသိရသေးကြောင်း ကူညီရေးပစ္စည်းများ ထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေးစသည့်အပိုင်းများတွင် တတ်နိုင်သည့်ဘက်မှ လိုအပ်သလို ကူညီမှုပေးနေကြောင်း CDF-Hualngoram တာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့အနနဲ့ ကူညီပေးတဲ့ အခြေအနေပဲရှိတော့ ဘယ်လို လမ်းကြောင်းကနေ ဆက်သွားမလဲ ဆို‌တာ‌က ကျွန်တော် တို့နဲ့ တိုက်ရိုက် မသက်ဆိုင်တော့ ပြောရခက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကုန်ထမ်းဖို့ အလုပ်သမားတွေရှာပေးထား တာပေါ့၊ နောက် သယ်ဖို့ ကားတွေတတ်နိုင်သလောက် စီစဉ်ပေးထားတယ်။ ခဏတစ်ဖြုတ် ပစ္စည်းထားဖို့ နေရာတွေ ရှာပေး ထားတယ်၊ အဲလိုမျိုးတွေ ကူ‌ညီပေးတာပေါ့။ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တို့ကို တာဝန်ပေးထားတာ အဲလောက်ကြီး မရှိဘူးလေ” ဟု ၎င်းကပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ထံမှ တိုက်ခိုက်သိမ်းပိုက် ခဲ့ကြပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင် နယ်မြေခံတပ်ဖွဲ့ဖြစ်သော CDF-Hualngoram က ထိန်းချုပ်သည့်ဒေသဖြစ်သည်။

အိန္ဒိယအစိုးရသည် ‘Operation Brahma’ အစီအစဉ်ဖြင့် မတ်လ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံက ငလျင်ဘေး ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်း နှင့် ရေလမ်းဖြင့် ပို့ဆောင်ပေးလျှက်ရှိပြီး ယခုအခါ ကုန်းလမ်းကနေလည်း ချင်းပြည်နယ်ကိုဖြတ်၍ အကူအညီများပေးအပ် ပို့ဆောင်ပေးခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရန် “Operation Brahma” အမည်ဖြင့် မတ်လ ၂၉ ရက်မှ ဧပြီလ ၁ ရက်အထိ အိန္ဒိယလေတပ်မှစစ်လေယာဉ် ၆ စင်း၊ အိန္ဒိယရေတပ်မှ စစ်သင်္ဘော ၅ စီးဖြင့် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူ အများအပြားကို ရန်ကုန်၊ နေပြည်တော်၊မန္တလေးတို့တွင် ပို့ဆောင်စေလွတ်ကူညီလျက်ရှိ‌နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.