Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ် ရက်အကန့်အသတ်မရှိပိတ်ပင်

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ် ရက်အကန့်အသတ်မရှိပိတ်ပင်

0
By Editor on July 16, 2019 Khonumthung

အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ရိခေါဒါရ် – ဇိုခေါထား ဂိတ်ကို မီဇိုရမ်ပြည်နယ်အစိုး ရလက် အောက် အကောက်ခွန်ဌာနက ယနေ့ ဇူလိုင် ၁၅ ရကနေ့ကစ၍ ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်သည်ဟု သိရသည် ရိခေါဒါရ်မြို့အမှတ်(၁) ရပ်ကွက်တွင်နေထိုင်သည့် ကုန်သည်တစ်ဦးကပြောသည်။

“မီဇိုရမ်ပြည်နယ်ဘက်ကတော့ ဒီလအစောပိုင်းကတည်းကနေ ပိတ်မယ်ဆိုတာအကြောင်းကြားထားပါတယ်၊ ဒီနေ့စပြီးပိတ်လိုက်တာပေါ့နော်၊ မြန်မာဘက်က ဘာကုန်ပစ္စည်းမှ သယ်ဆောင်ခွင့်မရှိဘူး၊ ဒီနေ့ဆို ကုန်စိမ်းတွေတောင် ၀င်ခွင့်မပြုဘူး လူကတော့ ပုံမှန်သွားလို့ရပါတယ်’’ ဟုပြောသည်။

ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို မီဇိုရမ်ပြည်နယ်ဘက်မှ ပိတ်ပင်လိုက်သည့်အကြောင်းရင်းကိုမူ မသိရသော်လည်း နှစ်နိုင်ငံကုန်သွယ်ရေးမှရရှိသော အကောက်အခွန်များနှင့်ပတ်သက်၍ အကောက်ခွန်ဌာန နှင့် Import-Export Code Holder Association Mizoram (IEC) အဖွဲ့စည်းအကြားအငြင်းပွား မှုပြသနာကြောင့်ဖြစ်နိုင်သည်ဟု ကုန်သည်အသိုင်းအ၀န်းထံမှသိရသည်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့မှတဆင့် တဖက် မီဇိုရမ်ပြည်နယ်သို့ ၀င်ထွက်သွားလာသည့်ကုန်သည်အများစုသည် အိန္ဒိယအစိုးရ အသိအမှတ်ပြု သွင်းကုန်ထုတ်ကုန်လိုင်စင်မရှိကြသည့်အပြင် အစိုးရထံ၌လည်း စနစ်တကျအခွန်ပေးဆောင်မှုမရှိအတွက် နစ်နာမှုရှိသည်ဆိုပြီး Import-Export Code Holder Association Mizoram (IEC) အဖွဲ့ ကုန်ပစ္စည်းတင်ပို့မှုကိုလည်း ယခင်က ယာယီပိတ်ပင်ခဲ့သည်။

ရိခေါဒါရ်မြို့အခြေစိုက် Rih Lentlang Youth Association အကြံပေးပုဂ္ဂိုလ် ဦးဇိုးဒင့်နာက “ ကျနော်တို့ သိသလောက်ကတော့ ကုန်သည်တွေအနေနဲ့ ဟိုဘက်ဒီဘက် ကြိုက်သလို ၀င်ထွက်လို့မရတော့အောင် ဒီနှစ်နိုင်ငံကုန်သွယ်ရေးလိုင်စင်နဲ့ပဲ ကုန်ပစ္စည်းတင်ဆောင်ခွင့်ပေးတော့မယ် သူတို့ ပြည်နယ် မီဇိုရမ်ဘက်ပေါ့၊ ကျနော်တို့ဘက်မှာတော့မသိဘူး သူတို့ဘက်မှာတော့ အဲဒီနှစ်နိုင်ငံကုန်သွယ်ခွင့်လိုင်စင်နဲ့သွားတော့မယ် လိုင်စင်မရှိတဲ့ကုန်ပစ္စည်းတွေ မှောင်ခိုအဖြင့်သတ်မှတ်မယ် ဥပမာကုန်သည်တစ်ဦး ကုန်ပစ္စည်းရှိတယ် ဒါကိုကြိုက်သလိုသွားလို့မရဘူး တစ်ဦးတစ်ယောက်ယောက်ရဲ့ နှစ်နိုင်ငံကုန်သွယ်ခွင့်လိုင်စင်နဲ့သွားရမယ် အဲလိုမျိုးအစီစဉ်ရှိတာကြောင့် ခုလိုပိတ်လိုက်တာလို့သိရတယ်” ဟု ဦးဇိုးဒင့်နာကပြောသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်ကို မည်သည့်အချိန်၌ ပြန်ဖွင့်ပေးမည်ကို မသိနိုင်ဘဲ (၂)လ၊ (၃) လ ကြာအထိ ပိတ်ပင်ပါက နယ်စပ်ကုန်သွယ်ရေးပါထိခိုက်လာနိုင်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးကိုအားကိုး၍ နေစဉ်နှင့်အမျှ အလုပ်လုပ်ကိုင်နေကြသော အခြေခံပြည်သူများအတွက် ထိခိုက်နစ်နာမှုရှိလာနိုင်မည်ဟု ၎င်းကဆက်ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.