Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ေရြးေကာက္ပြဲမဲရံု၀န္ထမ္းမ်ားတြင္ မသန္စြမ္းသူမ်ားကိုလည္း ခန္႔အပ္တာ၀န္ေပးမည္ဟုဆို

ေရြးေကာက္ပြဲမဲရံု၀န္ထမ္းမ်ားတြင္ မသန္စြမ္းသူမ်ားကိုလည္း ခန္႔အပ္တာ၀န္ေပးမည္ဟုဆို

0
By Editor on February 7, 2020 Khonumthung

Zawgyi

By လားႏြန္ – ယခုႏွစ္၊ ၂၀၂၀ တြင္က်င္းပျပဳလုပ္မည့္ အေထြေထြေရြးေကာက္ပြဲႀကီးတြင္ မသန္စြမ္းသူမ်ားမဲေပးႏုိင္ေရး အဆင္ေျပေစရန္အတြက္ မဲရံု၀န္ထမ္းမ်ားတြင္ မသန္စြမ္းသူမ်ားကိုလည္း ခန္႔အပ္သြားရန္စီစဥ္ထားေၾကာင္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။

“အဓိကေတာ့ တကယ္လို႔ မဲရံုမွာသာ သူတို႔၀န္ထမ္းအဆင့္ တာ၀န္ထမ္းေဆာင္မယ္ဆိုရင္  မသန္စြမ္းေတြလည္း မဲရံုကို ပိုလာခ်င္ေတာ့မွာေပါ့၊ ကိုယ့္မသန္စြမ္းေတာင္မွ မဲရံုမွာတာ၀န္ထမ္းေဆာင္တာ ငါတို႔လည္း မဲရံုမွာေတာ့ မဲသြားေပးရမယ္၊ အဲဒီလိုသြားေပးတာေတာ့ ဘာမွျပသနာမရိွေလာက္ေတာ့ဘူး၊ သူတို႔အတြက္ ပိုအားရိွသြားမွာေပါ၊့ လက္ရိွကေတာ့ ဘာေၾကာင့္မဲေပးသင့္သလဲတို႔၊ မသန္စြမ္းမဲဆႏၵရွင္အျဖစ္ ပါ၀င္သင့္တဲ့အေၾကာင္းေတြ ေဆြးေႏြးထားတယ္၊ နီးလာရင္ေတာ့ ထပ္ျပီးေတာ့ ေတြ႕ဆံုပြဲေတြ၊ ေဆြးေႏြးမႈေတြ လုပ္ျပီးျပီဆိုေတာ့ အဲဒါေတြ မျဖစ္မေနလုပ္ရမယ္၊ သူတို႔ပါ၀င္လာရင္ ေကာင္းမယ္ဆိုျပီးေတာ့ တာ၀န္ေပးတာေတာ့ ပိုေကာင္းတာေပါ့” ဟု ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။

ထို႔အျပင္ ေရြးေကာက္ပြဲတြင္ မသန္စြမ္းသူမ်ားအား မဲေပးပိုင္ခြင့္ မဆံုးရံႈးရန္ႏွင့္ ကိုယ္တိုင္ကိုယ္က် မဲေပးႏိုင္ရန္လည္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္  ေတြ႔ဆံုေဆြးေႏြပြဲမ်ားျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

မသန္စြမ္းသူမ်ား အေျခခံမဲစာရင္းေကာက္ရာတြင္ မသန္စြမ္း (၄) မ်ိဳးထဲမွ အမ်ိဳးအစားအလုိက္ ထင္ထင္ရွားရွား ထည့္သြင္းေရးထားျပီး မဲရံုေတြမွာလည္း သြားလာလြယ္ကူေစရန္ ျပင္ဆင္မႈမ်ားျပဳလုပ္ထားမည္ျဖစ္ကာ ခ်င္းျပည္နယ္တစ္ျပည္နယ္လံုးတြင္ မသန္စြမ္းသူမ်ားကို ၀န္ထမ္းအဆင့္ တာ၀န္ထမ္းေဆာင္ႏိုင္ရန္ ေဆာင္ရြက္ေနေၾကာင္းလည္း အတြင္းေရးမွဴး ဦးလင္းေက်ာ္မွ ဆက္ေျပာသည္။

အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္ျပီး ကေလးျမိဳ႕အေျခစိုက္ မသန္စြမ္းဖြံ႔ျဖိဳးေရးေရွ႕ေဆာင္အဖြဲ႔ဒါရိုက္တာ ကိုေယာရႈက “၀န္ထမ္းအေနနဲ႔ အသံုးျပဳမွာကိုေတာ့ ၾကိဳဆိုပါတယ္၊ အရမ္းေကာင္းတယ္၊ သူတို႔၀န္ထမ္းပဲခန္႔လို႔ရိွရင္ ၾကီးၾကပ္တဲ့အပုိင္းမွာဆိုရင္ေတာ့ မသန္စြမ္းသူေတြမဲေပးႏိုင္ဖို႔ အဆင္ေျပမႈ ရွိခ်င္မွရွိမယ္၊ သူတို႔ခန္႔ထားတဲ့ မသန္စြမ္းသူပဲ သူတို႔အသံုးျပဳဖို႔ဆိုရင္ေတာ့ လံုေလာက္မွာမဟုတ္ဘူး၊ အျပင္က ၀န္ထမ္းမဟုတ္တဲ့ မသန္စြမ္းသူေတြ၊ အဖြဲ႕အစည္းေတြေရာ မသန္စြမ္းမႈဆိုင္ရာနဲ႔ပတ္သက္ျပီးေတာ့ ကၽြမ္းက်င္ပညာရွင္ေတြ သူတို႔နဲ႔ ေဆြးေႏြးညိွဳႏႈိင္းဖို႔ရန္အတြက္လည္း ပိုျပီးေတာ့လိုအပ္မယ္၊ ကၽြမ္းက်င္တဲ့သူေတြနဲ႔ အဲလိုမ်ိဳး ေဆြးေႏြးညိွဳႏိႈင္းလို႔ရိွရင္ေတာ့ ပိုပိုျပီးေတာ့ သူတို႔လုပ္ေဆာင္တဲ့အရာေတြကို မသန္စြမ္းအားလံုးအတြက္ျခံဳငံုတဲ့ အရာျဖစ္လာမယ္” ဟု ေျပာသည္။

မသန္စြမ္းသူမ်ားမဲေပးႏိုင္ေရး ျမွင့္တင္ႏိုင္ေစရန္ႏွင့္ ပါ၀င္လာႏိုင္ေစရန္ ခ်င္းျပည္နယ္ ျမိဳ႕နယ္ (၅) ျမိဳ႕နယ္၌ မသန္စြမ္းသူမ်ားႏွင့္ေတြ႕ဆံုျပီး ပညာေပးမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။

ယခင္ ၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပြဲတြင္လည္း ခ်င္းျပည္နယ္၊ ထန္တလန္ျမိဳ႕နယ္ရိွ မဲရံုတြင္ မသန္စြမ္းသူမ်ား ၀န္ထမ္းအျဖစ္ တာ၀န္ထမ္းေဆာင္ခြင့္ေပးခဲ့ၾကသည္ဟု ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။

မသန္စြမ္းသူမ်ားအတြက္ မဲစာရင္းေပးရာတြင္ ပိုမိုလြယ္ကူေစရန္ ကြန္ျပဴတာစနစ္ျဖင့္ လုပ္ေဆာင္ထားျပီး (1*, 2*, 3*, 4*) ဆိုျပီးေပးထားကာ (1*) ဆိုပါက ခႏၶာကိုယ္၊ (2*) အျမင္၊ (3*) အၾကား၊ (4*) ဥာဏ္ရည္စသည္ျဖင့္ စာရင္းမ်ားျပဳလုပ္ေပးထားမည္ျဖစ္ေၾကာင္းသိရသည္။ ခ်င္းျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ရံုးစာရင္းအရ ဟားခါးၿမိဳ႕နယ္တြင္ မသန္စြမ္း စုစုေပါင္း (၃၉၄)ဦး၊ ထန္တလန္ၿမိဳ႕နယ္တြင္ (၂၅၀) ဦး၊ ဖလမ္းၿမိဳ႕နယ္တြင္ (၁၆၅)ဦး၊ တီးတိန္ၿမိဳ႕နယ္တြင္ (၆၆၂)ဦး၊ တြန္းဇံၿမိဳ႕နယ္တြင္ စုစုေပါင္း (၂၄၅)ဦး၊ မင္းတပ္ၿမိဳ႕နယ္တြင္ (၁၆၅)ဦး၊ ကန္ပက္လက္ၿမိဳ႕နယ္တြင္ (၁၂)ဦး၊ မတူပီၿမိဳ႕နယ္တြင္ (၂၄၃)ဦး၊ ပလက္ဝၿမိဳ႕နယ္တြင္ (၇၃၇)ဦး၊ စုစုေပါင္း (၂၈၇၃) ဦးရွိသည္ဟု သိရသည္။

Unicode

By လားနွန် – ယခုနှစ်၊ ၂၀၂၀ တွင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မသန်စွမ်းသူများမဲပေးနိုင်ရေး အဆင်ပြေစေရန်အတွက် မဲရုံဝန်ထမ်းများတွင် မသန်စွမ်းသူများကိုလည်း ခန့်အပ်သွားရန်စီစဉ်ထားကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“အဓိကတော့ တကယ်လို့ မဲရုံမှာသာ သူတို့ဝန်ထမ်းအဆင့် တာဝန်ထမ်းဆောင်မယ်ဆိုရင်  မသန်စွမ်းတွေလည်း မဲရုံကို ပိုလာချင်တော့မှာပေါ့၊ ကိုယ့်မသန်စွမ်းတောင်မှ မဲရုံမှာတာဝန်ထမ်းဆောင်တာ ငါတို့လည်း မဲရုံမှာတော့ မဲသွားပေးရမယ်၊ အဲဒီလိုသွားပေးတာတော့ ဘာမှပြသနာမရှိလောက်တော့ဘူး၊ သူတို့အတွက် ပိုအားရှိသွားမှာပေါ၊့ လက်ရှိကတော့ ဘာကြောင့်မဲပေးသင့်သလဲတို့၊ မသန်စွမ်းမဲဆန္ဒရှင်အဖြစ် ပါဝင်သင့်တဲ့အကြောင်းတွေ ဆွေးနွေးထားတယ်၊ နီးလာရင်တော့ ထပ်ပြီးတော့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးမှုတွေ လုပ်ပြီးပြီဆိုတော့ အဲဒါတွေ မဖြစ်မနေလုပ်ရမယ်၊ သူတို့ပါဝင်လာရင် ကောင်းမယ်ဆိုပြီးတော့ တာဝန်ပေးတာတော့ ပိုကောင်းတာပေါ့” ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးရန်နှင့် ကိုယ်တိုင်ကိုယ်ကျ မဲပေးနိုင်ရန်လည်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  တွေ့ဆုံဆွေးနွေပွဲများပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မသန်စွမ်းသူများ အခြေခံမဲစာရင်းကောက်ရာတွင် မသန်စွမ်း (၄) မျိုးထဲမှ အမျိုးအစားအလိုက် ထင်ထင်ရှားရှား ထည့်သွင်းရေးထားပြီး မဲရုံတွေမှာလည်း သွားလာလွယ်ကူစေရန် ပြင်ဆင်မှုများပြုလုပ်ထားမည်ဖြစ်ကာ ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် မသန်စွမ်းသူများကို ဝန်ထမ်းအဆင့် တာဝန်ထမ်းဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း အတွင်းရေးမှူး ဦးလင်းကျော်မှ ဆက်ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ကလေးမြို့အခြေစိုက် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ဒါရိုက်တာ ကိုယောရှုက “ဝန်ထမ်းအနေနဲ့ အသုံးပြုမှာကိုတော့ ကြိုဆိုပါတယ်၊ အရမ်းကောင်းတယ်၊ သူတို့ဝန်ထမ်းပဲခန့်လို့ရှိရင် ကြီးကြပ်တဲ့အပိုင်းမှာဆိုရင်တော့ မသန်စွမ်းသူတွေမဲပေးနိုင်ဖို့ အဆင်ပြေမှု ရှိချင်မှရှိမယ်၊ သူတို့ခန့်ထားတဲ့ မသန်စွမ်းသူပဲ သူတို့အသုံးပြုဖို့ဆိုရင်တော့ လုံလောက်မှာမဟုတ်ဘူး၊ အပြင်က ဝန်ထမ်းမဟုတ်တဲ့ မသန်စွမ်းသူတွေ၊ အဖွဲ့အစည်းတွေရော မသန်စွမ်းမှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေ သူတို့နဲ့ ဆွေးနွေးညှိုနှိုင်းဖို့ရန်အတွက်လည်း ပိုပြီးတော့လိုအပ်မယ်၊ ကျွမ်းကျင်တဲ့သူတွေနဲ့ အဲလိုမျိုး ဆွေးနွေးညှိုနှိုင်းလို့ရှိရင်တော့ ပိုပိုပြီးတော့ သူတို့လုပ်ဆောင်တဲ့အရာတွေကို မသန်စွမ်းအားလုံးအတွက်ခြုံငုံတဲ့ အရာဖြစ်လာမယ်” ဟု ပြောသည်။

မသန်စွမ်းသူများမဲပေးနိုင်ရေး မြှင့်တင်နိုင်စေရန်နှင့် ပါဝင်လာနိုင်စေရန် ချင်းပြည်နယ် မြို့နယ် (၅) မြို့နယ်၌ မသန်စွမ်းသူများနှင့်တွေ့ဆုံပြီး ပညာပေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယခင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မဲရုံတွင် မသန်စွမ်းသူများ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

မသန်စွမ်းသူများအတွက် မဲစာရင်းပေးရာတွင် ပိုမိုလွယ်ကူစေရန် ကွန်ပြူတာစနစ်ဖြင့် လုပ်ဆောင်ထားပြီး (1*, 2*, 3*, 4*) ဆိုပြီးပေးထားကာ (1*) ဆိုပါက ခန္ဓာကိုယ်၊ (2*) အမြင်၊ (3*) အကြား၊ (4*) ဉာဏ်ရည်စသည်ဖြင့် စာရင်းများပြုလုပ်ပေးထားမည်ဖြစ်ကြောင်းသိရသည်။ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးစာရင်းအရ ဟားခါးမြို့နယ်တွင် မသန်စွမ်း စုစုပေါင်း (၃၉၄)ဦး၊ ထန်တလန်မြို့နယ်တွင် (၂၅၀) ဦး၊ ဖလမ်းမြို့နယ်တွင် (၁၆၅)ဦး၊ တီးတိန်မြို့နယ်တွင် (၆၆၂)ဦး၊ တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၂၄၅)ဦး၊ မင်းတပ်မြို့နယ်တွင် (၁၆၅)ဦး၊ ကန်ပက်လက်မြို့နယ်တွင် (၁၂)ဦး၊ မတူပီမြို့နယ်တွင် (၂၄၃)ဦး၊ ပလက်ဝမြို့နယ်တွင် (၇၃၇)ဦး၊ စုစုပေါင်း (၂၈၇၃) ဦးရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.