Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်နေရာ ကွင်းဆင်းလေ့လာ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်နေရာ ကွင်းဆင်းလေ့လာ

0
By Editor on January 30, 2026 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့်စီမံကိန်းနှင့်ပတ်သက်၍ မီဇိုရမ် နှင့် ချင်းပြည်နယ် နယ်စပ်မှာ အိန္ဒိယဗဟိုအစိုးရတာဝန်ရှိသူများက မြေပြင်ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်နေသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရဘက်က နယ်စပ်လမ်းအဖွဲ့အစည်း ( Border Road Organization – BRO ) အရာရှိများနှင့် အာသံ ရိုင်ဖယ်ခေါင်းဆောင်တချို့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ် တီအိုချောင်းအနီးအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ကစ၍ ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ကြသည်။

ယခုကွင်းဆင်းစစ်ဆေးသည့်နေရာသည် မီဇိုရမ်ပြည်နယ်၊ Hnahthial ခရိုင်ထဲမှ တစ်ခုတည်းသော နယ်စပ်ဝင်/ထွက် ပေါက် Thingsai ကျေးရွာ နှင့် အနီးတဝိုက်ကို ကွင်းဆင်လေ့လာခြင်းဖြစ်သည်။

မြေပြင်ကွင်းဆင်းလေ့လာမှုကို ၅ ရက်ပြုလုပ်မည်ဖြစ်ပြီး BRO နှင့် အာသံရိုင်ဖယ်က တာဝန်ရှိသူများက ဦးဆောင်ကြ သည်ဟု သိရသည်။

ယခုကဲ့သို့ မြေပြင်ကွင်းဆင်းတိုင်းတာမှုများစတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း မီဇိုရမ်ပြည်နယ်က အင်အားကြီး အရပ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် CYMA၊ MZP နှင့် ZORO အဖွဲ့တို့က နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကန်ကွက်ထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.