Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်အရေး ပြည်ထဲရေး၀န်ကြီးနှင့်ဆွေးနွေးမှု အလားအလာကောင်းကြောင်း မီဇိုရမ်၀န်ကြီးချုပ်ပြော

အိန္ဒိယ-မြန်မာ နယ်စပ်အရေး ပြည်ထဲရေး၀န်ကြီးနှင့်ဆွေးနွေးမှု အလားအလာကောင်းကြောင်း မီဇိုရမ်၀န်ကြီးချုပ်ပြော

0
By Editor on February 13, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်ကိစ္စနှင့်ပတ်သတ်၍ အိန္ဒိယ ပြည်ထဲရေး၀န်ကြီးနှင့် တွေဆုံဆွေးနွေးခဲ့ရာတွင် အလားအလာကောင်းပြီး အများကြီးမျှော်လင့်ထားကြောင်း မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ပြောသည်။

အိန္ဒိယဗဟိုအစိုးရနှင့် တွေ့ဆုံပြီး နယူးဒေလီမြို့မှပြန်ရောက်လာသော မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သည် ယနေ့မွန်းလွဲပိုင်းက သူ၏ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာမှာ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်ထဲရေး၀န်ကြီး Amit Shah နဲ့ တွေ့ပါတယ်၊ အဲဒီမှာ FMR ဖျက်သိမ်းဖို့နဲ့ နယ်စပ်ခြံစည်းရိုးခတ်မည့်အပေါ် မိမိတို့ သဘောထားကို ထပ်ပြီးတင်ပြပါတယ်၊ ကျနော်တို့ ပြောဆိုဆွေးနွေးမှုအခြေအနေက ၀မ်းသာစရာကောင်းပါတယ်၊ အဲဒီကိစ္စကို သူတို့အနေနဲ့ ပြန်မလုပ်တော့ဘူးဆိုပြီးတော့ ယတိပြတ်ပြောဆိုတာတော့ မရှိဘူး။ သို့သော် မဏိပူရ်ပြည်နယ်ဘက်ကို လုပ်ချင်လုပ်ပါ ကျနော်တို့ဘက်ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ပြောတဲ့အခါမှာ သူ့အနေနဲ့ မလုပ်ဘူးဆိုပြီး နှုတ်နဲ့ ပြန်ပြောဆိုတာမျိုးမရှိပေမယ့် ကျနော်တို့ဆွေးနွေးမှုကို ကြည့်ရင်တော့ မျှော်လင့်ချက်အများကြီးရှိပါတယ် ဒါကြောင့် မိမိတို့အနေနဲ့ ဒီအပေါ်မှာ အရမ်းကြီး စိုးရိမ်မလွန်ကဲကြဖို့ စိတ်မလောကြဖို့လိုပါတယ်” ဟု မီဇိုရမ်၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်နောက်ပိုင်း နယ်စပ်လမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံထဲသို့ လက်နက်၊ မူးယစ်ဆေး၀ါးအပါအ၀င် တရားမ၀င်ကုန်ပစ္စည်းများ အလုံးအရင်းဖြင့် ၀င်ရောက်လာမှု၊ စစ်ဘေးရှောင် အမြောက်အများ ၀င်ရောက်လာမှု၊ ပြည်တွင်းလုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၏ လူဦးရေအနေအထားကို ထိန်းသိမ်းရန်ဟုဆိုကာ အိန္ဒိယအစိုးရက မြန်မာနှင့် ထိစပ်နေသော ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ကာ နှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် FMR ကိုလည်း ဖျက်သိမ်းရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်နှင့် ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းများကလည်း နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်ပြီး FMR ဖျက်သိမ်းမည်ဆိုပါက မြန်မာဘက်တွင် နေထိုင်ကြသော မျိုးနွယ်စုတူ (ချင်း) ဇိုးမျိုးနွယ်စုများအကြား ရင်းနှီးစွာကူးလူးဆက်ဆံမှု၊ စည်းလုံးညီညွတ်မှုထိခိုက်စေနိုင်သည့်အပြင် ချင်း (ဇိုး) မျိုးနွယ်စုများအားလုံး အုပ်ချုပ်မှုတစ်ခုအောက်တွင် နေထိုင်ရန် မျှော်လင့်စောင့်စားနေကြသည့်အချိန်တွင် ယခုကဲ့သို့ နယ်စပ်တံတိုင်းကာရံမည့်အစီစဉ်ကို မလိုလားကြောင်း အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ကြပြီးဖြစ်သည်။

သို့သော်လည်း အိန္ဒိယအစိုးရက အဆိုပါအစီစဉ်များကိုဆက်လက်အကောင် အထည်ဖော်ရန်ပြင်ဆင်လျှက်ရှိပြီး မီဇိုရမ်ပြည်နယ်၀◌န်ကြီးချုပ်က ပြည်ထဲရေး၀န်ကြီးနှင့်ဒုတိယအကြိမ် တွေ့ဆုံကာ ထပ်မံတင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.