Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ် ရွှေလိုက်ဝရွာအနီးရှိ MDF စခန်း လေကြောင်းတိုက်ခိုက်ခံရ

အိန္ဒိယ-မြန်မာနယ်စပ် ရွှေလိုက်ဝရွာအနီးရှိ MDF စခန်း လေကြောင်းတိုက်ခိုက်ခံရ

0
By Editor on August 26, 2026 Headline

MDF ရဲဘော်နှင့် ဒေသခံ ၄ ဦး သေဆုံးဟုဆို

(006SV)

အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ၏ စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရဲဘော်အပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း ဒေသခံတချို့ထံ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီခန့်မှာ ချင်းပြည်နယ်၊ မရာဒေသရှိ MTC/ MDF ၏ စခန်းတစ်ခုကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂လုံး ကြဲချသွားသည်ဟု သိရသည်။

“နယ်စပ်က ရွှေလိုက်ဝရွာအနီးမှာ ရှိတဲ့ MDF စခန်းကုန်းကို ကြဲတာလို့တော့ သိရတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ ၄ ဦးမှာ ၂ ဦးကတော့ ဒေသခံတွေလို့တော့ ပြောကြတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက်လောက် ရှိတယ်လို့ လောလောဆယ် သိထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

MTC/ MDF တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် Hrala ရွာသား ၂ ဦး၊ Patheitlâh ရွာသား ၁ ဦးနဲ့ Tido ရွာသား ၁ ဦး စသည့် ရဲဘော် ၄ ဦး ကျဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းများကို ဖော်ပြပေးနေ သော The Maraland Times ကလည်း ရေးသားသည်။

အိန္ဒိယ – မြန်မာနယ်စပ်၊ မရာဒေသ၊ ရှင်းလက်ချောင်းဖျားမှာ တည်ရှိနေသော ရွှေလိုက်ဝကျေးရွာကို MTC/ MDF အပြင် အာရက္ခ တပ်တော် ULA/ AA ကလည်း ပူးတွဲထိန်းချုပ်ထားသည်ဟု သိရသည်။

ရွှေလိုက်ဝဖြစ်စဉ်နှင့်ပတ်သက်၍ MTC/ MDF ထံ ဆက်သွယ်မေးမြန်းထားသော်လည်း မရသေးပါ။

ဩဂုတ်လ ၂၄ ရက်က ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၈ ဦးအပါအဝင် ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များမှာလည်း ပလက်ဝမြို့နှင့် ဆမီးမြို့များကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူတချို့ သေဆုံးမှု၊ ထိခိုက်မှုများ ရှိခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.