Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ကီလိုမီတာ ၃၀ ပြီးစီးပြီဟုဆို

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ကီလိုမီတာ ၃၀ ပြီးစီးပြီဟုဆို

0
By Editor on September 20, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ကီလိုမီတာ ၃၀ ပြီးစီးပြီဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah ကပြောဆိုသည်။

အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုသည့်အကြောင်းပြချက်ဖြင့် ကီလိုမီတာ ၁၆၄၃ ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းအတွက် ရူပီး ကုဋေ ၃၁၀၀၀ လျာထားသည်ဟု သိရသည်။

နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တားနိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောဆိုကြောင်း အိန္ဒိယသတင်းတွေကဖော်ပြသည်။

အိန္ဒိယအစိုးရအဖွဲ့ လုံခြုံရေးကော်မတီကလည်း အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ကာ လမ်းမကြီး များတည်ဆောက်ရန်မူအားဖြင့် သဘောတူထားပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အိန္ဒိယအရှေ့မြောက်ပြည်နယ် ၄ ခု ဖြစ်သည့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလဲန်း နှင့် အာရွန်းနာချာလ်ပရာဒေရှ့် ပြည်နယ်များ သည် မြန်မာနှင့်ထိစပ်နေသည်။ ယင်းပြည်နယ် ၄ ခုအနက် မီဇိုရမ်ပြည်နယ် နှင့် နာဂလဲန်းပြည်နယ်တို့က နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ထားကြသည်။

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်လွှတ်ထဲမှာလည်း ကန့်ကွက်ကြောင်းအဆိုကို အတည်ပြုခဲ့ကြပြီးဖြစ်သည်။

နယ်စပ်ခြုံစည်းရိုးခတ်မှုမစတင်ခင်မှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ၁၆ ကီလိုမီတာအထိ အထောက်အထားမလိုဘဲ လွတ်လပ်စွာသွားလာခွင့် FMR ကိုလည်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.