Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စများ ဆွေးနွေး

အိန္ဒိယ-မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စများ ဆွေးနွေး

0
By Editor on May 10, 2019 Headline

By မိုး​ကျော်​ – ချင်းပြည်နယ်ကို ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက်(ဘ်) ကူမား နှင့် မီဇိုရမ်ပြည်နယ် chief secretary(ပြည်​နယ်​အတွင်း​ရေးမှူး) Lalnunmawia Chuaungo ​တို့  ​မေလ ၈ ရက်​​နေ့က ရိခေါ်ဒါရ်မြို့တွင် တွေ့ဆုံးခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ချင်းပြည်နယ် တီးတိန် နယ်စပ်လမ်းအား အမြန်ဆုံး ဆောင်ရွက်သွားရန်၊ Indo-Myanmar Friendship Bridge ခေါ် အိန္ဒိယ-မြန်မာနယ်စပ် တံတားအား ကြီးမားပြီး ခိုင်ခံသော တံအားအသစ်တည်ဆောက်သွားရန် နှင့် တရားဝင်စနစ်တကျ နှစ်နိုင်ငံကုန်သွယ်သွားလာခွင့် ရှိရေး စသည့်ကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ယင်း​ဆွေးနွေးခဲ့ကြသည့် ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဗဟို အစိုးရ Ministry of External Affairs ထံ တင်ပြပြီး ၄င်းမှတဆင့် မီဇိုရမ်ရှိ Bilateral Trade Potential ကိစ္စနဲ့ပတ်သက်ပြီး Joint seminar တစ်ရပ်ကို အမြန်ဆုံး ပြုလုပ်သွားမည်ဟုလည်း ဖော်ပြသည်။

ထို့ အပြင် ဘိုးဘေးများ အထွဋ်အမြတ်ထားရှိပြီး အမွေအနှစ်တစ်ခုဖြစ်သည့် ရိရေကန်သို့ လည်ပတ်သွားလာရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းပြီး တရားဝင် အလွယ်တကူသွားရောက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်​။

ချင်းပြည်နယ်သို့ ၅ ရက်ကြာ လေ့လာကြည့်ရှုဖို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက် (ဘ်) ကူမားသည် အိန္ဒိယအစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းအခြေအနေများကို အဓိက လာရောက် ကြည့်ရှု့လေ့လာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှတဆင့် ကုန်ဝင်ကုန်ထွက်များကို တရားဝင်အတိုင်းပြုလုပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ကုန်သွယ်မှုများကို ပိုမိုပြီးကြပ်မတ်ဆောင်ရွက်သွားလိုဖို့အပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.