Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်ကြောင်း မီဇီုးကျောင်းသားသမဂ္ဂက အိန္ဒိယ၀န်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပေးပို့

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်ကြောင်း မီဇီုးကျောင်းသားသမဂ္ဂက အိန္ဒိယ၀န်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပေးပို့

0
By Editor on January 22, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းရန် အိန္ဒိယအစိုးရ၏ အစီစဉ်ကို ကန့်ကွက်ကြောင်း မီဇိုးကျောင်းသားသမဂ္ဂ (MZP) က အိန္ဒိယ၀န်ကြီးချုပ်ထံ ယနေ့အိပ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

ယနေ့ ဇန်န၀◌ါရီလ ၂၂ ရက် ညနေပိုင်း ၃ နာရီခန့်တွင် မီဇိုးကျောင်းသားသမဂ္ဂ ဉက္ကဌနှင့် ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ထံ အဆိုပါ အိပ်ဖွင့်ပေးစာကို သွားရောက်ပေးအပ်ခဲ့ကြပြီး Governor ခရီးလွန်နေသည့်အတွက် သူ၏အတွင်းရေးမှူး V. Lalsangliana က လက်ခံခဲ့သည်ဟု သိရသည်။

MZP ဉက္ကဌ H. Lalthianghlima က “ခုလိုမျိုး ဇိုး (ချင်း) မျိုးနွယ်စုတွေ အပြန်အလှန် ဆက်သွယ်သွားလာမှုတွေ ဟန့်တားစေမည့်အစီစဉ်တွေ အိန္ဒိယအစိုးရကစီစဉ်နေတဲ့အပေါ်မှာ မိမိတို့အနေနဲ့ မလိုလားပါဘူး၊ ဒီကိစ္စကို မိမိတို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားမှာြဖစ်ပါတယ်’’ ဟု ပြောဆိုခဲ့သည်။

အိန္ဒိယ၀န်ကြီးချုပ်ထံ ပေးပို့သော အဆိုပါအိပ်ဖွင့်ပေးစာထဲတွင် ဇိုး (ချင်း) မျိုးနွယ်စုများသည် ဗြိတိသျှခေတ်ကတည်းက ပိုင်းခြားအုပ်ချုပ်ခံရသကဲ့သို့ အိန္ဒိယ လွတ်လပ်ရေးရပြီးသည့်အချိန်တွင်လည်း နိုင်ငံတကာ နယ်နိမိတ်မျဉ်းများက ပိုင်းခြားသတ်မှတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

သို့သော်လည်း အိန္ဒိယအစိုးရ၏ လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့် FMR အရ နှစ်နိုင်ငံကြားရှိ ဇိုး (ချင်း) မျိုးနွယ်စုများသည် သာရေး၊ နာရေး၊ ဘာသာရေးများတွင်လည်း ကူးလူးဆက်ဆံခွင့်ရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း အိန္ဒိယအစိုးရက ယင်းကိစ္စကို ဖျက်သိမ်းရန် စီစဉ်နေမှုသည် မိမိတို့မျိုးနွယ်စုများအကြား ပေါင်းကူးဆက်သွယ်သွားလာမှုအား ပိတ်ပင်ဟန့်တားမည့် အခြေအနေမှာရှိနေသည်ဟု MZP က ပြောသည်။

အိန္ဒိယသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (United Nations Declaration on the Rights of the Indigenous Peoples) ကို လက်မှတ်ထိုးထားသောနိုင်ငံဖြစ်ပြီး ယင်းကြေညာစာတမ်း အပုဒ် ၃၆ တွင် ဌာနေတိုင်းရင်းသားလူမျိုးများ အထူးသဖြင့် နိုင်ငံတကာနယ်စပ်များဖြင့် ပိုင်းခြားခြင်းခံရသော လူမျိုးများသည် ၎င်းတို့အချင်းချင်းအပြင် နယ်စပ်တဘက်ခြားရှိ အခြားလူမျိုးများနှင့်ပါ ၀◌ိညာဉ်ရေးရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဆောင်ရွက်မှုများအပါအ၀င် ဆက်သွယ်မှုများ၊ ဆက်ဆံရေးများနှင့် ပူပေါင်းဆောင်ရွက်ခြင်းများကို ထိန်းသိမ်း၍ ဖန်တီးဖွံ့ဖြိုးစေပိုင်ခွင့်ရှိသည်” ဟု အတိအလင်း ဖော်ပြထားသည်ဟု မီဇိုးကျောင်းသားသမဂ္ဂက ထောက်ပြထားသည်။

ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် ယင်းကိစ္စကိုပြန်လည်သုံးသပ်ရန်အလေးအနက် တောင်းဆိုသည်ဟု မီဇိုးကျောင်းသားသမဂ္ဂက ဆိုသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၆၈ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေး စစ်ရေးအခြေအနေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းကတဆင့် အိန္ဒိယနိုင်ငံသို့ စစ်ဘေးရှောင်များ ၀င်ရောက်မှုများလာခြင်း၊ စစ်ကောင်စီတပ်သားများ စစ်ဆုံး၍ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း၊ မူးယစ်ဆေး၀◌ါးဖမ်းဆီးမှုများလာခြင်းတို့ကြောင့် အိန္ဒိယဗဟိုအစိုးရက FMR ကိုဖြတ်သိမ်းကာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်လာခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးထံ ယင်းကိစ္စကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ထပ်မံပြောဆိုလာသည့်အပေါ် နားမလည်နိုင်ကြောင်း အကယ်၍ ဗဟိုအစိုးရက အတင်းအကျပ် ဆောင်ရွက်လာပါက သူ့အနေဖြင့် လွန်ဆန်နိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.