Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လောင်စာဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့ လျှပ်စစ်မီးနှင့်ကျောင်းသား/သူများအတွက် စိုးရိမ်နေရ

လောင်စာဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့ လျှပ်စစ်မီးနှင့်ကျောင်းသား/သူများအတွက် စိုးရိမ်နေရ

0
By Editor on March 4, 2020 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လောင်စာဆီပြတ်လပ်မှုကြောင့် မကြာခင်ရက်ပိုင်းအတွင်း လျှပ်စစ်မီးပေးနိုင်တော့မည်မဟုတ်သည့်အတွက် တမြို့လုံးအမှောင်ကျကိန်းဆိုက်နေပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။ 

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဌာနမှ ဒီဇယ်ဆီကို အသုံးပြု၍ လျှပ်စစ်မီးဖြန့်ဖြူးပေးလေ့ရှိသည်။ သို့သော်လည်း ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ အကုန်ပြတ်တောက်သွားပြီး ပလက်ဝမြို့နယ်သို့ စားနပ်ရိက္ခာနှင့် လောင်စာဆီများပြတ်လုနီးပါးဖြစ်ခဲ့ရသည်။ 

ထို့အတွက်ကြောင့် ယခင်က တစ်ရက်လျှင် ၄ နာရီခန့်ဖြန့်ဖြူးပေးသည့် လျှပ်စစ်မီးကို ယခုအခါ ၂ နာရီခန့်သာ ပေးနိုင်တော့သည့်အတွက် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စာကျက်ချိန်နီးပါးပြီး ပညာရေးထိခိုက်မည်ကို စိုးရိမ်နေကြရသည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ 

“ကျနော်တို့ ခါတိုင်းဆိုရင် စာမေးပွဲမဖြေခင်တစ်လလောက်အလိုမှာ ညစာကျက်ဝိုင်းတွေလုပ်ပေးလေ့ရှိတယ်၊ ခုတော့ ညမထွက်ရအမိန့်ကြောင့် စာကျက်ဝိုင်းတွေလည်း လုပ်လို့မရတော့ဘူး၊ ခုဆိုရင် လျှပ်စစ်မီးကလည်း ကြည့်ရတာနည်းသွားပြီ ၇ နာရီနှင့် ၉ နာရီကြားပဲရတာဆိုတော့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူး ကလေးတွေအတွက်တော့ စာဖတ်ချိန်နည်းသွားတာပေါ့ ခါတိုင်းဆိုရင် ကျနော်တို့ ညနေပိုင်းရော မနက်ပိုင်းရောစာမေးပွဲနီးပြီဆိုရင်တော့ ၂ ကြိမ်မီးပေးတယ် ဒီနှစ်က ဆီမရှိတော့ ညပိုင်းလေးတောင် ပုံမှန်မပေးနိုင်တော့ဘူး” ဟု ပညာရေမှူးဆလိုင်းအောင်မင်းကပြောသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် စက်လှေနှင့်မော်တော်ယာဉ်လိုင်းများ မပြေးဆွဲရဲသည့်အတွက် ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်လမ်းများယာယီရပ်ဆိုင်းထားရပြီး ပလက်ဝမြို့နယ်သို့ မည်သည့်ကုန်ပစ္စည်းမျှ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်လကျော်နေပြီဖြစ်သည်။

ထို့ကြောင့် ပလက်ဝမြို့နယ်သည် စားနပ်ရိက္ခာပြတ်လပ်သည့်အပြင် လောင်စာဆီပါမရှိတော့သည့်အတွက် တမြို့လုံးအမှောင်ကျရောက်မည့်အခြေအနေဖြစ်နေသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“အခုကျနော်တို့ လျှပ်စစ်မီးက ၂ နာရီပဲပုံမှန်ရနေတယ် မနက်ဖြန်တစ်ညပဲ ရတော့မယ်လို့ ကြားထားတယ် ပြောကြတယ် တစ်ဘက်ခါဆိုရင်တော့ရတော့မှာမဟုတ်ဘူး ဒါပေမဲ့အခု EPC ကနေ ကြိုးစားနေတယ်လို့သိရတယ်၊ ဘယ်နေ့ဘယ်ရက်မှာရောက်မယ်ဆိုတာတော့မသိဘူး၊ ဒီမှာမြို့နယ်အစီအစဉ်လေးနဲ့ အမှောင်ကြီးမဖြစ်အောင်ဆိုပြီးမှ လုပ်ငန်းရှင်တွေဆီကနေအကူအညီတောင်းပြီးမှ ပေးနေရတဲ့အခြေအနေဖြစ်နေရတယ် အခုလက်ရှိ” ဟု အဆိုပါပလက်ဝဒေသခံကပြောသည်။ 

ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာနှင့်လောင်စာဆီပြတ်လပ်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုး ရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကတော့ အစိုးရအနေဖြင့် စာနပ်ရိက္ခာများထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေသော်လည်း နိုင်ငံတော်အဆင့်မှလုံခြုံရေးမပေးနိုင်သည့်အတွက် မည်သည့်လမ်းကြောင်းကမှ ပလက်ဝသို့ ရိက္ခာများပို့ဆောင်၍ အဆင်မပြေနိုင်ကြောင်း ပြောဆိုပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.