Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် စီမံကိန်းအတွက် နယ်စပ်ဒေသစစ်တမ်းကောက်ယူရေး စတင်ဆွေးနွေး

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် စီမံကိန်းအတွက် နယ်စပ်ဒေသစစ်တမ်းကောက်ယူရေး စတင်ဆွေးနွေး

0
By Editor on July 16, 2025 Khonumthung

(005MK)

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်မည့်စီမံကိန်းနှင့်ပတ်သက်၍ နယ်စပ်ဒေသတစ်လျှောက် စစ်တမ်းကောက်ယူရေးဆောင်ရွက်ရန် မီဇိုရမ်ပြည်အာဏာပိုင်များနှင့် နယ်စပ်လမ်းများအဖွဲ့ (BRO)၊ အာသံရိုင်ဖယ်တပ်ဖွဲ့များ စတင် ဆွေးနွေးနေကြပြီဟုသိရသည်။

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အုပ်ချုပ်ရေးမှူး K.Vanlalruati ဦးဆောင်မှု ဖြင့် Border Roads Organisation (BRO)၊ Assam Rifles နဲ့ ရဲတပ်ဖွဲ့အရာရှိတို့သည် ဇူလိုင် ၁၅ ရက်နေ့က အစည်းအဝေးတရပ်ကျင်းပကာ နယ်စပ်ဒေသ စစ်တမ်းကောက်ယူရေးဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အွန်လိုင်းသတင်းဌာန Bengvarna ကဖော်ပြသည်။

ယင်းအစည်းအဝေးတွင် Hnahthial ခရိုင် နှင့် မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဆိုပါက နယ်စပ်တစ်လျှောက် အနေအထားများ သိရှိနိုင်ရန် ကွင်းဆင်းလေ့လာမှု၊ စစ်တမ်းကောက်ယူမှုများ လိုအပ်မည်ဟု ဆွေးနွေးခဲ့ကြသည်။

Hnahthial နှင့် မြန်မာနယ်စပ်တစ်လျှောက်တွင် ဝင်ထွက်ပေါက်(Entry-Exit point) တစ်ခုသာ Thingsai ကျေးရွာမှာ တည်ရှိပြီး နယ်စပ်ခြံစည်းရိုးကို အမှန်တကယ်ခတ်ရန်လိုအပ်မှုရှိမရှိ သိရှိနိုင်ရေးနှင့် ဒေသခံပြည်သူများ၏ သဘောထားများသိရှိနိုင်ရေးအတွက် စစ်တမ်းများကောက်ယူသွားမည်ဟု သိရသည်။

ပဏာမစစ်တမ်းကောက်ယူမှုများကို Thingsai ကျေးရွာတွင် ကနဦးစတင်ရန်စီစဉ်ထားကြပြီး ယင်းအတွက် ခရိုင်အုပ်ချုပ်ရေးရုံး၊ BRO၊ အာသံရိုင်ဖယ်နှင့် ရဲတပ်ဖွဲ့ရုံးမှ တစ်ဦးစီးပါဝင်မည်ဟု ဆိုသည်။

ပဏာမစစ်တမ်း ကောက်ယူပြီးသွားပါက BRO အဖွဲ့က ပုံမှန်စစ်တမ်းကောက်ယူမှု ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး မြန်မာနှင့် ထိစပ်နေသော Hnahthial ခရိုင်ထဲက ကျေးရွာများအားလုံးကို စစ်တမ်းကောက်ယူမည်ဟု ဖော်ပြထားသည်။

မြန်မာနှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက်မှာ ဝင်ထွက်ပေါက် (Entry-Exit point) နေရာ ၁၄ ခုရှိပြီး Hnahthial ခရိုင်ထဲတွင် တစ်ခုတည်းသာရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.