Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိႏိၵယ-ျမန္မာ ေငြလွဲႏႈန္းထိုးက်၊ ျမန္မာကုန္သည္မ်ားအခက္ႀကံဳ

အိႏိၵယ-ျမန္မာ ေငြလွဲႏႈန္းထိုးက်၊ ျမန္မာကုန္သည္မ်ားအခက္ႀကံဳ

0
By Editor on March 10, 2020 Khonumthung

#Zawgyi

By လားႏြန္ – အိႏိၵယ-ျမန္မာေငြလဲႏႈန္း တရွိန္ထိုး ထိုးက်ေနသည့္အတြက္ေၾကာင့္ ခ်င္းျပည္နယ္၊ ရိ-ဇိုေခါထာရ္ ကုန္သြယ္ေရးလမ္းေၾကာင္းကိုအသံုးျပဳ အိႏိၵယႏုိင္ငံ၊ မီဇိုရမ္ျပည္နယ္သို႔ ကူးသန္းေရာင္း၀ယ္ေနၾကသည့္ ျမန္မာကုန္သည္မ်ား အခက္ၾကံဳေနၾကရသည္ဟု သိရသည္။

အိႏိၵယေငြေစ်းႏႈန္းသည္ ယခုရက္ပိုင္းအတြင္း ထုိးက်လ်က္ရွိကာ ယခင္က (၁) ရူပီး (၁၉) က်ပ္ေပါက္ေစ်းမွ ယခုအခါ (၁) ရူပီး (၁၅) က်ပ္အထိ ထိုးက်သြားသည့္အတြက္ ျမန္မာကုန္သည္မ်ားအတြက္ တြက္ေျခမကိုင္ေတာ့ဘဲ ရပ္နားထားရသည့္ အေျခအေနျဖစ္ေနသည္ဟု ရိေခါဒါရ္ၿမိဳ႕အမွတ္ (၂) ရပ္ကြက္တြင္ေနထုိင္သည့္ ကုန္သည္ Awmtea ကေျပာသည္။

“က်ေနာ္တို႔ Export သမားေတြအတြက္အားလံုးရပ္သြားျပီ၊ ေငြလွဲႏႈန္းနဲ႔က်ေတာ့ ဘယ္လိုမွမကိုက္ေတာ့လို႔ ေရာင္း၀ယ္တာ ရပ္သြားျပီ၊ ကုန္သည္ေတာ္ေတာ္မ်ားမ်ားကေတာ့ ရပ္သြားျပီ” ဟု Awmtea ကေျပာသည္။

ယခုကဲ့သို႔ အိႏိၵယေငြေစ်းႏႈန္း ထုိးက်ရသည့္အေၾကာင္းရင္းကို တိတိက်က်မသိရေသာ္လည္း ကမၻာတစ္၀န္းျဖစ္ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္၏ စီးပြားရိုက္ခတ္မႈႏွင့္ ေဒၚလာေစ်းက်ဆင္းမႈေၾကာင့္ျဖစ္ႏိုင္သည္ဟု ၎ကဆက္ေျပာသည္။

ေငြလွဲႏႈန္းက်ဆင္းမႈေၾကာင့္ ေငြလဲလွယ္သည့္လုပ္ငန္း လုပ္ကိုင္ေနၾကသူမ်ားလည္း ယခင္အပတ္ကစ၍ ရပ္နားထားၾကၿပီး မီဇိုရမ္္ျပည္နယ္ႏွင့္ ကေလးၿမိဳ႕အၾကား ေငြလႊဲသည့္လုပ္ငန္းမ်ားလည္း ရပ္ဆိုင္းထားရသည္ဟု သိရသည္။

“အခုတေလာေတာ့ ရပ္နားထားတာ၊ ေငြေစ်းႏႈန္းအရမ္းက်တာေၾကာင့္ေပါ့ေနာ္၊ ဘယ္လိုသတ္မွတ္မလဲေတာင္ မသိရဘူး၊ အခုလည္း ဘယ္ေလာက္က်လဲ၊ ဘယ္ေလာက္ရိွလဲဆိုတာလည္း မသိဘူး” ဟု ေငြလႊဲလုပ္ငန္းလုပ္ကိုင္ေနသူ ေဒသခံတစ္ဦးကေျပာသည္။

ယခုလက္ရွိ ကမၻာတစ္၀န္းတြင္ျဖစ္ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အိႏိၵယ-ျမန္မာအမွတ္ (၁) တမူး-မိုးေလး ကုန္သြယ္ေရးဂိတ္ကို မဏိပူရ္ျပည္နယ္အစိုးရက ယမန္ေန႔စ၍ ပိတ္ပင္လိုက္ၿပီး  ရိ-ဇိုေခါထာရ္ ကုန္သြယ္ေရးဂိတ္ကိုလည္း မီဇိုရမ္ျပည္နယ္အစိုးရက မၾကာခင္ရက္ပိုင္းအတြင္း ပိတ္ထားဖြယ္ရွိသည္ဟု သိရသည္။

အိႏိၵယ-ျမန္မာအမွတ္(၂) နယ္စပ္ကုန္သြယ္ေရး ရိ-ဇိုေခၚထာရ္ကုန္သြယ္ေရးလမ္းေၾကာင္းသည္ ခ်င္းလူမ်ဴိးအမ်ားစု အဓိကအသံုးျပဳသည့္လမ္းေၾကာင္းျဖစ္ၿပီး တရုတ္၊ ထိုင္း စသည့္ႏုိင္ငံမ်ားမွထုတ္ကုန္မ်ားကို အဆိုပါလမ္းေၾကာင္းမွတဆင့္ အိႏိၵယႏုိင္ငံ၊ မီဇိုရမ္ျပည္နယ္သို႔ ကူးသန္းေရာင္း၀ယ္လ်က္ရွိၾကသည္။

#Unicode

By လားနွန် – အိန္ဒိယ-မြန်မာငွေလဲနှုန်း တရှိန်ထိုး ထိုးကျနေသည့်အတွက်ကြောင့် ချင်းပြည်နယ်၊ ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးလမ်းကြောင်းကိုအသုံးပြု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကူးသန်းရောင်းဝယ်နေကြသည့် မြန်မာကုန်သည်များ အခက်ကြုံနေကြရသည်ဟု သိရသည်။

အိန္ဒိယငွေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ထိုးကျလျက်ရှိကာ ယခင်က (၁) ရူပီး (၁၉) ကျပ်ပေါက်ဈေးမှ ယခုအခါ (၁) ရူပီး (၁၅) ကျပ်အထိ ထိုးကျသွားသည့်အတွက် မြန်မာကုန်သည်များအတွက် တွက်ခြေမကိုင်တော့ဘဲ ရပ်နားထားရသည့် အခြေအနေဖြစ်နေသည်ဟု ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် ကုန်သည် Awmtea ကပြောသည်။

“ကျနော်တို့ Export သမားတွေအတွက်အားလုံးရပ်သွားပြီ၊ ငွေလှဲနှုန်းနဲ့ကျတော့ ဘယ်လိုမှမကိုက်တော့လို့ ရောင်းဝယ်တာ ရပ်သွားပြီ၊ ကုန်သည်တော်တော်များများကတော့ ရပ်သွားပြီ” ဟု Awmtea ကပြောသည်။

ယခုကဲ့သို့ အိန္ဒိယငွေဈေးနှုန်း ထိုးကျရသည့်အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရိုက်ခတ်မှုနှင့် ဒေါ်လာဈေးကျဆင်းမှုကြောင့်ဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

ငွေလှဲနှုန်းကျဆင်းမှုကြောင့် ငွေလဲလှယ်သည့်လုပ်ငန်း လုပ်ကိုင်နေကြသူများလည်း ယခင်အပတ်ကစ၍ ရပ်နားထားကြပြီး မီဇိုရမ်ပြည်နယ်နှင့် ကလေးမြို့အကြား ငွေလွှဲသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းထားရသည်ဟု သိရသည်။

“အခုတလောတော့ ရပ်နားထားတာ၊ ငွေဈေးနှုန်းအရမ်းကျတာကြောင့်ပေါ့နော်၊ ဘယ်လိုသတ်မှတ်မလဲတောင် မသိရဘူး၊ အခုလည်း ဘယ်လောက်ကျလဲ၊ ဘယ်လောက်ရှိလဲဆိုတာလည်း မသိဘူး” ဟု ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ-မြန်မာအမှတ် (၁) တမူး-မိုးလေး ကုန်သွယ်ရေးဂိတ်ကို မဏိပူရ်ပြည်နယ်အစိုးရက ယမန်နေ့စ၍ ပိတ်ပင်လိုက်ပြီး  ရိ-ဇိုခေါထာရ် ကုန်သွယ်ရေးဂိတ်ကိုလည်း မီဇိုရမ်ပြည်နယ်အစိုးရက မကြာခင်ရက်ပိုင်းအတွင်း ပိတ်ထားဖွယ်ရှိသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ရိ-ဇိုခေါ်ထာရ်ကုန်သွယ်ရေးလမ်းကြောင်းသည် ချင်းလူမျိူးအများစု အဓိကအသုံးပြုသည့်လမ်းကြောင်းဖြစ်ပြီး တရုတ်၊ ထိုင်း စသည့်နိုင်ငံများမှထုတ်ကုန်များကို အဆိုပါလမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကူးသန်းရောင်းဝယ်လျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.