Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဦးမောင်းဟာအနေဖြင့် ဖခင်ဦးဝမ္မသူးမောင်း၏ ဂုဏ်သိက္ခာကို ထောက်ရှုပြီး စစ်ကောင်စီအဖွဲ့ဝင်တွင် မပါဝင်ရန် မင်းတပ်သပိတ်အဖွဲ့မှ အိတ်ဖွင့်စာ ပေးပို့

ဦးမောင်းဟာအနေဖြင့် ဖခင်ဦးဝမ္မသူးမောင်း၏ ဂုဏ်သိက္ခာကို ထောက်ရှုပြီး စစ်ကောင်စီအဖွဲ့ဝင်တွင် မပါဝင်ရန် မင်းတပ်သပိတ်အဖွဲ့မှ အိတ်ဖွင့်စာ ပေးပို့

0
By Editor on February 24, 2021 Khonumthung
#Unicode
အာဏာသိမ်း တပ်မတော်မှ ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အနေဖြင့်ပါဝင်သော ဦးမောင်းဟာအနေဖြင့် ဖခင်ဖြစ်သူ ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ ဂုဏ်သိက္ခာကို ထောက်ရှုပြီး စစ်ကောင်စီအဖွဲ့တွင် မပါဝင်ရန် မင်းတပ်မြို့နယ် သပိတ်အဖွဲ့မှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်းသိရသည်။
ဦးမောင်းဟာသည် ဖခင်၏ ဂုဏ်သိက္ခာအား ထောက်ညှာမှုမရှိဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ၃ ရပ်အား လက်နက်ပြသိမ်းပိုက်ခဲ့သော မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်း စစ်ကောင်စီတွင် တာဝန်ထမ်း ဆောင်နေသဖြင့် ဦးမောင်းဟာ၏ လုပ်ရပ်အပေါ် မင်းတပ်မြို့သပိတ်အဖွဲ့အနေဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြခြင်းဖြစ်သည်။
မင်းတပ်မြို့နယ် သပိတ်အဖွဲ့ဝင် ကိုမာန်အွမ်က “ ကျွန်တော်တို့ ချင်းပြည်ရဲ့သမိုင်းမှာ ဦးမောင်းဟာရဲ့ ဖခင်ဖြစ်တဲ့ ဦးဝမ္မသူးမောင်းကိုယ်တိုင်က တိုက်သူကြီးအဖြစ် ခန့်အပ်တဲ့စာကို ပြန်ပေးပြီး ကန်ပလက်တာဘာပွဲမှာ အရင်ဦးဆုံး CDM စလုပ်ခဲ့တဲ့သူဖြစ်တယ်၊ ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ ဦးမောင်းဟာကိုယ်တိုင်က အာဏာသိမ်း ကောင်စီမှာ ပူးပေါင်းဝင် ရောက်ပြီးမှ ဆောင်ရွက်နေတဲ့ကိစ္စတွေမှာ ကျွန်တော်တို့က မကြိုက်လို့၊ သူ့အနေနဲ့ အခုလုပ်ရပ်တွေကို ဆက်မလုပ်တော့ ဘဲ သူ့ကို ပေးထားတဲ့ရာထူးတွေကိုထားခဲ့ပြီးမှ ကျွန်တော်တို့နဲ့ တသားတည်းပြန်ပြီးတော့မှ ရပ်တည်ပေးဖို့ လိုချင်လို့ ကျွန်တော်တို့ အိတ်ဖွင့်ပေးစာရေး တာပါ” ဟု ပြောသည်။
ဦးမောင်းဟာသည် မိမိလူမျိုး၏ ဂုဏ်သိက္ခာ၊ ဖခင်၏ သမိုင်းဂုဏ်ရောင်တို့အား ထောက်ညှာမှုမရှိ သော လုပ်ရပ်ဖြစ်သည့် မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်း စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေခြင်းကို အချိန်မှီ ရပ်တန့်ရန်၊ အာဏာသိမ်း စစ်ကောင်စီတွင် ဆက်လက်တာ ဝန်ထမ်း ဆောင်ခြင်းမပြုရန်၊ အကယ်၍ ဆက်လက်တာဝန်ထ မ်းဆောင်ပါက မိမိတို့လေးစား ဦးညွှတ်ရသော ဦးဝမ္မသူးမောင်းအား ဂုဏ်သိက္ခာငြိုးငယ်အောင် ပြုလုပ်သူ၊ ချင်းလူမျိုးအား သစ္စာဖောက်သူ အဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံးချသွားမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင်ရေးသားဖော်ပြထားသည်။ 
တပ်မတော်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် နိ်ုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည့်အဖွဲ့ဝင် ဖြည့်စွက် စာရင်းတွင် မင်းတပ်မြို့နယ် ဝမ္မသူးရွာမှ ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူး​မောင်း၏သား ဦးမောင်းဟာအား ကော်မတီဝင်အြ ဖစ်ပါဝင်လာခြင်းဖြစ်သည်။
#Zawgyi
အာဏာသိမ္း တပ္မေတာ္မွ ဖြဲ႕စည္းသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ အဖြဲ႔ဝင္အေနျဖင့္ပါဝင္ေသာ ဦးေမာင္းဟာအေနျဖင့္ ဖခင္ျဖစ္သူ ခ်င္းေတာ္လွန္ေရးေခါင္းေဆာင္ ဦးဝမၼသူးေမာင္း၏ ဂုဏ္သိကၡာကို ေထာက္ရႈၿပီး စစ္ေကာင္စီအဖြဲ႕တြင္ မပါဝင္ရန္ မင္းတပ္ၿမိဳ႕နယ္ သပိတ္အဖြဲ႕မွ အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့ေၾကာင္းသိရသည္။
ဦးေမာင္းဟာသည္ ဖခင္၏ ဂုဏ္သိကၡာအား ေထာက္ညႇာမႈမရွိဘဲ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ ၃ ရပ္အား လက္နက္ျပသိမ္းပိုက္ခဲ့ေသာ ျမန္မာ့တပ္မေတာ္ႏွင့္ ပူးေပါင္းေဆာင္ရြက္ၿပီး အာဏာသိမ္း စစ္ေကာင္စီတြင္ တာဝန္ထမ္း ေဆာင္ေနသျဖင့္ ဦးေမာင္းဟာ၏ လုပ္ရပ္အေပၚ မင္းတပ္ၿမိဳ႕သပိတ္အဖြဲ႕အေနျဖင့္ ျပင္းထန္စြာရႈံ႕ခ်ေၾကာင္း ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က အိတ္ဖြင့္ေပးစာေပးပို႔ခဲ့ၾကျခင္းျဖစ္သည္။
မင္းတပ္ျမဳိ႕နယ္ သပိတ္အဖြဲ႔ဝင္ ကုိမာန္အြမ္က “ ကြ်န္ေတာ္တုိ႔ ခ်င္းျပည္ရဲ႕သမုိင္းမွာ ဦးေမာင္းဟာရဲ႕ ဖခင္ျဖစ္တဲ့ ဦးဝမၼသူးေမာင္းကုိယ္တုိင္က တိုက္သူႀကီးအျဖစ္ ခန္႔အပ္တဲ့စာကို ျပန္ေပးၿပီး ကန္ပလက္တာဘာပြဲမွာ အရင္ဦးဆုံး CDM စလုပ္ခဲ့တဲ့သူျဖစ္တယ္၊ ဒီလုိမ်ဳိးလုပ္ေနတဲ့အခ်ိန္မွာ ဦးေမာင္းဟာကုိယ္တုိင္က အာဏာသိမ္း ေကာင္စီမွာ ပူးေပါင္းဝင္ ေရာက္ျပီးမွ ေဆာင္ရြက္ေနတဲ့ကိစၥေတြမွာ ကြ်န္ေတာ္တုိ႔က မၾကဳိက္လုိ႔၊ သူ႔အေနနဲ႔ အခုလုပ္ရပ္ေတြကုိ ဆက္မလုပ္ေတာ့ ဘဲ သူ႔ကုိ ေပးထားတဲ့ရာထူးေတြကိုထားခဲ့ျပီးမွ ကြ်န္ေတာ္တုိ႔နဲ႔ တသားတည္းျပန္ျပီးေတာ့မွ ရပ္တည္ေပးဖုိ႔ လုိခ်င္လို႔ ကြ်န္ေတာ္တုိ႔ အိတ္ဖြင့္ေပးစာေရး တာပါ။” ဟု ေျပာသည္။
ဦးေမာင္းဟာသည္ မိမိလူမ်ဳိး၏ ဂုဏ္သိကၡာ၊ ဖခင္၏ သမုိင္းဂုဏ္ေရာင္တုိ႔အား ေထာက္ညႇာမႈမရွိ ေသာ လုပ္ရပ္ျဖစ္သည့္ ျမန္မာ့ တပ္မေတာ္ႏွင့္ ပူးေပါင္းေဆာင္ရြက္ျပီး အာဏာသိမ္း စစ္ေကာင္စီတြင္ တာဝန္ထမ္းေဆာင္ေနျခင္းကုိ အခ်ိန္မွီ ရပ္တန္႔ရန္၊ အာဏာသိမ္း စစ္ေကာင္စီတြင္ ဆက္လက္တာ ဝန္ထမ္း ေဆာင္ျခင္းမျပဳရန္၊ အကယ္၍ ဆက္လက္တာဝန္ထ မ္းေဆာင္ပါက မိမိတုိ႔ေလးစား ဦးညႊတ္ရေသာ ဦးဝမၼသူးေမာင္းအား ဂုဏ္သိကၡာျငဳိးငယ္ေအာင္ ျပဳလုပ္သူ၊ ခ်င္းလူမ်ဳိးအား သစၥာေဖာက္သူ အျဖစ္ ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈံးခ်သြားမည္ျဖစ္ေၾကာင္း အိတ္ဖြင့္ေပးစာတြင္ေရးသားေဖာ္ျပထားသည္။
တပ္မေတာ္သည္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အရပ္သားအစိုးရထံမွ အာဏာသိမ္းယူလိုက္ၿပီးေနာက္ ႏိ္ုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီကိုဖြဲ႔စည္းလိုက္ၿပီး ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ထုတ္ျပန္လိုက္သည့္အဖြဲ႔၀င္ ျဖည့္စြက္ စာရင္းတြင္ မင္းတပ္ျမဳိ႕နယ္ ဝမၼသူးရြာမွ ခ်င္းေတာ္လွန္ေရးေခါင္းေဆာင္ ဦးဝမၼသူး​ေမာင္း၏သား ဦးေမာင္းဟာအား ေကာ္မတီဝင္အျ ဖစ္ပါ၀င္လာျခင္းျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.