Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အောက်တိုဘာ ပထမပတ်အတွင်း စစ်တပ်မှ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ စစ်သုံ့ပန်း ၂၂ ဦးအထိ ရှိရာ ချင်းမှ ၁၇ ဦး ပါဝင်

အောက်တိုဘာ ပထမပတ်အတွင်း စစ်တပ်မှ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ စစ်သုံ့ပန်း ၂၂ ဦးအထိ ရှိရာ ချင်းမှ ၁၇ ဦး ပါဝင်

0
By Editor on October 12, 2026 Headline

(006SV)

အောက်တိုဘာလ၏ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်းအဖြစ် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ ဦးအထိ ရှိပြီး ၁၇ ဦးမှာ ချင်းပြည်မှ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားသော မှတ်တမ်းများအရ ယခုလ ပထမပတ်အတွင်း အလင်းဝင် ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦး ရှိကြောင်း ယနေ့ အောက်တိုဘာလ ၁၂ ရက်မှာ ပြေးဟပရောဂျက် ယခုတစ်ပတ် အစီအစဉ်ကနေ ထုတ်ပြန်သည်။

တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၅ ဦး ရှိပြီး ၊ မကွေးတိုင်းမှ ၂ ဦးနှင့် စစ်ကိုင်းတိုင်းမှ ၃ ဦးတို့ ဖြစ်ကာ ၎င်းတို့အနက်မှ ၁ ဦးသည် စစ်မှုထမ်းတပ်သားသစ် ဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁၇ ဦးမှာ ချင်းပြည်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် ၁၆ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်ဟု ပြည်သူ့ပန်းတိုင်ထံမှ သိရသည်။

မေလလယ်မှ စတင်၍ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ အင်အား ထောင်ချီဖြင့် ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးပူးပေါင်းတပ်များနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီး ထိုးစစ်တန့်နေချိန်တွင် စက်တင်ဘာလနှောင်းပိုင်းမှစတင်၍ ကျင်ဒွေးမြို့သို့ ဦးတည်၍လည်း အင်အားရာချီဖြင့် စစ်မျက်နှာသစ် ထပ်တိုးရင်း ထိုးစစ်ဆင်နေကြောင်း သိရသည်။

ကျင်ဒွေးမြို့၊ မဆာတွီရွာမှာ အောက်တိုဘာလဆန်းပိုင်းက တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခြင်း၊ သေဆုံးရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်းများ ရှိကြောင်း သတင်းရင်းမြစ်တချို့နှင့် မှတ်တမ်းဓါတ်ပုံများအရ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ၎င်းတို့၏ စည်းစိမ်နှင့် အာဏာကို ကာကွယ်ဖို့ရန် ပြည်သူ့အသက်များကို အဆုံးထိ ချနင်းဖို့ ဆုံးဖြတ်ထားကြောင်း သက်သေပြနေပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“စစ်မှုထမ်းမဲပေါက်ထားရင် တက္ကသိုလ်ကျောင်းသားလည်း စစ်မှုထမ်းရပါတော့မယ်။ လူငယ်တွေ အသက်ရှင်သန်ဖို့ အရေး “ပစ”ဖြစ်မှ ပြေးမလား၊ အခုကတည်းက လွတ်မြောက်နယ်မြေရောက်အောင်သွားမလား၊ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတော့တာ သေချာနေပါပြီ” ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

၂၀၂၅ ဇန်နဝါရီလမှ ၂၀၂၆ အောက်တိုဘာလ ပထမပတ်အထိ စစ်ကောင်စီတပ်ဖွဲ့မှ အလင်းဝင် ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၀၅၉ ဦးအထိ ရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

November 13, 2026

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

November 13, 2026

ZCDF- Zo Army ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း

November 12, 2026

၃ နှစ်ကျော်စစ်ရှောင်သော စက္ကန့်ကျေးရွာပြည်သူတချို့နေရပ်ပြန်၊ နေအိမ်အများစုမီးလောင်ပြာကျသည့်အတွက် ယာယီတဲထိုးကာ နေထိုင်ကြရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.