Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်သိမ်းပိုက်

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်သိမ်းပိုက်

0
By Editor on January 16, 2024 Khonumthung

(002MG)

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် ချင်းပြည်နယ် တီးတိန်းမြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။

သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီလ ၁၂ ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ၅ ရက်မြောက်နေ့ ဇန်န၀◌ါရီလ ၁၆ ရက်မနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု CDF/CDM-Siyin တပ်ဖွဲ့မှတာ၀န်ရှိသူက ပြောသည်။

“ဒီမနက် (၇) နာရီခွဲလောက်မှာ သိမ်းနိုင်ပြီ။ အခုလောလောဆယ်တော့ လက်နက်တွေသိမ်းနေလို့ အသေးစိတ် မပြောနိုင် သေးဘူး” ဟု CDF/CDM-Siyin တပ်ဖွဲ့မှတာ၀န်ရှိသူကပြောသည်။

သိုင်းငင်းကျေးရွာသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဆက်သွယ် သည့် လမ်းကြောင်းပေါ် တွင်တည်ရှိသည့် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသောနေရာဖြစ်ပြီး စစ်ကောင်စီသည် ထိုနေရာတွင် တပ်စွဲထားကာ ခရီးသွားပြည်သူများအား တင်းတင်းကြပ်ကြပ် စစ်ဆေးသည့်နေရာဖြစ်သည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ကလေးမြို့မှ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူခဲ့သည့်အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် CNA, CDF CDM-Siyin, CDF-KKG, CDF -Thantlang, CDF-Hakha, PDA နှင့် CDF-Hualngoram တို့ပါ၀င်သည်ဟုသိရသည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.