Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းအတွင်း သဲထုတ်ယူမှုကြောင့် Farkawn YMA က CNF ဌာနချုပ်ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်

အိန္ဒိယ-မြန်မာနယ်စပ် တီအိုချောင်းအတွင်း သဲထုတ်ယူမှုကြောင့် Farkawn YMA က CNF ဌာနချုပ်ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်

0
By Editor on May 25, 2026 Khonumthung

(005MK)

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း (Tiau Lui) မှာ ချင်းအမျိုးသားတပ်ဦး CNF/CNA က သဲများထုတ်ယူနေသည့်အတွက်ကြောင့်ဟုဆိုကာ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာ မီဇိုးလူငယ်အသင်း (YMA) က ၎င်းတို့ကျေးရွာမှတဆင့် CNF/CNA ဌာနချုပ်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်လိုက်သည်။

Farkawn ကျေးရွာ YMA အနေဖြင့် မြစ်ချောင်းများ ထိန်းသိမ်းသည့်အနေဖြင့် တီအိုချောင်းတွင် သဲထုတ်ယူခြင်းကို တားမြစ်ထားပြီး ယင်းကိစ္စကို CNF/CNA ကိုလည်း အသိပေးထားသော်လည်း တီအိုချောင်းတွင် စက်ကြီးများဖြင့် သဲများထုတ်ယူနေသည့်အပေါ် နားမလည်နိုင်အောင်ဖြစ်ရသည်ဟု မေလ ၂၄ ရက်နေ့က Farkawn YMA က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် CNA နှင့် သက်ဆိုင်သည့် မည်သည့်ကုန်ပစ္စည်းမျိုးကိုမဆို Farkawn ကျေးရွာမှတဆင့် ၎င်းတို့၏ ဌာနချုပ်ဘက်သို့ သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်ပြီး၊ ဒေသတွင်းရှိ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများအနေဖြင့်လည်း လေးစားလိုက်နာကြရန် Farkawn YMA ၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

Farkawn YMA ၏ ပိတ်ပင်တားမြစ်ချက်အပေါ် Farkawn ကျေးရွာကစီးပွားဖြစ်ယာဉ်ပိုင်ရှင်များအသင်း (Farkawn Commercial Vehicle Owner Association – FCVOA) ကလည်း ထေက်ခံကြောင်း ထုတ်ပြန်ထားပြီး၊ အဖွဲ့ဝင်များအနေဖြင့် ကုန်ပစ္စည်းများကို လောလောဆယ်တွင် သယ်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.