Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာကို အသွားလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်

အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာကို အသွားလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်

0
By Editor on May 7, 2021 Khonumthung

ရစ်ချက် – ချင်းပြည်နယ်နဲ့ထိစပ်နေသည့် မီဇိုရမ်ပြည်နယ် Zokhawthar (ဇိုးခေါထား) ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မြင့်တက်လာသောကြောင့် မေလ ၅ ရက်နေ့ကစပြီး Containment Area (ထိန်းချုပ်ကန့်သတ်နယ်မြေ)အဖြစ် သတ်မှတ်ထားလိုက် ကြောင်း သိရသည်။

ဇိုးခေါထားကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအခြေအနေကို သေသေချာချာ လိုက်လံစစ်ဆေးဖို့ လိုအပ်သောကြောင့် ယခုလို သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မေလ ၅ ရက်နေ့က ဇိုးခေါထားရွာမှာ ပိုးတွေ့လူနာသစ် ၅ ဦး တွေ့တယ်။ လက်ရှိအခြေနေမှာ အိမ်ထောင်စု ၁၇ စု လောက် Home Quarantine လုပ်ထားရတယ်။ Containment Area အဖြစ် သတ်မှတ်ထားတော့ ဘယ်မှ သွားမရ တော့ဘူး။” လို့ ပြောသည်။

ဇိုးခေါထားကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ မီဇိုရမ်ပြည်နယ်တွင် တည်ရှိသောကျေးရွာဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ အဓိကအချက်ကျသော စီပွားရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် ဇိုခေါထား ကျေးရွာကို ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်များ အဓိက ဝင်ရောက်နေသော ကျေးရွာ လည်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးခေါထားကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၂၄ ဦးရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ ၂၄ ဦးအနက် ၂ ဦးမှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်ထဲက ဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် လက်ရှိ မေလ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၆၉၆၄ ဦးရှိသည့်အနက် ၅၃၅၁ ဦး ပျောက်ကင်းသွားပြီဖြစ်သည်။ လက်ရှိတွင် ကုသဆဲလူနာ ၁၅၉၆ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ၁၇ ဦး သေဆုံးပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.