Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဘောလုံးကွင်းတွင် Shopping Mall တည်ဆောက်မည့် အစိုးရစီမံကိန်းကို လူငယ်များကန့်ကွက်

ဘောလုံးကွင်းတွင် Shopping Mall တည်ဆောက်မည့် အစိုးရစီမံကိန်းကို လူငယ်များကန့်ကွက်

0
By Editor on February 4, 2020 Khonumthung

By လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ရာလ်မှုန်းဘောလုံးကွင်းတည်နေရာတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ Shopping Mall (ဈေးကုန်တိုက်) တည်ဆောက်မည့်စီမံကိန်းကို မြို့သစ်ရပ်ကွက်လူငယ်များက ဆန့်ကျင်ကန့်ကွက်ကြသည်။

ချင်းလူငယ်အဖွဲ့ (ဟားခါး) ဥက္ကဌ ဆလိုင်းဗန်ကျင်ထန်းက “ဘောလုံးကွင်းမှာတည်ဆောက်ရမယ့် စီမံကိန်းဖြစ်တဲ့အခါကျတော့ လူငယ်တွေကအဓိကကန့်ကွက်တာပေါ့၊ ဘောလုံးကွင်းမဟုတ်ဘဲနဲ့ တခြားနေရာမှာဆောက်လို့ရှိရင် ပိုသင့်တော်တာပေါ့ ဟားခါးမြို့မှာမြေကွက်က အများကြီးရှိပါတယ် စီမံကိန်းချတဲ့ မြေဧက ၁၀၀ ဧက ၆၀၀ လည်းရှိတယ် သူတို့စီမံကိန်းချတဲ့မြေနေရာအများကြီးရှိပါတယ် ဒီလိုရှိရဲ့သားနဲ့ ဘောလုံးကွင်းပေါ်မှာ တည်ဆောက်ရမယ် ဆိုတာကတော့ လက်တွေ့မကြဘူး ဒါကြောင့် လူငယ်တွေက ကန့်ကွက်တာပါ’’ ဟု ပြောသည်။

ဟားခါးမြို့သစ်လူငယ်များအနေဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ Shopping Mall တည်ဆောက်မည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်နေခြင်းမဟုတ်ဘဲ လူငယ်များကစားရာနေရာ ဘောလုံးကွင်းတွင် တည်ဆောက်မည့်ကိစ္စကိုသာ ကန့်ကွက်ခြင်းဖြစ်ပြီး အခြားသောမြေနေရာတွင်တည်ဆောက်ပေးစေချင်ကြခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ (၂၉) ရက်နေ့ကလည်း ချင်းပြည်နယ် စည်ပင်ဝန်ကြီးအပါအဝင် သက်ဆိုင်ရာအကြီးအကဲများနှင့် မြို့သစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ ရလာဒ်မထွက်ပေါ်ခဲ့ဘဲ နောက်ထပ်ညှိုနှိုင်းမှုများထပ်မံပြုလုပ်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ကျနော်တို့လူငယ်နဲ့ အဲဒီမြို့မိမြို့ဖအဖွဲ့တွေအားလုံးတိုင်ပင်ဖို့ အစည်းအဝေးလုပ်ဖို့ ဆွေးနွေးထားတာ အဲဒါဆိုတော့ ကျနော်တို့ ဒီလကုန်ခါနီးမှ ကျနော်တို့က သူတို့နဲ့ပြန်တွေ့မယ် ဟိုတလောကတွေ့တဲ့ထိတော့ ညှို့နှိုင်းလို့ဆဲ နောက်တ စ်ချိန်ကျနော်တို့ ညှို့နှိုင်းအုံးမယ် ညှို့နှိုင်းလို့အဆင်ပြေရင်တော့ အဲဒါကျမှ ဆောက်လုပ်မယ် ညှို့နှိုင်းမှုအဆင်မပြေရင်တော့ ကျနော်တို့မလုပ်တော့ဘူး၊ ကျနော်တို့ ဘောလုံးကွင်းအစားထိုးလုပ်ပေးမယ်လို့ ကျနော်တို့လျာထားပြီးသား အဲဒါလည်းကျနော်တို့ရှင်းပြပြီးပြီ၊ ဒီဘောလုံးကွင်းတစ်ကွင်း ပျောက်သွားစရာလည်းမရှိဘူး၊ နေရာကတော့ Shopping mall ဖြစ်တဲ့အတွက် ဒီလမ်းမကြီးပေါ်မှ အဆင်ပြေမှာလေ Shopping Mall ကို ချောင်ကြိုချောင်ကြားမှာသွားဆောက်လို့မရဘူးလေ” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

အဆိုပါ Shopping mall ကို ပြည်နယ်ဘတ်ဂျက်ဖြင့် တည်ဆောက်မည်မဟုတ်ဘဲ Developer နယ်မြေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သူ (သို့) (ကုမ္ပဏီ) မှ ဘတ်ဂျက် ၂၈ ဘီလီယံအကုန်ကျခံမည့်စီမံကိန်းဖြစ်ကာ မိမိတို့ဘက်မှ ကြိုဆိုသင့်ကြောင်း ၀န်ကြီးဆက်ပြောသည်။

Shopping Mall ဆောက်လုပ်ရန်လျာထားသည့် နေရာသည် ဟားခါးမှ ဖလမ်း၊ ထန်တလန်ဖက်ကိုသွားသည့် နေရာတွင်ရှိသည့် ရာလ်မှုန်းအားကစားကွင်းဧရိယာဖြစ်သည်။

Photo credit – CW

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.